RHENUS ၏ကုန်းတွင်းရေကြောင်းလမ်းဖြင့်ကုန်စည်ပို့ဆော

Rhenus Myanmar ၏ ကုန်စည်ပို့ဆောင်‌‌ရေးဝန်ဆောင်မှုများကို Rhine ရေကန်တွင်စတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာကုန်စည်ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များကို ဒီဇိုင်းဆွဲခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လုပ်ဆောင်လည်ပတ်စေခြင်းတို့ အပါအဝင် ဆိပ်ကမ်းကုန်စည်ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

keyboard_arrow_up
RHENUS - ယုံကြည်စိတ်ချရသောကုန်းတွင်းရေကြေ

RHENUS - ယုံကြည်စိတ်ချရသောကုန်းတွင်းရေကြေ

ကုန်းတွင်းသင်္ဘောဆိပ်ကမ်းများသည် ‌ဒေသတွင်းနှင့် ကမ္ဘာအနှံ့ပို့ဆောင်ရမည့် ကုန်ကြမ်းများ၊ ကုန်ချောများ၊ ကွန်တိန်နာများ သို့မဟုတ် ကြီးမားသောကုန်စည်များကို နောက်ဆိပ်ကမ်းတစ်ခုသို့ကူးပြောင်းဖြတ်သန်းခြင်း၊ ကုန်သိုလှောင်ခြင်းနှင့် နောက်ဆက်တွဲဆက်လက်ပို့ဆောင်ခြင်းတို့အားလုပ်ဆောင်ရာတွင် အရေးကြီးသော ကြားခံများအဖြစ် တည်ရှိပါသည်။ ပြည်ပတွင် ကျွန်ုပ်တို့၏ Supply Chain ဆိုင်ရာအဆောက်အဦးများ အထူးသဖြင့် ကျွန်ုပ်တို့၏ ဆိပ်ကမ်းဂိတ်များနှင့် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးမိတ်ဖက်များကို အသုံးပြုကာ လူကြီးမင်း၏ကုန်စည်များကို ရေကြောင်းဖြင့်ပို့ဆောင်ပေးပါသည်။ လိုအပ်သည့် ကုန်စည်ကောက်ယူမှုနှင့် နောက်ဆုံးဦးတည်ရာနေရာထိကုန်စည်ပေးပို့မှုများကိုလည်း စီမံဆောင်ရွက်ပေးပါသည်။

ကုန်ပစ္စည်းအမျိုးမျိုးအတွက် RHENUS ၏ ဝန်ဆောင်မှုများ

အမှုန့်ဖြစ်စေ၊ အစေ့အဆန်ဖြစ်စေ၊ အစိုင်အခဲဖြစ်စေ ပို့ဆောင်ရေး

Rhenus Myanmar နှင့် ၎င်း၏ ကုန်းတွင်းရေကြောင်းပို့ဆောင်‌ရေးသင်္ဘောများသည် ကုန်ကြမ်းများ၊စိုက်ပျိုးရေးထွက်ကုန်များ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ မဆလာ၊ လောင်စာများ၊ သတ္တုရိုင်းများ စသည်တို့ကို ပို့ဆောင်ပေးလျက်ရှိပါသည်။

ကြီးမားသော၊ လေးလံသော၊ ဝေးလံသော ပို့ဆောင်ရေး

ကျွန်ုပ်တို့သည် လူကြီးမင်းတို့အတွက် အမျိုးမျိုးသောအထွေထွေကုန်ပစ္စည်းများကို ပို့ဆောင်ပေးပါသည်။ ဥပမာအားဖြင့် သံမဏိစက်ရုံများမှ ထုတ်ကုန်များ၊ ကြီးမားလေးလံသော ဆောက်လုပ်ရေး အစိတ်အပိုင်းများနှင့် ခွဲထုတ်စည်အားလုံးကို ပို့ဆောင်ပေးပါသည်။

အသိအမှတ်ပြုလက်မှတ်ရထားသော တိရစ္ဆာန်အစာပို့ဆောင်ရေး

စိုက်ပျိုးရေးထွက်ကုန်များ သယ်ယူပို့ဆောင်ရေးအတွက် အဆင့်မြင့်မားသော GMP+ အသိအမှတ်ပြုလက်မှတ်ကို ရရှိထားပါသည်။ကျွန်ုပ်တို့၏ ကုန်းတွင်းရေကြောင်းရေယာဉ်စုသည် လိုအပ်သော အသိအမှတ်ပြုလက်မှတ်များ ရရှိထားသောကြောင့် ကမ္ဘာအနှံ့ရှိ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ယုံကြည်စိတ်ချရသော ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ လက်တွဲဖော်ဖြစ်ပါသည်။

အညစ်အကြေးကုန်စည်အမျိုးမျိုးအား ကျွမ်းကျင်စွာ ပို့ဆောင်ပေးမှု

ကျွန်ုပ်တို့သည် စွန့်ပစ်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးကို ဥပဒေနှင့်အညီတာဝန်ယူပေးပါသည်။ Rhenus ၏ ရေယာဉ်စုတွင် ဥရောပတိုက်၏ အမှိုက်နှင့် အခြားအန္တရာယ်ရှိသော ပစ္စည်းများ သယ်ယူပို့ဆောင်ရေးဆိုင်ရာလိုအပ်ချက်အားလုံးကို ပြည့်မီသည့် ကုန်းတွင်းရေလမ်းကြောင်း ပို့ဆောင်ရေးသင်္ဘောများရှိပါသည်။ အညစ်အကြေးများတွင် ပမာဏအမျိုးမျိုးရှိသော စွန့်ပစ်သစ်သား၊ ဖန်၊ ညစ်ညမ်းမြေ နှင့် စက်ရုံထွက်သတ္တု‌‌ချော်ခဲများ ပါဝင်ပါသည်။

ကုန်းတွင်းရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူ

ကျွန်ုပ်တို့၏ သင်္ဘောဆီရှင်းလင်းရေးယာဉ်အမြောက်အမြားသည် ရေနံနှင့် ဆီချေးပါသော သင်္ဘောမောင်းနှင်ရာမှထွက်သည့် အညစ်အကြေးများကို စုဆောင်းသိမ်းဆည်းပေးပါသည်။ ထိုအညစ်အကြေးများတွင် ကုန်းတွင်းရေကြောင်း သင်္ဘောများမှ ရေနံတိုင်ကီအလွတ်များနှင့် ရေနံဆီရွှဲနေသော အဝတ်စုတ်များ ပါဝင်ပါသည်။ သင်္ဘောဆီရှင်းလင်းရေးယာဉ်များ၏ အဓိကတာဝန်မှာ သင်္ဘောဝမ်းဗိုက်ထွက်ရေနံဆီ ဆယ်ယူခြင်းနှင့် စနစ်တကျကျွမ်းကျင်စွာ စွန့်ပစ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ သင်္ဘောများသည် ရေလမ်းကြောင်းဖြင့် ကုန်စည်ပို့ဆောင်နေစဉ်တွင် ထိုရေဆိုးများကို သန့်စင်နိုင်ပါသည်။ ခွဲထုတ်လိုက်သော စွန့်ပစ်ရေနံဆီများကို ရှင်းလင်းရေးယာဉ်များထဲတွင် စုဆောင်းပြီး သန့်စင်ကာ ‌ဂေဟစနစ်အတွင်းသို့ ပြန်လည်ဖြည့်သွင်းပေးပါသည်။ ကျွန်ုပ်တို့သည် ဥရောပတိုက်ရှိ ရေကြောင်းပို့ဆောင်ရေးအားလုံးတွင် သင်္ဘောဒီဇယ်၊ ချောဆီများ၊ သောက်ရေသန့်နှင့် အခြားလိုအပ်သော ထုတ်ကုန်များကိုပို့ဆောင်ခြင်းနှင့် ခရီးသည်ပို့ဆောင်ရေးကိုလည်း ဆောင်ရွက်ပေးပါသည်။

မေးခွန်းများရှိပါသလား။

Rhenus Myanmar ၏ ကျွမ်းကျင်ပညာရှင်များသည် လူကြီးမင်းတို့အား ကူညီပေးရန် အမြဲအသင့်ရှိနေပါသည်။ မေးခွန်းများရှိပါက အဆင်ပြေ လွယ်ကူစေရန် Rhenus Myanmar မှ လူကြီးမင်းတို့အား ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ

ကျွန်ုပ်တို့၏ ကမ္ဘာတစ်ဝန်းရှိ ကွန်ရက်

ကမ္ဘာတစ်ဝန်းရှိ ကွန်ရက်နှင့် ဖောက်သည်ဗဟိုပြု အတွေးအခေါ်တို့ဖြင့် ကျွန်ုပ်တို့၏ ပို့ဆောင်ရေးသင်္ဘောစုကို ထောက်ပံ့ရေးကွင်းဆက်အားလုံးတွင် ယုံကြည်စိတ်ချရသော အစိတ်အပိုင်းတစ်ခုအဖြစ် ပေါင်းစပ်ထားပါသည်။ စျေးကွက်များ၏ ထူးခြားချက်များကို ကောင်းစွာနားလည်သဘောပေါက်သော ကျွန်ုပ်တို့၏ဒေသဆိုင်ရာ ရုံးခွဲများဖြင့် လူကြီးမင်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။

add

ရာစုနှစ်ပေါင်းများစွာရှိပြီဖြစ်သော အတွေ့အကြုံ

ကုန်းတွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးသည် Rhenus Group ၏ အဓိကပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်ခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ ကျော်ပြီဖြစ်သည်။ ကျွန်ုပ်တို့၏ ပေါများလှသောလုပ်ငန်းပိုင်ရေကြောင်းပို့ဆောင်ရေး ရုံးများနှင့် ယုံကြည်စိတ်ချရသောမိတ်ဖက်များနှင့် လက်တွဲလုပ်ဆောင်မှုတို့ကြောင့် လူကြီးမင်း၏ လိုအပ်ချက်များအတွက် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။

add

အချိန်မီပို့ဆောင်ခြင်းသည် အရေးအကြီးဆုံးဖြစ်သည်။

ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်များတွင် အချိန်တိကျမှန်ကန်ခြင်း၏ အရေးကြီးမှုကို ကျွန်ုပ်တို့ သိရှိနားလည်ပါသည်။ ကုန်းတွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးမှတစ်ဆင့် ကျွန်ုပ်တို့သည် အကောင်းဆုံးသော ပို့ဆောင်ရေးအချိန်စီမံမှုဆိုင်ရာ စွမ်းဆောင်ရည်ကို ပေးအပ်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းကောင်းများသည် လူကြီးမင်း၏ကုန်စည်ပို့ဆောင်မှုများအတွက် အမြင့်ဆုံးသော လုံခြုံဘေးကင်းမှု၊ အချိန်မှန်ကန်တိကျမှုနှင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်မှု စသောဝန်ဆောင်မှုများပေးစွမ်းနိုင်ပါသည်။

add