You can see the charging process of a big airplane You can see the charging process of a big airplane

လေယာဉ်စင်းလုံးငှား၍ကုန်စည်ပို့ဆောင်ရေး

ပမာဏကြီးမားသောကုန်စည်များ သို့မဟုတ် ထုထည်ကြီးမားသောကုန်စည်များ အတွက် လေယာဉ်စင်လုံးပြည့် သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုငှားရမ်း၍ ပို့ဆောင်ရေး ဝန်ဆောင်မှုများကို စီစဉ်ပေးပါသည်။ ဤဝန်ဆောင်မှုတွင် ကုန်တင်ပို့သူအနေဖြင့် ကိုယ်လိုချင်သောလေယာဉ်ထွက်ခွာချိန်များကိုညှိယူနိုင်ပြီး လျင်မြန်သေချာသော လေကြောင်းပို့ဆောင်ရေးနည်းလမ်းတစ်ခုဖြစ်ပါသည်။

keyboard_arrow_up
စင်းလုံးငှားလေယာဉ်ဖြင့်ပို့ဆောင်ရေး၏ အားသ

စင်းလုံးငှားလေယာဉ်ဖြင့်ပို့ဆောင်ရေး၏ အားသ

လူကြီးမင်း၏ ကုန်စည်သည် အဆင့်မြင့်လုံခြုံရေး၊ ကြီးမားသောဝင်ဆံ့နိုင်မှုနေရာ သို့မဟုတ် လိုသလိုညှိယူနိုင်သောဝန်ဆောင်မှုများလိုအပ်သည့် ကုန်စည်မျိုးဖြစ်ပါက စင်းလုံးငှားပို့‌ဆောင်ရေးသည် အသင့်လျော်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ Rhenus Myanmar အနေဖြင့် လူကြီးမင်းတို့၏ လိုအပ်ချက်များကို ကိုက်ညီမှုရှိရန် လေယာဉ်စင်းလုံးပြည့် သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုငှားရမ်းကာပို့ဆောင်ပေးသည့် ဝန်ဆောင်မှုပေးပါသည်။

စင်းလုံးငှားလေကြာင်းလမ်းတွင်ပါဝင်သော ရွေးချယ်စရာများ

လေယာဉ်စင်းလုံးအပြည့်ငှားရမ်းဝန်ဆောင်မှုသည် လူကြီးမင်းတို့ကုန်စည်အတွက် လေယာဉ်တစ်ခုလုံး အသုံးပြုနိုင်သဖြင့် လေယာဉ်အား ဝေမျှသုံးစွဲစရာမလိုတော့သောကြောင့်ထွက်ခွာချိန်များကိုလိုအပ်သလိုညှိယူဆောင်ရွက်ပို့ဆောင်နိုင်ပါသည်။

လူကြီးမင်း၏ ကုန်စည်သည် လေယာဉ်တစ်ခုလုံးကိုအပြည့်မဖြည့်ထားသော်လည်း ကုန်ပို့ဆောင်မည့်နေရာ၌ ကုန်စည်လိုအပ်မှုများမြင့်မားနေပါက လေယာဉ်ခွဲခြမ်းငှားရမ်းဝန်ဆောင်မှုဖြင့် သယ်ယူပို့‌ဆောင်နိုင်ပါသည်။

RHENUS ၏ လေယာဉ်စင်းလုံးငှား ဝန်ဆောင်မှုများမှရရှိန

  • Rhenus Myanmar သည် ပွင့်လင်းမြင်သာပြီး စျေးနှုန်းသက်သာသောဝန်ဆောင်မှုများကိုပေးကာ အကောင်းဆုံးသော လေယာဉ်များဖြင့် လူကြီးမင်းတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။
  • ပို့ဆောင်ရေးခရီးစဉ် ဘယ်နေရာ ရောက်ရောက် လူကြီးမင်းတို့ထံ နောက်ဆုံးသတင်းများ ကိုပုံမှန်ပေးပို့ခြင်း
  • အဆင့်မြင့်ပြီး ခိုင်မာကောင်းမွန်သော လုံခြုံ‌ရေးများဖြင့် ပို့ဆောင်ရေးလမ်းကြောင်းတစ်လျောက်ကာကွယ်စောင့်ကြပ်မှု
  • ကျယ်ပြန့်သော အကောက်ခွန်ရှင်းလင်းရေးကြေညာစာရွက်များပြုစုပေးခြင်း
  • လေယာဉ်စင်းလုံးငှားရမ်းဝန်ဆောင်မှုတွင် ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံရှိသည့် ကျွမ်းကျင်ပညာရှင်များ၏ အရည်အသွေးမြင့်သော ဝန်ဆောင်မှု
add

လူကြီးမင်းယုံကြည်အားထားနိုင်သော အရည်အသွေး

Rhenus Group သည် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် လေကြောင်းဖြင့် ကုန်စည်ပို့ဆောင်မှုတွင် ရှေ့တန်းမှရပ်တည်ခဲ့ပြီး အချိန်တိကျမြန်ဆန်မှုလိုအပ်နေသော ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးရာတွင် ကျွမ်းကျင်မှုအရည်အချင်းများနှင့် ဂုဏ်သတင်းမွှေးသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ ကြီးမားကျယ်ပြန့်သော ကွန်ရက်ကြီးနှင့် နှစ်ပေါင်းများစွာရှိပြီဖြစ်သော အတွေ့အကြုံများဖြင့် ကျွန်ုပ်တို့သည် လူကြီးမင်း၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အကောင်းဆုံးသော လေယာဉ်စင်းလုံးငှား ကုန်ပို့စည်ဆောင်ရေး ဝန်ဆောင်မှုကိုပေးစွမ်းနိုင်ပါသည်။

Rhenus  ၏ သူမတူသောဝန်ဆောင်မှုများနှင့် ၂၄ နာရီအလုပ်လုပ်သောဝန်ထမ်းများမှ ကုန်စည်များကို ချောမွေ့စွာ စမှတ်မှ ဆုံးမှတ်ထိ ပို့ဆောင်ပေးနိုင်ပါသည်။

add

အချိန်တိကျသော ပို့ဆောင်ရေးဝန်ဆောင်မှုများ

ပုံမှန် ကုန်စည်ဖြစ်စေ၊ ပုပ်သိုးပျက်စီးနိုင်သော ကုန်စည်များဖြစ်စေ လေကြောင်းဖြင့် မည်သည့်ကုန်စည်ပို့ဆောင်မှုအတွက်မဆို အချိန်သည် အရေးပါသည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ Rhenus Myanmar သည် ဈေးကွက်အတွင်း အကျိုးအရှိဆုံးနှင့် အထိရောက်ဆုံး လေယာဉ်စင်းလုံးငှား၍ ကုန်စည်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ပါသည်။

အထူးကျွမ်းကျင်သောပညာရှင်များအကူအညီဖြင့် ကုန်ပို့ဆောင်ပြီးသည်နှင့် တပြိုင်နက် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များကို လျင်မြန် စေ့စပ်စွာဆောင်ရွက်လုပ်ကိုင်ပါသည်။

add