ပရောဂျက်လိုဂျီယာ စီဆိုင်ရာ ဝန်ဆောင်မှု

Rhenus Myanmar သည် လူကြီးမင်း၏ မည်သည့်ပရောဂျက်၊ မည်သည့်သယ်ယူပို့ဆောင်ရေးနေရာနှင့် မည်သည့်ကုန်ပစ္စည်းများအတွက်မဆို ပြီးပြည့်စုံသော ပရောဂျက် စီမံခန့်ခွဲမှုနှင့် တိုင်ပင်ဆွေးနွေးမှု ဆိုင်ရာ ဝန်ဆောင်မှုများကို ပေါင်းစပ် ဖြေရှင်းနည်းများအဖြစ် ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းရှိ ကျွန်ုပ်တို့၏ အထူးကျွမ်းကျင်သော အတွေ့အကြုံရှိ ဝန်ထမ်းများကို အသုံးပြု၍ ပြည်ပ ပရောဂျက်များကို အစမှအဆုံးအထိ အစီအစဉ်ရေးဆွဲ စုစည်းပြီး ကြီးကြပ်ဆောင်ရွက်ပေးပါသည်။

keyboard_arrow_up
မည်သည့်ပရောဂျက်မျှ ကိုင်တွယ် သေးလွန်း

မည်သည့်ပရောဂျက်မျှ ကိုင်တွယ် သေးလွန်း

ကျွန်ုပ်တို့၏ ပရောဂျက် ထောက်ပံ့ပို့ဆောင်ရေး ကျွမ်းကျင်သူများသည် မြင့်မား၍ လေးလံသော ကုန်ပစ္စည်းများနှင့် ကမ္ဘာလုံးဆိုင်ရာ ပရောဂျက်များကို ကိုင်တွယ်ရာတွင် နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံ ရှိထားပါသည်။ Rhenus ၏ စိတ်အားထက်သန်ပြီး သွက်လက်သော ပရောဂျက် အဖွဲ့များသည် အမြဲပြောင်းလဲနေသော ပရောဂျက် အခြေအနေများအတွက် အလိုက်သင့် ချိန်ညှိပေးသွားမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အကောင်းဆုံးသော ပရောဂျက် အစီအစဉ်ရေးဆွဲခြင်းနှင့် အကောင်အထည် ဖော်ခြင်းတို့အတွက် လူကြီးမင်းတို့အား သီးသန့်ဖန်တီးထားသော ဝန်ဆောင်မှုများ ပေးအပ်ပါသည်။

ကျွန်ုပ်တို့၏ အကြံပေးမှုနှင့် အစီအစဉ်ရေးဆွဲမှုဆိုင်ရာ ဝန်ဆောင်မှုများ

ပရောဂျက် ထောက်ပံ့ပို့ဆောင်ရေး အကောင်အထည်ဖော်မှုသည် အတွင်းကျကျ ပြောဆိုဆက်သွယ်မှုအပေါ် မူတည်ပါသည်။ သို့ရာတွင် ရေရှည်စီမံကိန်းဖြင့် မပြုလုပ်လျှင် မည်သည့်အရာမှ ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ထိရောက်သော ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များ ဖော်ဆောင်ရန်အတွက် အချင်းချင်း မှီခိုလုပ်ကိုင်ရန် လိုအပ်ပါသည်။

 

ကျွန်ုပ်တို့သည် လက်ရှိ သယ်ယူပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုတိုင်း၏ ရှုထောင့်အားလုံးကို ကုန်စည်ပို့ဆောင်ရေးမစတင်ခင် ပို့ဆောင်ရေးနည်းလမ်းများတိုင်ပင်ချိန်ကတည်းကစ၍ လူကြီးမင်းနှင့်အတူ လေ့လာဆန်းစစ်ပါသည်။ ကျွန်ုပ်တို့၏ ပရောဂျက် ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့မှ အဖွဲ့ဝင်များသည် လက်ရှိလုပ်ဆောင်ရမည့် အလုပ်များနှင့် ပတ်သက်သော အကြံဥာဏ်များ ဖော်ထုတ်ရန်အတွက် သင့်ရုံးသို့အရောက်လာ၍ တိုင်ပင်ဆွေးနွေးရန် လိုလားပါသည်။ ကျွန်ုပ်တို့သည် ရွေးချယ်စရာအမျိုးမျိုး၏ အားသာချက်နှင့် အားနည်းချက်များကို လူကြီးမင်းနှင့်အတူ ခွဲခြမ်းစိတ်ဖြာသွားပါမည်။

ထိရောက်သော ပရောဂျက်အစီအစဥ်များရေးဆွဲရန်အတွက် ကုန်စည်ပို့ဆောင်ရေး စမှတ်မှ ဆုံးမှတ်အထိ အသေးစိတ်အချက်များစွာကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ ဤသို့ဘက်စုံသုံးနိုင်သော နည်းလမ်းသည် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းစဉ် စတင်ချိန်မှ ဆုံးခန်းတိုင်သည်အထိ အသုံးဝင်ပါသည်။ တစ်ခါတစ်ရံတွင် ကြီးမားလေးလံသော ကုန်ပစ္စည်းများကို မထုတ်လုပ်မီကပင် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပြဿနာများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ များသောအားဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်စွမ်းများ ဆုံးရှုံးခြင်းမရှိဘဲ ပိုမိုလွယ်ကူစေရန်အတွက် ကုန်ပစ္စည်းများကို ပြုပြင်မွမ်းမံနိုင်ပါသည်။ ကျွန်ုပ်တို့၏ အကြံပေးဝန်ဆောင်မှုများသည် လူကြီးမင်း၏ ကုန်ပို့ဆောင်ရေး ကုန်ကျစရိတ်များကို လျှော့ချရန် ကူညီပေးပါသည်။

ဆက်သွယ်ရမည့်သူတစ်ဦး

Rhenus Group အတွင်း လုပ်ငန်းဌာနစင်တာများပါဝင်သော ကြီးမားသည့် ကွန်ရက်မှတစ်ဆင့် client တစ်ဦးချင်းစီ၏ ပရောဂျက် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များအတွက် အစီအစဉ်ရေးဆွဲရာတွင် အထူးသီးသန့်လိုအပ်ချက်များကို ပြည့်မီအောင် ကျွန်ုပ်တို့ ဆောင်ရွက်ပေးနိုင်ပါသည်။ Rhenus Group ပြင်ပမှ ပို့ဆောင်ရေးစီးပွားဖက်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် ကျွန်ုပ်တို့၏ထပ်‌ လောင်းလိုအပ်ချက်များကိုလည်း လိုအပ်သလိုဖြည့်ဆည်းနိုင်စွမ်းရှိပါသည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ပရောဂျက်က မည်မျှပင်ရှုပ်ထွေးပါစေ ပရောဂျက်တစ်ခုလုံးအတွက် အလုံးစုံ ထိန်းချုပ်မှု ရှိစေရန်  လူကြီးမင်းနှင့် ပရောဂျက် အစီအစဉ်အဆင့်များအားလုံးအတွင်း ပါ၀င်သူများအားလုံးအတွက် ဆက်သွယ်ရမည့်သူတစ်ဦးတည်းကသာ စီမံခန့်ခွဲ ဆောင်ရွက်ပေးပါသည်။

add

အရည်အသွေး စီမံခန့်ခွဲမှု

အရည်အသွေး စီမံခန့်ခွဲမှုသည် လုပ်ငန်းနယ်ပယ်၏ အဓိက လုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်ပါသည်။ လုံခြုံပြီး ထိရောက်မှုရှိသော ကုန်စည်ပို့ဆောင်မှုကို ဖန်တီးရန်အတွက် အန္တရာယ်များကို ကြိုတင်ခန့်မှန်းနိုင်မှု၊ လုပ်ထုံးလုပ်နည်းများ ဖော်ဆောင်နိုင်မှုနှင့် အန္တရာယ်များ လျှော့ချနိုင်မှုတို့နှင့်ဆိုင်သည့် အသိပညာများ မရှိမဖြစ်လိုအပ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ချဉ်းကပ်မှုဖြင့်လုပ်သည့် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းအသွားအလာများကို စဉ်ဆက်မပြတ် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ခြင်းဖြင့် လုပ်ငန်းလည်ပတ်မှုတွင် အမြင့်ဆုံး အရည်အသွေးဖြစ်စေရန် အာမခံပေးပါသည်။

add

နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်သော အတွေ့အကြုံ

နှစ်ပေါင်းများစွာ အတွေ့အကြုံရှိထားသည့် Rhenus Myanmar သည် များလှစွာသော ပမာဏရှိသည့် ကုန်ပစ္စည်းများကို ရေကြောင်း ၊ လေကြောင်း နှင့် ကုန်းကြောင်းတို့ဖြင့် ပို့ဆောင်ပေးပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီများနှင့် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားရှိပြီး သင့်လိုအပ်ချက်များကို တိတိကျကျပြည့်မီစေရန် အချိန်သတ်မှတ်ထားသော ဝန်ဆောင်မှုများအတွက် သူများထက်ပိုမများသော သင်္ဘောခနှုန်းထားများဖြင့် ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့၏ကွန်ရက်တွင် ပုံမှန်မဟုတ်သော လေးလံသည့် ကုန်ပစ္စည်းများကို သူမတူသော သယ်ယူပို့ဆောင်ရေးနည်းလမ်းများဖြင့် ပို့ဆောင်ပေးသည့် ပိုမိုသေးငယ်သော ကုမ္ပဏီများနှင့် သင်္ဘောကုမ္ပဏီများလည်း ပါဝင်ပါသည်။ ဤသို့လုပ်ဆောင်ခြင်းကြောင့် ကျွန်ုပ်တို့အတွက် အရည်အသွေးမြင့်မြင့်မားမားနှင့် သင့်တင့်မျှတသော စျေးနှုန်းများကို တစ်ပြိုင်တည်းရရှိစေနိုင်ပါသည်။

add

မေးခွန်းများရှိပါသလား။

လူကြီးမင်းတစ်ဦးတည်းအတွက် အရောင်းဆိုင်ရာ သို့မဟုတ် သီးသန့် လုပ်ငန်းဆောင်တာဆိုင်ရာ အဓိကဆက်သွယ်ရမည့် ပုဂ္ဂိုလ်သည် လိုအပ်သော အချက်အလက်များ အားလုံးဖြင့် လူကြီးမင်းအား ကူညီပေးပါမည်။

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်အကြောင်း ထပ်
ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်အကြောင်း ထပ်

ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်အကြောင်း ထပ်

ကျွန်ုပ်တို့ရုံးခွဲ ဝန်ဆောင်မှုပေးခဲ့သည့် ဖြစ်ရပ်များ

ထပ်မံရှာဖွေရန်