[Translate to Burmese:] Container terminal in port [Translate to Burmese:] Container terminal in port

တစ်ခုထက်ပိုသော နည်းလမ်းများဖြင့် ကုန်စည်ပို့ဆောင်ရ

ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းအမျိုးမျိုးတွင် Rhenus Myanmar ရှိ တစ်ခုထက်ပိုသော နည်းလမ်းများဖြင့် ကုန်ပို့ဆောင်ရေးသည် ကုန်းလမ်း၊ ရထားလမ်း၊ ပင်လယ်ခရီးတို၊ ရေနက်ပိုင်းနှင့် ကုန်းတွင်းရေကြောင်းပို့ဆောင်ရေးဆိုင်ရာ လမ်းကြောင်းများကို ပေါင်းစပ်ပြီး အကောင်းဆုံးသော ကုန်ပို့ဆောင်ရေးကို ရှာဖွေကာဝန်ဆောင်မှုပေးပါသည်။ ရည်ရွယ်ချက်မှာ ကုန်ပို့ဆောင်ခနှုန်းထားသက်သာစေရန်နှင့် ကြာချိန်ကိုလျော့ချရန် အကောင်းဆုံးပို့ဆောင်မှုများကိုပေါင်းစပ်လိုက်ခြင်းဖြစ်ပါသည်။

keyboard_arrow_up
ကုန်စည်ပို့ဆောင်မှုနည်းလမ်

ကုန်စည်ပို့ဆောင်မှုနည်းလမ်

Rhenus သည် ၁၉၉၁ ခုနှစ်မှစတင်၍ ရုရှား၊ အာရှတိုက် အလယ်ပိုင်းနှင့် တူရကီနိုင်ငံများသို့ တစ်ခုထက်ပိုသော နည်းလမ်းများဖြင့် ကွန်တိန်နာ ပို့ဆောင်မှုများကို စီစဉ်လျက်ရှိပါသည်။ လက်ရှိတွင် ကျွန်ုပ်တို့သည် လူကြီးမင်းစိတ်တိုင်းကျ ကုန်ပို့ဆောင်ရေးလမ်းကြောင်း၊ အမျိုးမျိုးသောကုန်စည်၊ အကောက်ခွန်ရှင်းလင်းရေး၊ သယ်ယူပို့ဆောင်ရေးယန္တရားများနှင့် နောက်ဆုံးဦးတည်ရာသို့ပေးပို့ရမည့် ဝန်ဆောင်မှုများကို ဂိတ်ဝေးအမျိုးမျိုးမှ တစ်ဆင့် ပံ့ပိုးပေးပါသည်။ လုပ်ငန်းပိုင်ကွန်တိန်နာနှင့် ယာဉ်အစုများကို အသုံးပြု၍ အိမ်တိုင်ရာရောက်ပို့ဆောင်ရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါသည်။

RHENUS၏ တစ်ခုထက်ပိုသော နည်းလမ်းများဖြင့် ကုန်စည်ပို့ဆောင်ရေး

Rhenus Myanmar သည် ကုန်စည်များကို မူလနေရာမှ ပို့ဆောင်ရမည့် နေရာသို့ လျင်မြန်စွာနှင့် ထိရောက်စွာ ပို့ဆောင်နိုင်ရန် စိတ်တိုင်းကျလမ်းကြောင်းရွေးချယ်စရာအမျိုးမျိုးကို စုစည်းပေးပါသည်။

 

ပိုမိုလေ့လာရန်

လူကြီးမင်း၏ကုန်စည်များအတွက် တစ်ခုထက်ပိုသော နည်းလမ်းများဖြင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ

  • အိမ်တိုင်ရာရောက် ပို့ဆောင်မှု
  • ပိုမိုမြန်ဆန်သောပို့ဆောင်ချိန်နှင့် ပိုများသောကုန်တင်ပမာဏများအတွက် ကုန်သယ်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုထက်ပို၍ အသုံးပြုသော စနစ်
  • လူကြီးမင်း၏ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးအတွက် Rhenus ၏ ပုဂ္ဂိုလ်တစ်ဦးတည်းဖြင့်ဆက်သွယ်ဆောင်ရွက်နိုင်ခြင်း
  • ဗဟိုဌာနတစ်ခုတည်းမှ ထိန်းချုပ်တာဝါ ဖြင့်ဆောင်ရွက်မှု
  • ဘေးကင်းလုံခြုံသော ကုန်စည်ပို့ဆောင်ရေးနည်းလမ်းများ
  • ကုန်စည်ပို့ဆောင်ပေးနိုင်သည့် ပထဝီဝင်နေရာ ကျယ်ပြန့်မှု
  • ကိုယ်ပိုင် ပိုင်ဆိုင်မှုများ (ကွန်တိန်နာများ၊ ယာဉ်အစု)
  • များလှစွာသော ရွေးချယ်စရာလမ်းကြောင်းများနှင့် ကုန်စည်ပို့ဆောင်ရေးနည်းလမ်းများ
  • စိတ်အားထက်သန်သောစွန့်ဦးတီထွင်ပညာရှင်ကဲ့သို့ ကုန်ပို့ဆောင်ရာတွင် ထားရှိသော စိတ်နေသဘောထား
  • ကျယ်ပြန့်သော ကမ္ဘာအနှံ့ရှိ ဝန်ဆောင်မှုကွန်ရက်
  • အရည်အသွေးနှင့် ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာဘေးကင်းလုံခြုံရေး (Health and Safety Environment -HSE) အပေါ် အလွန်အလေးထားအာရုံစိုက်မှု

သက်သေပြပြီးဖြစ်သည့် မှန်ကန်သော အကျိုးကျေးဇူးများ

Rhenus သည်လူကြီးမင်းစိတ်တိုင်းကျလိုက်လျောညီထွေမှုရှိသောကုန်စည်ပို့ဆောင်ရေးနည်းလမ်းများနှင့် ကုန်စည်ဝင်ရောက်သည့်နေရာများရွေးချယ်ခြင်းအပါအဝင် ပို့ဆောင်ရေးဝန်ဆောင်မှုများပေးပါသည်။

 

ဤသို့ဝန်ဆောင်မှုပေးနိုင်ရန် ဖောက်သည်များနှင့်ထိတွေ့ဆက်ဆံရာတွင်ကို အောက်ပါတို့ကို အလေးအနက်ထားပါသည်။

  • ပို့ဆောင်ရေးတွင်ပါဝင်သက်ဆိုင်သူအားလုံးနှင့် ချိတ်ဆက်မှုတစ်ခု ဖန်တီးခြင်း
  • ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို လူကြီးမင်း၏လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေခြင်း
  • ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်ကို လူကြီးမင်းတို့မျှော်မှန်းထားသည့်အတိုင်း ဖြစ်စေခြင်း
  • ပြောင်းလဲမှုများအပေါ် ပါးနပ်စွာနှင့် အပြုသဘောဆန်ဆန် တုံ့ပြန်ခြင်း

ထို့ကြောင့် လူကြီးမင်း၏လုပ်ငန်းဗျူဟာရေးရာ သို့မဟုတ် လည်ပတ်မှုဆိုင်ရာပတ်ဝန်းကျင်အတွင်း အပြောင်းအလဲများမည်သို့ပင်ဖြစ်စေကာမူ တစ်သမတ်တည်းဖြစ်၍ လိုက်လျောညီထွေမှုရှိသော စွမ်းဆောင်ရည်ကို ကျွန်ုပ်တို့မှ ပေးဆောင်နိုင်ပါသည်။