[Translate to Burmese:] Road Freight Consolidation Europe [Translate to Burmese:] Road Freight Consolidation Europe

ကုန်လမ်းကြောင်းဖြင့် ပို့ဆောင်ရေးအတွက် ကုန်စည်ပေါင

ကုန်စည်အုပ်စု သို့မဟုတ် ပေါင်းစည်းထားသောကုန်စည် ဟု လူသိများကြသော ကုန်ပေါင်းစည်းပို့ဆောင်မှုသည် Rhenus၏ ကုန်စည်ကူးပြောင်းတင်ယူပို့ဆောင်သောနေရာ၌ ကုန်ဖြန့်ဖြူးရေးထရပ်ကားတွင်ပေါင်းစည်းထားသော ပမာဏနည်းပါးသည့် ကုန်ပစ္စည်းများကို ပို့ဆောင်ခြင်းဖြစ်ပါသည်။ ထိုနေရာမှတစ်ဆင့် ကုန်စည်များကို အချိန်ဇယားဆွဲသတ်မှတ်ထားသော ထွက်ခွာမှုများဖြင့် ၎င်းတို့အား နောက်ဆုံးပို့ဆောင်ရမည့် နေရာသို့ ပို့ဆောင်စီစဉ်ပေးပါသည်။

keyboard_arrow_up
ကုန်စည်ပေါင်းစည်းပို့‌ဆောင်မှုများအတွက် လ

ကုန်စည်ပေါင်းစည်းပို့‌ဆောင်မှုများအတွက် လ

ကုန်စည်ပေါင်းစည်းပို့ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏ အခြားဖောက်သည်များနှင့် ထရပ်ကားတစ်စီးတည်းကို မျှဝေကာ ကုန်ကျစရိတ်သက်သာခြင်း၊ လိုသလိုညှိယူပြင်ဆင်နိုင်ခြင်းနှင့် ပတ်ဝန်းကျင်အတွက် အကျိုးရှိစေခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါသည်။  ကုန်ပို့ဆောင်ခကို အများနှင့်မျှဝေ၍ ကျခံရမည်ဖြစ်သောကြောင့် ဤကုန်ပေါင်းစည်းပို့ဆောင်မှုသည် သေးငယ်သော ကုန်စည်များအတွက် ကုန်ကျစရိတ်အသက်သာဆုံး ရွေးချယ်မှုဖြစ်ပါသည်။ ကုန်စည်ပို့ဆောင်မှုအတွက် ညှိယူပြောင်းလဲနိုင်သော ပို့ဆောင်ချိန်ကိုရယူနိုင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများသက်ရောက်စေသည့် ကာဗွန်ပမာဏကိုလည်းလျှော့ချနိုင်ပါသည်။ ကျွန်ုပ်တို့သည် အန္တရာယ်ရှိသော ကုန်ပစ္စည်းများအပါအဝင် ကုန်စည်အမျိုးအစားအများစုအတွက် ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော်၍ ထရပ်ကားဖြင့်ပို့ဆောင်မှုများကို ဆောင်ရွက်ပေးပြီး အကောက်ခွန်ရှင်းလင်းရေးဝန်ဆောင်မှုများလည်းပေးစွမ်းပါသည်။

အာရှ-ပစိဖိတ်ရှိ RHENUS MYANMAR

လူကြီးမင်းစိတ်တိုင်းကျကုန်စည်ပို့ဆောင်မှု - အာရှတိုက်တစ်ခွင် ကုန်စည်ပေါင်းစည်းပို့ဆောင်ပေးမှု

Rhenus Myanmar သည် မည်သည့်ကုန်စည်အရွယ်အစားနှင့် မည်သည့်ပို့ဆောင်ရမည့်နေရာကိုမဆို ပို့ဆောင်ရာတွင် အကောင်းဆုံးသောဝန်ဆောင်မှုများပေးနိုင်ပါသည်။ အာရှတိုက်အတွင်း ကုန်စည်ပေါင်းစည်းရေးဝန်ဆောင်မှုတွင် ကုန်စည်ကိုအရွယ်အစားနှင့် အလေးချိန်မကန့်သတ်ထားပါ။ ကျွန်ုပ်တို့အသုံးပြုသော မော်တော်ယာဉ်အစုသည် သေးငယ်သော ထရပ်ကားများမှ ၄၅ ပေ အရှည် ရှိသော ကွန်တိန်နာတင် ထရပ်ကားများအထိ ပါဝင်ပါသည်။ သယ်ယူပို့ဆောင်ရေးတစ်လျှောက် သတ်မှတ်ထားသောအချိန်ဇယားအတိုင်းတသွေမတိမ်းလိုက်နာကာ ကုန်စည်ပေါင်းစည်းပို့ဆောင်ခြင်းနှင့် ကုန်စည်ခွဲခြမ်းပို့ဆောင်ခြင်းဝန်ဆောင်မှုများပေးနေပါသည်။

ဗျူဟာကျစွာတည်ရှိနေသော ကုန်စည်ကူးပြောင်းတင်ယူပို့ဆောင်သောနေရာများနှင့် ကျယ်ပြန့်သောပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်သော ထရပ်ကားကွန်ရက်များကို အသုံးချကာ ကုန်စည်များကိုပေါင်းစည်းပို့ဆောင်ပေးလျက်ရှိပါသည်။ ကုန်စည်ကို ပို့ဆောင်ရမည့်နေရာသို့ ဘေးကင်းစွာနှင့် အချိန်မီရောက်ရှိနိုင်စေရန် လုံခြုံရေးမြင့်မားပြီးကုန်ကျစရိတ်သက်သာသောဝန်ဆောင်မှုများဖြင့်လူကြီးမင်း၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးနေပါသည်။

အာရှတိုက်အတွင်း ကျွန်ုပ်တို့ဆောင်ရွက်ပေးနေသော ကုန်စည်ပေါင်းစည်းပို့ဆောင်ရေး ဝန်ဆောင်မှုများအကြောင်းကို ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

  • ညှိယူပြောင်းလဲလွယ်ပြီး သက်သာသောစျေးနှုန်းများ
  • ပြင်တွင်း ကုန်စည်ပို့ဆောင်မှုများနှင့် နယ်စပ်ဖြတ်ကျော်၍ ထရပ်ကားဖြင့် ကုန်စည်ပို့ဆောင်မှု
  • ကုန်စည်ပို့ဆောင်ရေးအာမခံထားရှိခြင်းကဲ့သို့သော တန်ဖိုးထပ်ပေါင်းဝန်ဆောင်မှုအမျိုးမျိုး
  • ပြည်တွင်းနှင့် ပြည်ပတွင် ခိုင်မာစွာတည်ရှိသော ကွန်ရက်များ
  • အဆင့်အမြင့်ဆုံး အကောက်ခွန်ရှင်းလင်းရေးဝန်ဆောင်မှု

အုပ်စုလိုက်ကုန်စည်ပို့ဆောင်မှုအတွက်လူကြီးမင်းတို့၏လက်တွဲဖော်

အရည်အသွေးမြင့်မားမှုနှင့်ပွင့်လင်းမြင်သာသောထောက်ပံ

  • စာရွက်အသုံးမပြုသော IT နည်းများဖြင့် လွယ်ကူရိုးရှင်းသော ကုန်စည်ခြေရာခံလိုက်မှု
  • လူကြီးမင်းတို့အတွက်အသုံးပြုရလွယ်ကူသော အွန်လိုင်းနည်းပညာများသုံး၍ ကုန်စည်ပို့ဆောင်မှုများအား ပြည့်၀စွာ ကွက်ကဲကြည့်ရှု ထိန်းချုပ်နိုင်မှု
  • ကုန်ကောက်ယူရာမှ ပို့ဆောင်ရာအထိ ပြည့်၀သောပွင့်လင်းမြင်သာမှု
  • အမြင့်မားဆုံးသော အရည်အသွေးနှင့် လုံခြုံရေးဆိုင်ရာ စံသတ်မှတ်ချက်များအတွက် အသိအမှတ်ပြုလက်မှတ်များ
add

RHENUS ၏အုပ်စုလိုက် ကုန်စည်ပို့ဆောင်မှုဆိုင်ရာဝန်ဆ

  • ဥရောပတိုက်တစ်ခွင်ရှိ စက်မှုလုပ်ငန်းနယ်ပယ်များသို့ ပုံမှန်လမ်းကြောင်းများဖြင့်များပြားသောကုန်စည်ထွက်ခွာမှုများ
  • ရုံးစိုက်ရာဒေသတွင်ရှိသောကွန်ရက်များနှင့်ရေရှည်စီးပွားရေးမိတ်ဖက်များ
  • ကုန်စည်ပေါင်းစည်းပို့ဆောင်ခြင်းနှင့် ကုန်စည်ခွဲခြမ်းပို့ဆောင်ခြင်းဝန်ဆောင်မှုများကြောင့် သက်သာသော ကုန်ကျစရိတ်
add

လူကြီးမင်း၏ ကုန်စည်များကို အချိန်တိကျမှန်ကန်စွာ ပိ

  • ကုန်စည်များအား အချိန်မီ ပို့ဆောင်ပေးနိုင်သော နိုင်ငံတကာ အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ အသိပညာများ
  • တိုက်ရိုက် အပတ်စဉ် သို့မဟုတ် နေ့စဉ် သတ်မှတ်ထားသော ကုန်စည်ထွက်ခွာချိန်များဖြင့် မြန်ဆန်သော ချိတ်ဆက်မှုများ
  • တိကျ၍ယုံကြည်စိတ်ချရသော ကုန်စည်ဖြတ်သန်းကူးပြောင်းချိန်များဖြင့် လူကြီးမင်း၏ ပို့ဆောင်မှုလမ်းကြောင်းကို အကောင်းဆုံးဖြစ်စေခြင်း
add