RHENUS ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှု

သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ခြင်းသည် ကျွန်ုပ်တို့၏ အဓိကဝန်ဆောင်မှုများထဲမှ တစ်ခုဖြစ်သည်။ ရေကြောင်းဖြင့် အမှတ် (A) မှ အမှတ် (B) သို့ ကုန်စည်ပို့ဆောင်ခြင်းသည် ကုန်ကျစရိတ်အသက်သာဆုံးနှင့် ဂေဟစနစ်အတွက်ညီညွတ်မှုအရှိဆုံး သယ်ယူပို့ဆောင်ရေးဆိုင်ရာ ရွေးချယ်မှုဖြစ်သည်။ Rhenus တွင် နှစ်ပေါင်းများစွာသော အတွေ့အကြုံများအပေါ်အခြေခံ၍ ကျွန်ုပ်တို့၏ စည်းလုံးသော ဆိပ်ကမ်းတည်နေရာများဆိုင်ရာ ကွန်ရက်ကို အသုံးချကာ နှင့် ပို့ဆောင်ရေးအတွက် ကူညီပံ့ပိုးမှုပေးပါသည်။

keyboard_arrow_up
ခရီးတိုရေ‌ကြောင်းပို့ဆောင်မှုနှင့် ကုန်းတ

ခရီးတိုရေ‌ကြောင်းပို့ဆောင်မှုနှင့် ကုန်းတ

နိုင်ငံတကာမြစ်များနှင့် တူးမြောင်းများတစ်လျှောက် ကုန်းတွင်းသယ်ယူပို့ဆောင်ခြင်းဖြစ်စေ၊ ပင်လယ်ဖြတ်၍ ကုန်စည်များကို ပို့ဆောင်ခြင်းဖြစ်စေ Rhenus Myanmar သည် ကုန်ပစ္စည်းများကို သင်္ဘောပေါ်တင်ရန် ဆိပ်ကမ်းသို့ ပို့ဆောင်မှုနှင့် ဆိပ်ကမ်းမှ ကုန်ချ၍ နောက်ဆက်တွဲပို့ဆောင်မှုဆိုင်ရာ ဝန်ဆောင်မှုများ အပါအဝင် မှန်ကန်သောဝန်ဆောင်မှုများပေးပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ ကုန်စည်ဦးတည်ရာနေရာအမျိုးမျိုးသို့ ကွန်တိန်နာများဖြင့်ကုန်စည်ပို့ဆောင်ခြင်းအတွက် သမုဒ္ဒရာရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ပေးစွမ်းလျက်ရှိပါသည်။

RHENUS ၏ သင်္ဘောဖြင့်ကုန်ပို့ဆောင်ရေးဆိုင်ရာရွေးချယ်စရာများ

ကုန်းတွင်းရေကြောင်းပို့ဆောင်မှု

Rhenus Myanmar သည် လူကြီးမင်း၏ ကုန်စည်အမျိုးမျိုးအတွက် စျေးသက်သာ၍ သဘာ၀ပတ်ဝန်းကျင်အား မထိခိုက်စေသော သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်မှုများကို ဆောင်ရွက်ပေးပါသည်။

ပိုမိုရှာဖွေရန်

ကုန်စည်များပို့ဆောင်‌ရေးအတွက် RHENUS ၏ ဝန်ဆောင်မှုများ

  • သင်္ဘောငှားရမ်းသော ဝန်ဆောင်မှုများ
  • သင်္ဘောအေဂျင်စီ
  • မြစ်-ပင်လယ် ကုန်စည်ပို့ဆောင်မှု
  • အိမ်တိုင်ရာရောက် ဝန်ဆောင်မှုများ
  • အကောက်ခွန်ရှင်းလင်းရေးဝန်ဆောင်မှုများ
  • လောင်စာတင်သင်္ဘောကြီးများအတွက်လုပ်ငန်းဆိုင်ရာ ပံ့ပိုးပေးမှုနှင့် သန့်စင်ရှင်းလင်းပေးမှု၊ ဥပမာ - သင်္ဘောဝမ်းရှိဆီရှင်းလင်းရေး

RHENUS ၏ သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ရွေးချယ်ခြင်း၏ အကျိုးကျေးဇူးများ

Rhenus Myanmar သည် သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုများပေးကာ နာမည် ကျော်ကြားလာခဲ့သော ကုမ္ပဏီဖြစ်ပါသည်။ ဆိပ်ကမ်း၊ သင်္ဘောကုမ္ပဏီများနှင့် ကောင်းမွန်စွာ ရေရှည်လက်တွဲဆောင်ရွက်၍ လူကြီးမင်းအား ပြီးပြည့်စုံကာ ပွင့်လင်းမြင်သာမှုရှိသော  (၂၄) နာရီ (၇) ရက် ဝန်ဆောင်မှုကို ပေးရန် ကျွန်ုပ်တို့၏ ရုံးများဆိုက်သည့်ဆိပ်ကမ်းတည်နေရာများရှိ သင်္ဘောအုပ်စုများကို အသုံးပြုပါသည်။

 

RHENUS ၏ စီမံခန့်ခွဲမှုအရည်အသွေးကောင်းမွန်ပြည့်မီကြောင်းဆိုင်ရာအသိအမှတ်ပြုလက်မှတ်များ