အထူးပြုထားသော ဖြေရှင်းနည်းများ

ရှုပ်ထွေးသော ကမ္ဘာ့အဆင့် ပရောဂျက်များကို ကိုင်တွယ်ရန် အထူးရည်ရွယ်၍ ထိရောက်မှု အင်မတန်ရှိပြီး ကုန်ကျစရိတ် သက်သာသော ဝန်ဆောင်ဖြေရှင်း နည်းများဖြင့် ပံ့ပိုးပေးနိုင်ရန် ကျွန်ုပ်တို့ ကွန်ရက်ရှိ ရုံးခွဲများနှင့် ကိုယ်စားလှယ် ရုံးများကို အသုံးပြုပါသည်။ ကျွန်ုပ်တို့သည် ဖြစ်လာနိုင်သော အန္တရာယ်များကို ကြိုတင် ရှုမြင်ပြီး အနည်းဆုံး ဖြစ်အောင် လျှော့ချပေးသည့် အပြင် ဘတ်ဂျက်နှင့် အရောက် ပို့ရမည့် အချိန်စသည့် သတ်မှတ်ချက်များအတိုင်း ဖြစ်စေရန်လည်း ဆောင်ရွက် ပေးခြင်းဖြင့် အထူးပြုထားသော ကုန်စည် ပို့ဆောင်ရေးများအတွက် ထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို အစမှ အဆုံး စီမံ ခန့်ခွဲသည့် ဝန်ဆောင်မှုကိုလည်း ပေးပါသည်။ 

keyboard_arrow_up
ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု Rhenus

ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု Rhenus

သယ်ယူပို့ဆောင်ရေး နည်းလမ်း အမျိုးမျိုးနှင့် ဦးတည်ရာနေရာသို့ မပို့မီ ကုန်စည် ကူးပြောင်းတင်ချမှု ပြုလုပ်သည့် နေရာတို့သည် ပရောဂျက် ထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းစဥ် စီစဉ်ရေးဆွဲရာ၌ အရေးပါသော အချက်များဖြစ်သည်။ သယ်ယူပို့ဆောင်သည့် လုပ်ငန်းစဥ် တစ်ခုတွင် ကြားခံအဆင့်များ နည်းပါးမှုသည် ကုန်ကျစရိတ်နှင့် ထိခိုက်ပျက်စီးနိုင်ခြေကို လျှော့ချရာ ရောက်ပါသည်။ တစ်ဆက်တည်းမှာပင် ဘက်စုံအသုံးပြုသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဥ်များသည် ကုန်ကျစရိတ်နှင့် ကာဗွန် ထုတ်လုပ်မှုတို့နှင့် ဆိုင်သည့် အကျိုးကျေးဇူးများကိုလည်း ပေးဆောင်နိုင်ပါသည်။ အထူးပြုထားသော သယ်ယူပို့ဆောင်ရေး စီမံကိန်းများတွင်ပါဝင်သည့် ကုန်ပစ္စည်းများ၏ သဘော သဘာဝ၊ ပို့ဆောင်ရေး လမ်းကြောင်းများ၊ မူလ နေရာနှင့် ပို့ဆောင်ရမည့် နေရာများ စသည်တို့သည် မတူဘဲ ရှိကြသည်ဖြစ်ရာ ပို့ဆောင်မှုတစ်ခုချင်းစီနှင့်ကိုက်ညီလိုက်ဖက်သောဖြေရှင်းရေးနည်းလမ်းများသည် အစဉ်အမြဲလိုအပ်လျက်ရှိပါသည်။

အထူးပြုထားသော ကုန်စည်ပို့ဆောင်မှုများအတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

ယာဉ်ဌားရမ်းသတ်မှတ်ထားသော သမုဒ္ဒရာရေကြောင်းဖြင့် ကုန်ပို့ဆောင်မှုဆိုင်ရာဝန်ဆောင်မှု

ကျွန်ုပ်တို့သည် နှစ်ပေါင်းများစွာ ရယူထားသော အတွေ့အကြုံများမှ တစ်ဆင့် နိုင်ငံတကာ သင်္ဘော ကုမ္ပဏီကြီးများနှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့ပါသည်။ Rhenus အနေနှင့် အရေအတွက် များပြားလှသော ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်းဖြင့် ပို့ဆောင်ပေး​သောကြောင့် အချိန်ဇယားအတိုင်း ပြေးဆွဲနေသည့် ရေကြောင်း ဝန်ဆောင်မှုများ ပေးလျက်ရှိသော အော်ပရေတာများထံမှ ပြိုင်ဆိုင်မှုကောင်းသော ကုန်ပို့ဆောင်ခ နှုန်းထားများ ရယူထားနိုင်သည့် အကျိုးအမြတ်များ ရထားသည့်အပြင် လူကြီးမင်းတို့ လိုအပ်ချက်များနှင့် ကိုက်ညီအောင်လည်း ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့ ကွန်ရက်တွင် လူသိများသော သင်္ဘောလိုင်း ကုမ္ပဏီကြီးများနှင့် ပုံမှန်ထက် အလေးချိန် များသည့် ကုန်ပစ္စည်းများအတွက် သီးသန့် သင်္ဘောများရှိသော အသေးစား သင်္ဘောလိုင်း ကုမ္ပဏီငယ်များလည်း ပါဝင်ပါသည်။ ဤကွန်ရက်ကြောင့်ပင် အရည်အသွေး မြင့်မှုနှင့် စျေးနှုန်း သင့်မှုတို့ကို တစ်ပြိုင်တည်း ဝန်ဆောင်မှု ပေးနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့တွင် ကုန်တင် သင်္ဘောဌားရမ်း၍ ကုန်ပို့ဆောင်ပေးသော ဝန်ဆောင်မှုနယ်ပယ်၌လည်း ကျွမ်းကျင်မှု များစွာရှိပါသည်။ ရေယာဉ်ပေါ်တွင် ထိန်းချုပ်မှု အပြည့်ရှိရန် သို့မဟုတ် တစ်စိတ် တစ်ဒေသသာ ရှိရန် လူကြီးမင်းတို့ ရွေးချယ်နိုင်ပါသည်။ လူကြီးမင်း၏ လေးလံသော ကုန်ပစ္စည်းများအတွက် သင့်လျော်သော သိုလှောင်မှုနေရာကို စီစဉ်ရာတွင် ကျွန်ုပ်တို့ မြန်ဆန်စွာ ဝန်ဆောင်မှုပေးပါသည်။ ကျွန်ုပ်တို့၏ နည်းပညာဌာနမှ ကျွမ်းကျင် ဝန်ထမ်းများတွင် ဘက်စုံ အကြံဥာဏ်များနှင့် ပံ့ပိုးကူညီမှု ပေးနိုင်သော လေ့ကျင့်သင်ကြားမှု ခံယူထားသည့် သင်္ဘော တည်ဆောက်ရေး အင်ဂျင်နီယာများ ပါဝင်ပါသည်။

အရွယ်အစား သို့မဟုတ် အလေးချိန် ပိုသော ကုန်ပစ္စည်းများ

ကျွန်ုပ်တို့ ဝန်ဆောင်မှုများအနက် အလေးပေးထားသော ကဏ္ဍတစ်ခုမှာ လွန်ကဲသော အရွယ်အစား သို့မဟုတ် အလေးချိန်ရှိသည့် ကုန်ပစ္စည်းများကို ပို့ဆောင်ခြင်းဖြစ်သည်။ လူကြီးမင်း၏ ကုန်ပစ္စည်း လက်ခံရယူမှုအတွက် စီစဉ်ခြင်းလုပ်ငန်းမှစ၍ လမ်းစည်းကမ်းဆိုင်ရာ တာဝန်ရှိသူများထံမှ ပါမစ်များရယူပြီး ပရောဂျက် ပြီးမြောက်သည်အထိ ကျွန်ုပ်တို့သည် အခြေအနေကို ခိုင်မြဲစွာ ထိန်းချုပ်နိုင်အောင် လုပ်ဆောင်ပါသည်။ ဤလုပ်ငန်းစဉ်တွင် လူကြီးမင်းအတွက် အဆက်အသွယ် လုပ်ရမည့် ပုဂ္ဂိုလ်တစ်ဦးတည်းသာ ရှိပြီး လုံး၀ ပွင့်လင်းမြင်သာမှုကို ရရှိစေပါသည်။ လွန်ကဲသော အရွယ်အစား သို့မဟုတ် အလေးချိန်ရှိသည့် ကုန်ပစ္စည်းများကို စီမံသည့်အခါတွင် လိုအပ်သော ပစ္စည်းကိရိယာများကို ရရှိနိုင်စေရန် အရည်အချင်း ပြည့်မီသော ပူးပေါင်းဆောင်ရွက်သူများနှင့် ကျွန်ုပ်တို့ လုပ်ဆောင်ပါသည်။ ဤနည်းလမ်းများကို အသုံးပြုကာ ကျွန်ုပ်တို့၏လိုအပ်ချက်များနှင့်ကိုက်ညီမှန်ကန်သော ပို့ဆောင်ရေးစီးပွားဖက်များနှင့် ယာဉ်အမျိုးအစားများကို ရွေးချယ်ပါသည်။ ထိုသို့ ပြင်ဆင်ပြောင်းလဲရ လွယ်မှုသည် လူကြီးမင်းတို့အတွက် ကုန်ကျစရိတ်များကို လျှော့ချနိုင်စေပါသည်။

သယ်ယူပို့ဆောင်စဉ် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများ လုံခြုံမှုရှိစေသည့်

ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်စဉ်အတွင်း လိုအပ်သော အစိုဓာတ်၊ အပူဓာတ်၊ အအေးဓာတ် သို့မဟုတ် အမြင့်နှင့် အခြား အခြေအနေများကို အထူးသတိထား၍ဂရုစိုက်ရပါသည်။ ၎င်းသည် သယ်ယူပို့ဆောင်သည့် လမ်းကြောင်းနှင့် အချိန်ရာသီပေါ် မူတည်၍လည်း ကွဲပြားနိုင်ပါသည်။ ကုန်ပစ္စည်းများသည် သယ်ယူ ပို့ဆောင်သည့် နည်းလမ်း တစ်မျိုးမှ အခြားတစ်မျိုးသို့ ပြောင်းရာတွင်လည်း ကြမ်းတမ်းသော အခြေအနေများကို ခံရနိုင်သည်။ တုန်ခါမှုများကြောင့် ဖြစ်စေ အပူချိန် အပြောင်းအလဲများကြောင့် ဖြစ်စေ ရာသီဥတု အပြောင်းအလဲများကြောင့် ဖြစ်စေ စသည်တို့ကြောင့် ရာသီဥတု ဒဏ်နှင့် သက်ရောက်မှုများကို ခံနိုင်ရည်ရှိစေရန် ပစ္စည်းများကို ထုတ်ပိုးရန် လိုအပ်ပါသည်။ ကျွနိုပ်တို့ အနေဖြင့် HPE ထုတ်ပိုးမှု စံချိန်စံညွှန်းများနှင့် အညီ လူကြီးမင်းတို့၏ လေးလံသော ကုန်ပစ္စည်းများ ထုတ်ပိုးမှုအတွက် တာဝန်ယူ ထုတ်ပိုးပေးပါသည်။ သာမန် ကွန်တိန်နာအတွင်း မဆန့်သည့် အရွယ်အစား ကြီးမားသော ကုန်ပစ္စည်း အစိတ်အပိုင်းများအတွက် ထုတ်ပိုးမှုသည် အလွန် အရေးပါလှပါသည်။ ဤဝန်ဆောင်မှုသည် လူကြီးမင်းတို့ လိုအပ်ချက်များနှင့် ကိုက်ညီပြီး ကုန်စည် ပို့ဆောင်မှုကိုလည်း လုံခြုံမှုရှိစေရန်အတွက် အရည်အသွေးမြင့် ပြီးပြည့်စုံသော ထုတ်ပိုးမှု ဖြစ်စေရန် ပံ့ပိုး ဆောင်ရွက်ပေးပါသည်။ 

မေးခွန်းများအားလုံးအတွက် တစ်ဦးတည်း ဆက်သွယ်နိုင်ခြင

Rhenus Myanmar သည် လူကြီးမင်း၏ ကုန်စည် ပို့ဆောင်မှုများ အားလုံးကိုဆောင်ရွက်ပေးနိုင်သည့် တစ်ဦးတည်းသော ဝန်ဆောင်မှုပေးသူအနေဖြင့် ရပ်တည်လျက်ရှိပါသည်။ ဤနည်းလမ်းသည် တစ်သမတ်တည်းဖြစ်ပြီး ထိရောက်မှု ရှိသော ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် လူကြီးမင်း၏ လုပ်ငန်းနှင့် ပတ်သက်၍ ပိုမို သိရှိပြီး ပိုမို ကောင်းမွန်စွာ နားလည်ရန် အထောက်အကူပြုပါသည်။

add

အဓိက လုပ်ငန်းစဉ်များအပေါ် အာရုံစိုက်ခြင်း

လူကြီးမင်းတို့၏ လုပ်ငန်းအကြောင်း ကျွန်ုပ်တို့ ပိုမို နားလည်သရွေ့ ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးနိုင်မည် ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော နားလည်မှု ရှိလာြခင်းသည်  ပရောဂျက်၏ အရေးပါလှသော ကဏ္ဍများကို အာရုံစိုက်စေပြီး အလုပ် လုပ်နိုင်စွမ်းနှင့် client ထံပေးအပ်သော ဝန်ဆောင်မှု၏ အရည်အသွေးကိုလည်း မြှင့်တင်ပေးပါသည်။ 

add

နှောင့်နှေးမှုများကို လျှော့ချခြင်း

ကျွန်ုပ်တို့၏ ပြီးပြည့်စုံ၍ ကြိုတင်စီစဉ်မှုရှိခြင်းတို့၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လူကြီးမင်း၏ ပရောဂျက် ပြီးမြောက်ရမည့် ရက်နှင့် ဘတ်ဂျက်အပေါ် အခြေခံကာ ကုန်စည်ပို့ဆောင်ရေး ဖြေရှင်းနည်းများကို ပိုင်းခြားစိစစ်ပြီး အကြံပေးခြင်းဖြင့် ပို့ဆောင်မှု နှောင့်နှေးနိုင်ခြေများကို လျော့ပါး သက်သာစေပါသည်။

add

မေးခွန်းများရှိပါသလား။

လူကြီးမင်းအတွက် အထူးဝန်ဆောင်မှုပေးမည့် အရောင်း ကိုယ်စားလှယ် သို့မဟုတ် လုပ်ငန်း လည်ပတ်မှုဆိုင်ရာ အဓိက တာဝန်ရှိသူ တစ်ဦးဦးမှ လိုအပ်သည့် အချက်အလက်များအတွက် သင့်အား ကူညီပေးပါလိမ့်မည်။

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်အကြောင်း ပိုမိုလေ့လာလို
ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်အကြောင်း ပိုမိုလေ့လာလို

ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်အကြောင်း ပိုမိုလေ့လာလို

ကျွန်ုပ်တို့ရုံးခွဲ ဝန်ဆောင်မှုပေးခဲ့သည့် ဖြစ်ရပ်များ

ထပ်မံရှာဖွေရန်