You can see a containership from above on the ocean You can see a containership from above on the ocean

FCL ကုန်စည်ပို့ဆောင်ရေး - ကွန်တိန်နာအပြည့် ပို့ဆော

FCL ၏ အရှည်ကောက်မှာ Full-container load (ကွန်တိန်နာအပြည့်ကုန်တင်မှု) ဖြစ်ပြီး ကွန်တိန်နာတစ်ခုအား ဝင်ဆံ့နိုင်သမျှကုန်စည်ဖြည့်ကာ ကုန်တင်သည့်နေရာမှ ကုန်ချသည့်နေရာသို့ ပို့ဆောင်သော နည်းလမ်းတစ်မျိုးဖြစ်ပါသည်။ ကုန်ပစ္စည်းပမာဏများပြားမှုအပေါ်မူတည်၍ FCL သည် လူကြီးမင်း၏လုပ်ငန်းအတွက် စျေးသက်သာအထိရောက်ဆုံးသော သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခု ဖြစ်ပါသည်။

keyboard_arrow_up
FCL ကုန်စည်ပို့‌ဆောင်ခြင်းမှ လူကြီးမင်း၏

FCL ကုန်စည်ပို့‌ဆောင်ခြင်းမှ လူကြီးမင်း၏

စီးပွားရေးအမြင်ဖြင့်ကြည့်လျှင် လူကြီးမင်း ပို့ဆောင်မည့် ကုန်ပစ္စည်းပမာဏသည် သတ်မှတ်ထားသော FCL ပို့ဆောင်မှုအတွက်လုံလောက်ပါက ကုန်စည်များကို စမှတ်မှ ဆုံးမှတ်အထိ FCL ဖြင့်သယ်ယူပို့ဆောင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ဤသို့ကွန်တိန်နာပြည့်ပို့ဆောင်ခြင်းသည် ကုန်စည်ထောက်ပံ့သူအား ပြည့်၀သော ပွင့်လင်းမြင်သာမှု၊  ထိရောက်သောထိန်းချုပ်စောင့်ကြည့်မှုနှင့် လုံခြုံသော ထောက်ပံ့ရေးကွင်းဆက်ကို ဖော်ဆောင်ပေးပါသည်။ နောက်တစ်နည်းအနေဖြင့် Rhenus သည် LCL နှင့် ကွန်တိန်နာတစ်ခုတည်းကုန်စည်ပေါင်းစည်းသောဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးပါသည်။

လူကြီးမင်း၏ FCL ကုန်စည်ပို့ဆောင်ရေးအတွက် ရွေးချယ်စရာများ

လူကြီးမင်းအနေဖြင့် ဆိပ်ကမ်းမှဆိပ်ကမ်း၊ စက်ရုံမှစက်ရုံ၊ ဆိပ်ကမ်းမှစက်ရုံ သို့မဟုတ် စက်ရုံမှဆိပ်ကမ်း စသောပို့ဆောင်ရေးပုံစံအမျိုးအစားများကိုရွေးချယ်နိုင်ပါသည်။

 

ကမ္ဘာ့အဆင့်မီ အရည်အသွေး

သင်္ဘောမပါသောကုန်စည်ပို့ဆောင်သူ (NVOCC) တစ်ခုအနေဖြင့် Rhenus Myanmar သည် လက်ရွေးစင် သင်္ဘောကုမ္ပဏီများစွာနှင့် နီးကပ်စွာချိတ်ဆက်ထားသောကြောင့် စီးပွားအဖြစ်ဆုံးသောကာလများအတွင်းပင်လျှင် သူများထက်စျေးသက်သာသောပို့ဆောင်ရေးဝန်ဆောင်မှုများပေးနိုင်ပါသည်။

ဥရောပနှင့် အာရှဆိပ်ကမ်းများမှ အချိန်တိကျသော အုပ်စုလိုက်ကုန်သင်္ဘောထွက်ခွာမှု ပုံသေအချိန်ဇယားများထားရှိထားခြင်းကြောင့် ကျွန်ုပ်တို့သည် ပို့ဆောင်ရေးအစီအစဉ်များအတွက်ယုံကြည်စိတ်ချရသောဝန်ဆောင်မှုများကို ပေးဆောင်နိုင်ပါသည်။

add

RHENUS FCL ၀န်ဆောင်မှုများကို ရွေးချယ်ခြင်း၏ အကျို

  • ကုန်စည်ကိုအမြဲတမ်းချိတ်ပိတ်၍ပို့ဆောင်ကာ လုံခြုံရေးတိုးမြှင့်မှု
  • အချက်အလက်များ တိကျမှန်ကန်မှုနှင့် ထိရောက်မှု
  • သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကုန်ကျစရိတ်များကို အများဆုံးလျှော့ချနိုင်မှု
  • လူကြီးမင်း၏လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပြုလုပ်ပေးထားသော ကွန်တိန်နာသုံး ကုန်စည်ပို့ဆောင်ရေး
  • ကုန်စည်ပို့ဆောင်ရေးအား စဉ်ဆက်မပြတ် ခြေရာခံနိုင်မှု
  • ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီများထံ စာရွက်အသုံးမပြုသော ဘွတ်ကင်စာရင်းသွင်းခြင်းနှင့် ပို့ဆောင်ရေးလမ်းညွှန်ချက်များပေးပို့ခြင်း
  • တိုက်ကြီးများဖြတ်သန်းကာ အိမ်တိုင်ရာရောက်သယ်ယူပို့ဆောင်ရေး
add

ယုံကြည်စိတ်ချရသော ပို့‌ဆောင်ရေးအချိန်ဇယားများ

Rhenus ပင်မကုန်စည်ပို့ဆောင်သူပရိုဂရမ်(The Rhenus Core Carrier Programme) သည် အမြန်ဆုံးကုန်စည်ကူးပြောင်းချိန်၊ကုန်စည်တင်နေရာနှင့် အကောင်းဆုံးစက်ယန္တရားဝန်ဆောင်မှုများပေးကာ ကုန်ကျစရိတ်ဆိုင်ရာ အားသာချက်များကို ရရှိစေပါသည်။ Rhenus သည် ကမ္ဘာအနှံ့ အမျိုးမျိုးသောကုန်ချမည့်နေရာများသို့ အပတ်စဉ်ရေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုများလည်းပေးနေပါသည်။


ကျွန်ုပ်တို့၏ ထိရောက်၍ စည်းစနစ်ကျသော လုပ်ငန်းစဉ်များကြောင့် ကမ္ဘာ့မည်သည့်ရုံးစိုက်ရာနေရာတွင်မဆို ကုန်စည်ဦးတည်ရာသို့အချိန်တိကျမှန်ကန်စွာပို့ဆောင်ပေးပါသည်။ ဥရောပဆိပ်ကမ်းများသို့ ရောက်ရှိလာသော ကုန်ပစ္စည်းများအား ကျွန်ုပ်တို့၏ ဥရောပရှိ ရုံးများမှတစ်ဆင့် ထရပ်ကား၊ မီးရထားနှင့် ကုန်းတွင်းပို့ဆောင်ရေး ရေယာဉ်တို့ဖြင့် လျင်မြန်စွာ ပို့ဆောင်ပေးလျက်ရှိပါသည်။

add

မေးခွန်းများရှိပါသလား။

Rhenus Myanmar ၏ ကျွမ်းကျင်ပညာရှင်များသည် လူကြီးမင်းတို့အား ကူညီပေးရန် အမြဲအသင့်ရှိနေပါသည်။ မေးခွန်းများရှိပါက အဆင်ပြေ လွယ်ကူစေရန် Rhenus Myanmar မှ လူကြီးမင်းတို့အား ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ