RHENUS နှင့် ကုန်စည်အလုံးအရင်း သို့ သယ်သော ကုန်စည်

Rhenus Myanmar သည် ဆိပ်ကမ်း နောက်တစ်နေရာသို့ မပို့မီ ကုန်စည်ကူးပြောင်းတင်ချမှုပြုလုပ်ခြင်း၊ ပရောဂျက် ကုန်စည်၊ ဝမ်းပုံစနစ်ဖြင့် သယ်ရသော ကုန်စည် (bulk)၊ ထုတ်ပိုးထားသော ကုန်စည်အလုံးအရင်း (break bulk) ၊ ကြီးမားသော ကုန်ပစ္စည်းများနှင့် အထွေထွေ ကုန်ပစ္စည်းများအား သိုလှောင်မှုနှင့် ပို့ဆောင်မှုစသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းပိုင် အားသာချက်များကို အသုံးပြု၍ဖြစ်စေ သို့မဟုတ် ကျွန်ုပ်တို့၏ လက်တွဲ ပူးပေါင်းဆောင်ရွက်သူများနှင့် အတူတကွ လုပ်ကိုင်၍ဖြစ်စေ ကျွန်ုပ်တို့သည် ကုန်ပစ္စည်းများကို သင့်လျော်မှုရှိ၍ စည်းမျဥ်းအားလုံးနှင့် ကိုက်ညီမှုရှိသော အဆောက်အဦများတွင် သိုလှောင်ပေးပါသည်။

keyboard_arrow_up
လုပ်ငန်းကြီးများအတွက်ကုန်ကြမ်းပစ္စည်းများ

လုပ်ငန်းကြီးများအတွက်ကုန်ကြမ်းပစ္စည်းများ

Rhenus Myanmar သည် ဆယ်စုနှစ်များစွာ အစဉ်အလာနှင့် အတွေ့အကြုံများရှိသည့်အတွက် သံမဏိ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ စွန့်ပစ် ပစ္စည်းများနှင့် ပြန်လည် အသုံးပြုနိုင်သော ပစ္စည်းများ၊ ကျောက်မီးသွေး၊ မော်တော်ယာဉ်များ၊ ဓာတ်မြေသြဇာ၊ ဓာတုပစ္စည်းများ၊ သစ်သား၊ စက္ကူ၊ ဆဲလ်လူးလို့စ်နှင့် အခြားကုန်စည်များကို သိုလှောင်သည့် ဝန်ဆောင်မှုတွင် ကျွမ်းကျင်မှု ရှိပါသည်။ ကျွန်ုပ်တို့သည် နောက်ဆုံးပေါ် နည်းပညာများနှင့် ကုန်စည်ကူးပြောင်းတင်ချမှု (transhipment)အတွက် နည်းလမ်းအသစ်များ ဖော်ဆောင်ရာတွင် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံလျက် ရှိပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် bulk ကုန်စည်များအစ အထွေထွေ bulk ကုန်ပစ္စည်းများအထိ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများစွာကို ဆောင်ရွက်ပေးပါသည်။

မေးခွန်းများရှိပါသလား။

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များသည် လူကြီးမင်းအား ကူညီပေးရန် အမြဲအသင့်ရှိနေပါသည်။ လူကြီးမင်းဆန္ဒရှိပါက ကျွန်ုပ်တို့သည် လူကြီးမင်းအား ပြန်လည်ခေါ်ဆိုပေးမည် ဖြစ်သဖြင့် သက်သောင့်သက်သာရှိ၍ ရိုးရှင်းပါသည်။

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။