You can see a truck in a rural setting. You can see a truck in a rural setting.

သင့်လိုအပ်ချက်များအတွက် FTL ကုန်ပို့ဆောင်ရေးဆိုင်ရ

ကုန်အပြည့်တင်မှု သို့မဟုတ် ထရပ်ကားအပြည့် ကုန်တင်မှု (FTL) ဆိုသည်မှာ ကုန်စည်များကို ထရပ်ကား၏ ကွန်တိန်နာတစ်ခုလုံးအပြည့်ဖြည့်ထားခြင်းဖြစ်သည်။ Rhenus Myanmar အနေဖြင့် လူကြီးမင်း၏ ကုန်စည်များကို ကုန်တင်သည့်နေရာမှ နောက်ဆုံးပို့ဆောင်ရမည့်နေရာ သို့မဟုတ် ကုန်အသုံးပြုမည့်နေရာသို့ တိုက်ရိုက် ပို့ဆောင်ပေးရန်အတွက် သီးသန့်ထရပ်ကားတစ်စီးကို ထားရှိအသုံးပြုပို့ဆောင်ပေးခြင်းဖြစ်ပါသည်။

keyboard_arrow_up
FTL ပို့ဆောင်‌ရေးအတွက် RHENUS နှင့်လက်တွဲ

FTL ပို့ဆောင်‌ရေးအတွက် RHENUS နှင့်လက်တွဲ

Rhenus Myanmar သည် မည်သည့်ကုန်စည်အရွယ်အစားနှင့် မည်သည့်ပို့ဆောင်ရမည့်နေရာကိုမဆို နိုင်ငံတာကာကွန်ရက်အတွင်း စမှတ်မှ ဆုံးမှတ်ထိ FTL များဖြင့်ပို့ဆောင်ပေးးပါသည်။ Rhenus Myanmar သည် ပြည်တွင်း ပြည်ပ အိမ်တိုင်ရာရောက် ပို့ဆောင်‌ရေးဝန်ဆောင်မှုများကို ထိရောက်ယုံကြည်စိတ်ချနိုင်သောပို့ဆောင်ချိန်များဖြင့် ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ထို့အပြင် အမြန်အချောပို့ ဝန်ဆောင်မှုများနှင့် ကုန်ဝယ်သူတစ်ဦးက မှာယူထားသော နေရာအမျိုးမျိုးမှကုန်ပစ္စည်းများအားလုံးကို ထရပ်ကားတစ်စီးတည်းဖြင့် ကောက်ယူပို့ဆောင်ပေးမှု သို့မဟုတ် လိုအပ်သလိုကုန်ပို့ဆောင်ပေးမှုကဲ့သို့သော သီးသန့်ဝန်ဆောင်မှုများလည်းပေးစွမ်းနိုင်ပါသည်။

လူကြီးမင်း၏ ကုန်စည်များအတွက် ကျွန်ုပ်တို့၏ ကုန်အပြည့်တင်မှုဆိုင်ရာ ဝန်ဆောင်မှုများ

Rhenus Myanmar တွင် FTL ပရောဂျက်လိုအပ်ချက်တစ်ခုချင်းစီအတွက် လူကြီးမင်း၏ဆန္ဒများကို ဖြည့်ဆည်းပေးမည့် သူမတူသော ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာနည်းလမ်းများနှင့် ဝန်ဆောင်မှုပက်ကေ့ခ်ျများ ရှိပါသည်။

 

ပုံမှန်နှင့် အမြန်အချောပို့ FTL ကုန်စည်ပို့ဆောင်မှုများ

  • FTL ကုန်စည်ပို့ဆောင်မှုများအတွက် ကုန်စည်သည်မည်သည့် အရွယ်အစား၊ အလေးချိန် သို့မဟုတ် သီးသန့်လိုအပ်ချက်များ ရှိနေပါစေ ကုန်အမျိုးအစားအများစုကို သယ်ယူပို့ဆောင်ပေးသောကြောင့် လူကြီးမင်း စိတ်တိုင်းကျညှိယူပြောင်းလဲနိုင်စွမ်းကို ပံ့ပိုးပေးပါသည်။
  • ကျွန်ုပ်တို့၏ ထရပ်ကားများသည် နေ့စဉ် မောင်းနှင်ပြေးဆွဲလျက်ရှိပါသည်။ Rhenus ၏ တစ်ဆင့်ကန်ထရိုက်တာများ၏ ဒေတာစုစည်းမှုကြောင့် Rhenus သည်စျေးကွက်ပေါ်ရှိ များစွာသော အရင်းအမြစ်များကို ရယူသုံးစွဲနိုင်ပါသည်။
  • ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကုန်စည်ပို့ဆောင်မှုကို စဉ်ဆက်မပြတ် စောင့်ကြည့်ကွပ်ကဲကာ တောင်းဆိုထားသည့် နေရာသို့ အချိန်မီ ပို့ဆောင်ပေးပါသည်။
  • ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့ ရုံးစိုက်မှုနှင့် နိုင်ငံတကာ ကွန်ရက်တို့သည် မြန်ဆန်၍ ယုံကြည်စိတ်ချရသော ကုန်စည်ပို့ဆောင်မှုများအား အကျိုးပြုပေးပါသည်။
  • ကျွန်ုပ်တို့သည် ကုန်စည်ကိုင်တွယ်‌‌ရေးနှင့် ဥပဒေရေးဆိုင်ရာ လိုအပ်ချက်များနှင့်ပတ်သက်၍လည်း ကျယ်ပြန့်သော ဝန်ဆောင်မှုများနှင့် အကြံဉာဏ်များကို ပေးစွမ်းနေပါသည်။
  • ကျွန်ုပ်တို့၏ ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးထား၍ အရည်အချင်းပြည့်မီသော ဝန်ထမ်းများသည် အလျင်လိုကုန်စည်ပို့ဆောင်မှုများ၏ လိုအပ်ချက် အလုံးစုံကိုလည်း စီမံခန့်ခွဲပေးကာ ကမ္ဘာတစ်ဝှမ်း အဆင့်မြင့်ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။
  • ကျွန်ုပ်တို့၏ အမြန်အချောပို့ ဝန်ဆောင်မှုသည် အလျင်လိုကုန်စည်များအတွက် ယာဉ်မောင်းနှင်သူ နှစ်ဦးထားရှိပေးသည့် နည်းလမ်းကဲ့သို့သော ဝန်ဆောင်မှုပေးပါသည်။

 

RHENUS ၏ ကုန်းလမ်းကြောင်းဖြင့် ကုန်စည်ပို့ဆောင်မှုအတွက် ထပ်လောင်းဝန်ဆောင်မှုများ

FTL ပို့ဆောင်မှုအတွက်လူကြီးမင်း၏လက်တွဲဖော်

RHENUS MYANMAR ၏FTL ဝန်ဆောင်မှုများမှ ရရှိနိုင်သော

  • လူကြီးမင်း၏လိုအပ်ချက်များအလိုက် သီးသန့်ဖန်တီးပေးထားသည့် အကောင်းဆုံးသော စျေးနှုန်း-စွမ်းဆောင်ရည် အချိုးအစားဖြင့် ထိရောက်၍ ကျယ်ပြန့်သော မိတ်ဖက်ကွန်ရက်

  • လူကြီးမင်း၏ကုန်စည်ကို မူလနေရာမှ ပို့ဆောင်ရမည့် နေရာအထိ ထရပ်ကားမှ တစ်ကြိမ်မျှ မခွာစေသည့် လုံခြုံဘေးကင်း၍ ယုံကြည်စိတ်ချရသော ပို့ဆောင်မှု
  • ကုန်စည်ရပ်နားနေရာတစ်ခုမျှ မလိုအပ်သော တိုက်ရိုက်ပို့ဆောင်မှု
  • တိုက်ရိုက် ကုန်တင်ခြင်းနှင့် ကုန်ချခြင်းအပါအဝင် ရိုးရှင်းအောင် ရေးဆွဲထားသော လုပ်ငန်းစဉ်များကြောင့် ထိခိုက်မှုအန္တရာယ်ဖြစ်နိုင်ခြေ ပိုနည်းမှု
add

အချိန်တိကျမှန်ကန်သော ကုန်ပို့ဆောင်မှုများအတွက် ကျွ

  • အလျင်လိုကုန်စည်များအတွက် အမြန်အချောပို့ ဝန်ဆောင်မှုများမှ လူကြီးမင်း၏လိုအပ်ချက်များကို ပြည့်မီစေရေး
  • နိုင်ငံတကာ အကောက်ခွန်ရှင်းလင်းရေးနှင့်ပတ်သက်၍ ကျယ်ပြန့်သောအသိပညာများ
  • လုပ်ငန်းနယ်ပယ်အလိုက် လိုအပ်ချက်များအတွက် ဝယ်ယူသူတစ်ဦးက မှာယူထားသော နေရာအမျိုးမျိုးမှကုန်ပစ္စည်းများအားလုံးကို ထရပ်ကားတစ်စီးတည်းဖြင့် ကောက်ယူပို့ဆောင်ပေးမှု နှင့်လိုအပ်သလို ကုန်ပို့ဆောင်ပေးမှု
add

မြင့်မားသော အရည်အသွးနှင့် လုံခြုံဘေးကင်းသော ကုန်ပိ

  • ကျွန်ုပ်တို့သည် ကုန်စည်များကို လုံခြုံဘေးကင်းစွာ ယုံကြည်စိတ်ချရပြီးအချိန်တိကျသောဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးပါသည်။
  • အရည်အသွေးပြည့်၀သော ကုန်စည်ပို့ဆောင်ရေးကို အာမခံသည့် အတွေ့အကြုံရှိ၍ သီးသန့် ဝန်ဆောင်မှုပေးသော ကျွမ်းကျင်ပညာရှင်များ
  • ကုန်စည်များကို ကောက်ယူမှုမှ ပို့ဆောင်မှုအထိ ပွင့်လင်းမြင်သာမှု၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် အွန်လိုင်းမှတစ်ဆင့် ဘွတ်ကင်စာရင်းသွင်းနိုင်မှုနှင့် စာရွက်အသုံးမပြုသော IT ဝန်ဆောင်မှုများ
add