ပရောဂျက်လိုဂျီယာ စီမံအရာ

သယ်ယူပို့ဆောင်ရေးဆိုင်ရာ အင်ဂျင်နီယာပညာရပ်သည် အခြေအနေများ ရုတ်တရက် ပြောင်းလဲသွားလျှင်ပင် ပြီးပြည့်စုံသော ပရောဂျက် အကောင်အထည် ဖော်နိုင်မှုဖြစ်စေရန် ကြိုတင် စီစဉ်မှုနှင့် ဆိုက်တွင်း (on-site) ပံ့ပိုးမှုတို့ကို လုပ်ဆောင်ပေးပါသည်။ သင့်လျော်သော ကြိုတင်စီစဉ်မှုနှင့် ပရောဂျက် အကောင်အထည် ဖော်မှုတို့ဖြင့် ကျွန်ုပ်တို့သည် ဖြစ်လာနိုင်သော အန္တရာယ်များကို ရှောင်ရှားနိုင်ပြီး လူကြီးမင်းအတွက် ကုန်စည်ပို့ဆောင်ရေး ကုန်ကျစရိတ်များကိုလည်း လျှော့ချပေးနိုင်ပါသည်။

keyboard_arrow_up
မည်သည့် အခြေအနေမျိုးအတွက်မဆို ဝန်ဆောင်မှု

မည်သည့် အခြေအနေမျိုးအတွက်မဆို ဝန်ဆောင်မှု

ကျွန်ုပ်တို့ လုပ်ငန်းနယ်ပယ်၏ ရှုပ်ထွေးမှုနှင့် ကွဲပြားမှုတို့ကြောင့်လူကြီးမင်းတို့ လိုအပ်ချက်များနှင့် ကိုက်ညီသော အကောင်းဆုံးပုဂ္ဂိုလ်များကို ခန့်အပ်ထားပါသည်။ သယ်ယူပို့ဆောင်ရေး အင်ဂျင်နီယာများကို လူကြီးမင်းတို့၏ ပရောဂျက်အတွက် ခန့်အပ်မပေးခင် သူတို့၏ သင့်လျော်မှုကို ကျွန်ုပ်တို့က စစ်ဆေးသွားပါမည်။ ပြဿနာများ ဖြစ်ပေါ်လာသည့်အခါ မှန်ကန်သော ဆုံးဖြတ်ချက်ချရန်အတွက် အခြေအနေနှင့် ကုန်ပစ္စည်းကို ကျွမ်းကျင်စွာ သိရှိသူတစ်ဦးလိုအပ်ပါသည်။ ဟိုက်ဒရောလစ် နောက်တွဲယာဉ် မောင်းနှင်ရေး ကျွမ်းကျင်သူများမှအစ လေးလံသော ပစ္စည်းများ မတင်ခြင်း  လုပ်ငန်းလုပ်ဆောင်သည့် ဆိပ်ကမ်းမှူးများအဆုံး ကျွန်ုပ်တို့သည် ထိုကဲ့သို့ပရောဂျက်အဆင့် ကုန်ပစ္စည်းများအတွက် လုပ်ဆောင်မှု အားလုံးကို ပြုလုပ်ပေးပါသည်။ ကျွန်ုပ်တို့သည် ဆယ်စုနှစ်များစွာ ရှိပြီဖြစ်သော သယ်ယူ ပို့ဆောင်ရေး အင်ဂျင်နီယာပိုင်း အတွေ့အကြုံအပြင် စီးပွားရေး စိန်ခေါ်မှုများနှင့် ပတ်သက်၍လည်း အသိပညာကြွယ်၀ပါသည်။

အင်ဂျင်နီယာဆိုင်ရာ ကိစ္စရပ်များနှင့် တိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်မှုများအတွက် ကျွန်ုပ်တို့ထံမှ ရွေးချယ်စရာများ

လုံခြုံစိတ်ချရပြီး လက်တွေ့ဆန်သော ကုန်ပို့ဆောင်ရေးများအတွက် အာမခံပေးခြင်း

လက်တွေ့ဆန်မဆန် လေ့လာမှု

ပို့ဆောင်သော ကုန်ပစ္စည်း၏ သင့်လျော်မှု၊ ဖြစ်နိုင်ခြေရှိသော သယ်ယူပို့ဆောင်ရေး နည်းလမ်းများနှင့် လမ်းကြောင်းတစ်မျိုးမှ သယ်ယူပို့ဆောင်နိုင်သည့် အကြီးဆုံး ကုန်အရွယ်အစား နှင့် အများဆုံးအလေးချိန်ကို ဆုံးဖြတ်နိုင်ရန် အကဲဖြတ်စိစစ်မှုများကို လုပ်ဆောင်ပါသည်။

ကုန်စည်ပို့ဆောင်ရေးအတွက် မျှော်လင့်ထားရမည့် အန္တရာယ်များနှင့် စိန်ခေါ်မှုများအကြောင်း လေ့လာစိစစ်မှုမှ တစ်ဆင့် ပို့ဆောင်သူ (shipper) ထံ အသိပေးပါသည်။ အန္တရာယ်များနှင့် စိန်ခေါ်မှုများတွင် ပုံမှန်မဟုတ်သော အလေးချိန်၊ အရွယ်အစား သို့မဟုတ် ဝေးလံသော နေရာများပါဝင်သည်။

ပုံမှန်အားဖြင့် အစောပိုင်းအဆင့်တွင် လုပ်ဆောင်ပြီးသည့် ရလဒ်များသည် ကုန်ပစ္စည်း နောက်ဆုံး ဒီဇိုင်းပုံစံ သို့မဟုတ် သယ်ယူပို့ဆောင်ရေး နည်းလမ်းအပေါ် သက်ရောက်နိုင်ပါသည်။

ကုန်စည်ပို့ဆောင်ရေးနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေးခြင်း

ဆောက်လုပ်ရေး လုပ်ငန်းစဉ်အတွင်း အစောပိုင်းအဆင့်များတွင် Rhenus Myanmar သည် ကုန်ပစ္စည်းများ မတင်ခြင်းနှင့် ခိုင်မာမှုရှိစေရန် ကြိုးပတ် ချည်နှောင်ရသည့် နည်းလမ်းများကို အကဲဖြတ် စိစစ်ခြင်းဖြင့် ကူညီ ပံ့ပိုးပေးပါသည်။ ရေယာဉ်များ၊ ကရိန်းများ သို့မဟုတ် နောက်တွဲယာဉ်များနှင့်ပတ်သက်၍ အနည်းဆုံး ရှိသင့်ရမည့် လိုအပ်ချက်များကို ခွဲခြမ်းစိတ်ဖြာပေးပြီး အခြားသော အစားထိုး သယ်ယူပို့ဆောင်နိုင်သည့် နည်းလမ်း အယူအဆများကိုလည်း လုပ်ဆောင်ပေးပါသည်။

နည်းလမ်းထုတ်ပြန်ချက်များ

ကျွန်ုပ်တို့သည် လုပ်ငန်းစဥ်အမျိုးအစား အမျိုးမျိုးအတွက် နည်းလမ်း ထုတ်ပြန်ချက်များကို စုစည်း၍ အတည်ပြုဆောင်ရွက်ပါသည်။

နည်းလမ်းထုတ်ပြန်ချက်သည် တစ်ဆင့်ချင်းဖော်ပြထားသော လက်စွဲစာအုပ် တစ်အုပ်အတွင်း ကုန်ပို့ဆောင်ရေးနှင့် ပတ်သက်၍ အပြည့်အစုံ (သို့မဟုတ် ၎င်း၏ အစိတ်အပိုင်းအချို့) ကို သရုပ်ဖော်ပြသထားသည့် ဖွဲ့စည်းပုံ စာတမ်းတစ်ခုဖြစ်ပါသည်။ ဥပမာအားဖြင့် ၎င်းတွင် ကုန်မတင်ရေးဆိုင်ရာ စီမံချက်များ၊ ကုန်ပစ္စည်း စိတ်ချလက်ချ ရောက်ရှိရေး၊ အန္တရာယ် အကဲဖြတ် စိစစ်မှုများနှင့် အခြားစာရွက်စာတမ်းများအကြောင်း ပါရှိပါသည်။ ၎င်းကို "လုပ်ငန်းဆောင်ရွက်မှု လက်စွဲစာအုပ်" ဟုလည်း သိရှိကြပါသည်။

အရည်အသွေး စီမံခန့်ခွဲမှု

လက်ရှိတွင် အရည်အသွေး စီမံခန့်ခွဲမှုသည် ပရောဂျက်ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းနယ်ပယ်၏ အဓိက လုပ်ငန်းစဉ်များထဲမှ တစ်ခု ဖြစ်ပါသည်။ လုံခြုံပြီး ထိရောက်မှုရှိသော ကုန်စည်ပို့ဆောင်မှုကို ဖန်တီးရန်အတွက် အန္တရာယ်များကို ကြိုတင်ခန့်မှန်းရန်၊ လုပ်ထုံးလုပ်နည်းများ ဖော်ဆောင်ရန်နှင့် အန္တရာယ်များ လျှော့ချပေးရန် အသိပညာများကို မရှိမဖြစ်လိုအပ်ပါသည်။

 

သယ်ယူပို့ဆောင်မှုနှင့် ကုန်ပစ္စည်းအတွက် ပြီးပြည့်စုံသော အစီအစဉ်ရေးဆွဲမှု

သိုလှောင်ရေး အစီအမံများ

လူကြီးမင်း၏ တောင်းဆိုချက်အလိုက် Rhenus Myanmar သည် လူကြီးမင်းတို့၏ ကုန်ပို့ဆောင်ရေးအတွက် အစောပိုင်းနှင့် နောက်ဆုံးအဆင့် သိုလှောင်ရေး အစီအမံများကို ရေးဆွဲဖန်တီးပေးပါသည်။ သိုလှောင်ရေး အစီအမံများသည် သင်္ဘောပေါ်ရှိ ကုန်ပစ္စည်းများနှင့် စီစဉ်ထားသော သိုလှောင်ခန်းအနေအထားအပေါ် ခြုံငုံကြည့်ရှုသုံးသပ်မှုအဖြစ် လုပ်ဆောင်ပေးပါသည်။ ထိုအစီအမံများသည် ကုန်ပစ္စည်းနှင့်ဆိုင်သော အချက်အလက်၊ ကုန်စည်ကရိန်း အလှမ်းမီနိုင်မှု တို့အပြင် ရှုထောင့်အမျိုးမျိုးမှ မြင်တွေ့ရသည့် သင်္ဘောနှင့် ကုန်းပတ်ပုံစံတို့ကို သရုပ်ဖော်ပြသပါသည်။

ကုန်တင်ကုန်ချလုပ်ငန်း အစီအမံများ

ကုန်တင်ကုန်ချလုပ်ငန်း အစီအစဉ်များသည် ကုန်မတင်ရန် စီစဉ်ထားမှုဖြစ်သည်။  ၎င်းတို့သည် အကောင်းဆုံးသော အလှမ်းမီမှု၊ မတင်ရေး ကိရိယာများ၊ ကရိန်းအရေအတွက်နှင့် ချိတ်ဖြင့် မယူနိုင်မည့် ကုန်ပစ္စည်းအရေအတွက်များ စသည့် အသေးစိတ် အချက်အလက်များပါသော စီစဉ်လုပ်ဆောင်မှု ဖြစ်သည်။ ‘COG (ဗဟိုဆွဲငင်အား)’ နှင့် မတင်မည့် အမြင့်တို့ကိုလည်း စိစစ်ပေးပါသည်။

ချည်နှောင်ခြင်းလုပ်ငန်း စီစဉ်ထားမှုများ

လိုအပ်သော ကုန်ပစ္စည်းအပေါ်သရုပ်ဖော်ပြသမှုနှင့် တွက်ချက်မှုသည် သတ်မှတ်ထားသော လမ်းခရီး သို့မဟုတ် ကုန်ပစ္စည်းကို လုံခြုံစိတ်ချရစေပါသည်။

ဤစီစဉ်ထားမှုများ တွင် ကုန်ပစ္စည်းအပေါ် သက်ရောက်နေသော အင်အားများ၊ ချည်နှောင်ခြင်းနည်းများ၊ အသုံးပြုပစ္စည်းများ၊ နည်းလမ်းများ၊ စည်မျဉ်းစည်းကမ်းများနှင့် အခြားအရာများစွာ ပါဝင်ပါသည်။

ကရိန်းနှင့် နောက်တွဲယာဉ်တို့အပေါ် သရုပ်ဖော်မှုများ

ဖော်ပြပါ သရုပ်ဖော်မှုသည် ကုန်တင်လုပ်ငန်း သို့မဟုတ် ကွန်တိန်နာအတွင်း မဝင်ဆံ့သော (OOG) ကုန်ပစ္စည်းပါသည့် နောက်တွဲယာဉ်တစ်ခုပေါ်သို့ ကုန်တင်သည့် လုပ်ငန်းစဉ် သို့မဟုတ် ယာဉ်ကွေ့သွားသည့် ပုံစံကို အဆင့်ဆင့်သရုပ်ဖော်ထားခြင်းဖြစ်သည်။

သင်္ဘောကမ်းကပ်ခြင်း စီစဉ်ထားမှုများ

သင်္ဘောကမ်းကပ်ခြင်း စီစဉ်ထားမှုများနှင့် ကမ်းကပ်ခြင်းကို လေ့လာဆန်းစစ်မှုများသည် ဥပမာအားဖြင့် ဆိပ်ကမ်းတွင်ဖြစ်စေ၊ သင်္ဘောတစ်စင်းမှ နောက်တစ်စင်းသို့ ပြောင်းသည့် လုပ်ငန်းစဉ်များတွင်ဖြစ်စေ စီစဉ်ထားသော သင်္ဘောကြိုးပတ်သည့် လုပ်ငန်းအစီအမံများနှင့် ဝမ်းပြားရေယာဉ် သို့မဟုတ် သာမန်ရေယာဉ်၏ နေရာအနေအထားကို သရုပ်ဖော်ပြသရန် RoRo (သင်္ဘောပေါ်သို့/မှ မော်တော်ယာဉ်မောင်းတက်/မောင်းချ) လုပ်ငန်းများ သို့မဟုတ် အထူးသဘောဆိပ်ခံတံတားများစသည်တို့အတွက် ဆောင်ရွက်သွားမည့် နည်းလမ်းနှင့် ကမ်းကပ်ခြင်း လုပ်ငန်းစဉ်အပေါ် လေ့လာမှုများဖြစ်သည်။

အချိန်နှင့် တပြေးညီ အစီရင်ခံတင်ပြမှုတို့အပါအဝင်

ဆိပ်ကမ်းမှူး

ဆိပ်ကမ်းမှူး သို့မဟုတ် ကုန်ပစ္စည်းဆရာ/ကြီးကြပ်ရေးမှူးသည် မာစတာ/အရာရှိချုပ်၏ အတိုင်ပင်ခံဖြစ်သည်။ ကုန်ပစ္စည်းအတွက် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး မျှော်မှန်းထားသော ကုန်တင်မှုအကြောင်း သိရှိထားသဖြင့် ၎င်းတို့သည် ကုန်တင်/ကုန်ချစဉ်နှင့် ကုန်ပစ္စည်း လုံခြုံစွာ ရယူစဉ်အတွင်း ၎င်းတို့၏ ကျွမ်းကျင်ပညာဖြင့် သင်္ဘောအမှုထမ်းများအား ပံ့ပိုးပေးမည်ဖြစ်သည်။

ဆိုက်အော်ပရေတာ

ဆိုက်အော်ပရေတာသည် ပရောဂျက်ကာလအတွင်း ဆိုက်ထဲ၌ ရှိနေမည်ဖြစ်ပြီး ကုန်တင်ခြင်း၊ ကုန်ချခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ကုန်ပစ္စည်းစီမံခန့်ခွဲခြင်းတို့ကို ကူညီပေးပါသည်။

ကုန်ပို့ဆောင်ရေးဆိုင်ရာ အင်ဂျင်နီယာအပိုင်းအတွက် တာဝန်ရှိသည့်အပြင် ၎င်းတို့သည် client ၏ ပရောဂျက် အချိန်ဇယားအပေါ် အခြေခံ၍ ကုန်ပို့ဆောင်ရေးတွင် အချိတ်အဆက်မိစေခြင်း၊ ကုန်သိုလှောင်မှုနှင့် ကုန်ချမှုတို့တွင်လည်း ပါဝင်လုပ်ဆောင်မည်ဖြစ်သည်။

နောက်တွဲယာဉ် မောင်းနှင်သူ

နောက်တွဲယာဉ် မောင်းနှင်သူသည် မောင်းသူမဲ့နောက်တွဲယာဉ်များကို ကိုင်တွယ်ပေးခြင်း သို့မဟုတ်  ဝင်ရိုးများစွာပါသော နောက်တွဲယာဉ်များပေါ်ရှိ ဝင်ရိုးလိုင်းများနှင့် ဟိုက်ဒရောလစ်များကို ထိန်းချုပ်ပေးပါသည်။ ယာဉ်မောင်းနှင်သူတို့သည် ရှုပ်ထွေးသော ပို့ဆောင်ရေး သို့မဟုတ် တမူထူးခြားသော အလုပ်နေရာ လိုအပ်ချက်များအပြင် နောက်တွဲယာဉ်များပေါ်ရှိ ကွန်တိန်နာများကို ဟိုက်ဒရောလစ်စနစ်ဖြင့် ကုန်တင်ခြင်း၊ ချခြင်းတို့အတွက် တာဝန်ရှိပါသည်။

လမ်းကြောင်းစစ်တမ်း

လမ်းကြောင်းစစ်တမ်းသည် တံတားများ၊ လမ်းပေါ်ရှိ ဝါယာကြိုးများနှင့် အခြားသောအတားအဆီးများကို လက်တွေ့ ကုန်ပို့ဆောင်ခြင်းမပြုမီ စိတ်ကူးစိတ်သန်းဖြင့် ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုကို ဖော်ဆောင်ရန် ရည်ရွယ်ပါသည်။ ၎င်းတွင် စစ်ဆေးပို့ဆောင်နေစဉ်လမ်းကြောင်းတစ်လျှောက် လမ်းညွှန်ရေဒီယိုဖွင့်ထားခြင်းနှင့် ကုန်ပို့ဆောင်မှုကို ကြီးကြပ်ရန်နှင့် မှတ်တမ်းတင်ရန်အတွက် ခရီးစဉ်နောက်လိုက်ပါခြင်းတို့လည်း ပါဝင်ပါသည်။

ကုန်တင်/ ကုန်ချ စစ်တမ်း

ကုန်တင်၊ ကုန်ချခြင်း စစ်တမ်း တွင် ကုန်ပစ္စည်းကိုင်တွယ်မှုလုပ်ငန်းစဉ်ကို အကောင်းဆုံး လုပ်ဆောင်ကြောင်း အတည်ပြုရန်နှင့် သေချာမှုရှိစေရန်အတွက် ရေယာဉ်များ သို့မဟုတ် အလုပ်နေရာများသို့ သွားရောက်ခြင်းတို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များသည် ခရီးစဉ်ကို မှတ်တမ်းတင်ပြီး အန္တရာယ်များကို အနည်းဆုံးဖြစ်အောင် လျှော့ချခြင်းဖြင့် ချောမွေ့မြန်ဆန်ပြီး ဘေးကင်းလုံခြုံသော ကုန်စည်ပို့ဆောင်မှုအား ပံ့ပိုးပေးပါသည်။

ကုန်မတင်ခင် စစ်တမ်း

ဤစစ်တမ်းသည် ကုန်မတင်မီ ကုန်ပစ္စည်း၏ အခြေအနေ သို့မဟုတ် ထုပ်ပိုးမှုကို အကဲဖြတ်စိစစ်ပါသည်၊ ဥပမာ - ကုန်မတင်မီတည်းက ကုန်ပစ္စည်းများအား ထပ်တင်၍ရမရ/ လွတ်နေသော ကုန်တင်နေရာတို့နှင့် ဆိုင်သည့် အချက်အလက်များကို ရယူရန် သို့မဟုတ် သက်ဆိုင်ရာ ပါဝင်သူ တစ်ဦးဦး၏ တောင်းဆိုချက်အရ လိုအပ်ပါက အခြေအနေကို ပြင်ဆင်တင်ပြရန်ဖြစ်သည်။

ထိခိုက်ပျက်စီးမှုစစ်တမ်း

ထိခိုက်ပျက်စီးမှုစစ်တမ်းသည် ထိခိုက်တစ်ခုဖြစ်ပွားပြီးနောက် ပျက်စီးသွားသော ပရောဂျက်အဆင့် ကုန်ပစ္စည်းအပြည့်အစုံကို လေ့လာဆန်းစစ်ခြင်းဖြစ်ပါသည်။

နောက်ဆုံးအစီရင်ခံချက်တွင် အသေးစိတ်ရေးသားထားသော စာရွက်စာတမ်းနှင့် ကျွမ်းကျင်သူတို့၏ အကြံဉာဏ်များလည်း ပါဝင်ပါသည်။

လူကြီးမင်း စိတ်အေးချမ်းပြီး တစ်ပြေးညီ အစီရင်ခံမှ

ပရောဂျက်များသည် ပို၍ ရှုပ်ထွေးလာပြီဖြစ်ရာ လက်ရှိဖြစ်ပေါ်နေ‌သော အခြေအနေနှင့် ကုန်ပို့ဆောင်စဉ် ကိုင်တွယ်ပုံတို့နှင့်ဆိုင်သည့် သတင်းအချက်အလက်များသည် ပါဝင်ပတ်သက်သူ အားလုံးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ Rhenus Myanmar သည် ကျွန်ုပ်တို့၏ ကျွမ်းကျင်သူများ ရိုက်ကူးထားသော မှတ်စုများနှင့် ဓာတ်ပုံများမှတစ်ဆင့် ကုန်ပို့ဆောင်နေစဉ်အတွင်း လူကြီးမင်းထံ အသိပေးသည့် အစီရင်ခံစာ တစ်ခုကို တီထွင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ အချိန်နှင့် တပြေးညီ တိုက်ရိုက် အစီရင်ခံစာ ဝန်ဆောင်မှုအား ဆိပ်ကမ်းမှူး၊ ဆိုက်တက်ရောက်သူနှင့် လမ်းကြောင်းကိုင်တွယ်သူတို့မှအစ လမ်းကြောင်းစစ်တမ်း၊ ကုန်မတင်ခင် စစ်တမ်း သို့မဟုတ် ပျက်စီးမှု စစ်တမ်းအဆုံး  ပါဝင်တက်ရောက်သူ အားလုံးက အသုံးပြုနိုင်ပါသည်။

add

RHENUS ထံ ဆက်သွယ်၍ ပူးပေါင်းလုပ်ကိုင်လိုက်ပါ

ကျွန်ုပ်တို့၏ ခေတ်မီကိရိယာများဖြင့် လူကြီးမင်းသည် အဖွဲ့သို့ ဝင်ရောက်နိုင်ပါသည် -

  • ပါဝင်သူတိုင်းအတွက် ပွင့်လင်းမြင်သာမှု
  • အိုင်ဒီယာများကို အတူတကွ ဖော်ဆောင်လိုက်ပါ သို့မဟုတ် လုပ်ငန်းစဉ်အခြေအနေ၏ နောက်ဆုံးသတင်းများကိုသာ ဖတ်ရှုပါ
  • ပရောဂျက်အခြေအနေအား အွန်လိုင်းမှ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက် သတင်းအချက်အလက် ရရှိနိုင်ခြင်း
  • လုပ်ငန်းတစ်ခုစီကို လုပ်ဆောင်နေသော လူပုဂ္ဂိုလ်များအား ခြုံငုံသုံးသပ်ခြင်း
  • ကျွန်ုပ်တို့ထံဖြစ်စေ အလွတ်သဘော ဌားရမ်းထားသူများ (Freelancers) နှင့် ဖြစ်စေ တိုက်ရိုက် စကားပြောပါ၊ ဖုန်းခေါ်ပါ သို့မဟုတ် အီးမေးလ် ပေးပို့လိုက်ပါ
  • ပရောဂျက်အတွက် အလုံးစုံသော ပြောဆိုဆက်သွယ်မှုမှတ်တမ်းကို ကြည့်ရှုပါ
  • ပရောဂျက်တွင် ပါဝင်သည့် ဖိုင်များအားလုံးကို ရယူနိုင်ခြင်း
  • သက်ဆိုင်သော အချက်အလက်များအားလုံးကို တစ်နေတည်းတွင် ပြသထားသော ပရောဂျက် ဝဘ်ဆိုက်
  • လူကြီးမင်း၏ ဘရောက်ဆာ သို့မဟုတ် မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် လွယ်ကူစွာ ဝင်ရောက်သုံးစွဲနိုင်မှု
add

လူကြီးမင်း၏ ကုန်အမှတ်တံဆိပ်အမည် ကုန်ပို့ဆောင်မှု

ကျွန်ုပ်တို့ပေးအပ်သော ဝန်ဆောင်မှုအားလုံးနှင့် စာရွက်စာတမ်းများအားလုံးကို လူကြီးမင်း၏ ကုန်တံဆိပ်နှင့် ကုမ္ပဏီဒီဇိုင်းဖြင့် ထုတ်ပြန်နိုင်ပါသည်။

  • သီးသန့် လက်တွဲ ပူးပေါင်းဆောင်ရွက်သူ သို့မဟုတ် အဖြူရောင်တံဆိပ် - ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို လူကြီးမင်း၏ ဝန်ဆောင်မှုများအဖြစ် ရောင်းပါ
  • သီးသန့် လက်တွဲ ပူးပေါင်းဆောင်ရွက်သူ ဖြစ်သဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကုန်တံဆိပ်နှင့် ဒီဇိုင်းဖြင့် လုပ်ကိုင်ဆောင်ရွက်ပြီး ၎င်းအား ဒုတိယကုန်တံဆိပ်အဖြစ် တင်ဆက်ပေးပါသည်
  • သူမတူသော ဝန်ဆောင်မှုတစ်ခုအနေဖြင့် လူကြီးမင်းသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို လူကြီးမင်းကိုယ်ပိုင် CD / CI ဖြင့် အသုံးပြုနိုင်ပါသည်
  • ပြီးပြည့်စုံသော ပွင့်လင်းမြင်သာမှု
  • ယုံကြည်မှုနှင့် ကြားနေမှု
add

မေးခွန်းများရှိပါသလား။

လူကြီးမင်းအတွက် သီးသန့်ခန့်အပ်ပေးထားသော ဆက်သွယ်ရမည့်ပုဂ္ဂိုလ်တစ်ဦးက ကုန်ပို့ဆောင်ရေးဆိုင်ရာ အင်ဂျင်နီယာကဏ္ဍနှင့် စစ်တမ်းကောက်ယူခြင်းနှင့်ပတ်သက်သော အချက်အလက်များအားလုံးဖြင့် လူကြီးမင်းအား ကူညီပေးမည်ဖြစ်ပြီး မေးခွန်းများကိုလည်း ဖြေကြားပေးနိုင်ပါသည်။

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်အကြောင်း ထပ်မံလေ့လာလိုက
ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်အကြောင်း ထပ်မံလေ့လာလိုက

ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်အကြောင်း ထပ်မံလေ့လာလိုက

ကျွန်ုပ်တို့ရုံးခွဲ ဝန်ဆောင်မှုပေးခဲ့သည့် ဖြစ်ရပ်များ

ထပ်မံရှာဖွေရန်