လူကြီးမင်း၏ ပရောဂျက် ကုန်စည် ထောက်ပံ့ ပို့ဆောင်ရေး

လူကြီးမင်း၏ ပရောဂျက် ကုန်စည် ထောက်ပံ့ ပို့ဆောင်ရေး

ကျွန်ုပ်တို့သည် တာဝန် ကြီးမားသည့် ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုများနှင့် ပရောဂျက်ကုန်စည် ထောက်ပံ့ ပို့ဆောင်ရေးတို့တွင် လူကြီးမင်းအတွက် အထူးဆောင်ရွက်ပေးမည့် လက်တွဲဖော် တစ်ဦး ဖြစ်ပါသည်။ Rhenus Myanmar သည် ကုန်းလမ်းကြောင်း သို့မဟုတ် ကုန်းတွင်း ရေလမ်းကြောင်းတို့ကို အသုံးပြုကာ တစ်သီးတစ်သန့် သွားလိုသည့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသည့်အပြင် ရှုပ်ထွေးလှသော ကြိုတင် စီမံရေးဆွဲမှုနှင့် အခြေခံ ကောင်းသည့် အသိပညာများ လိုအပ်သည့် ကျယ်ပြန့်လှသော ပရောဂျက် ကြီးများကိုလည်း ဆောင်ရွက်ပေးပါသည်။

keyboard_arrow_up

ကျွန်ုပ်တို့၏ ပရောဂျက် ကုန်စည် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ

အစီအစဉ်ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်း

အထူးပြုလုပ်ထားသော ကုန်ပို့ဆောင်ရေး ဖြေရှင်းနည်းများ

Forklift အော်ပရေတာသည် ဒစ်ဂျစ်တယ်လုပ်ထားသော ဂိုဒေါင်တွင် ပစ္စည်းများကို ရွှေ့သည်။

အင်ဂျင်နီယာဆိုင်ရာ ကိစ္စရပ်များနှင့် တိုင်ပင်ဆွေးနွေးမှု

အတွေ့အကြုံရှိသော လုပ်ငန်းလက်တွဲဖော်

Rhenus အဖွဲ့ကြီးရှိ ပရောဂျက် ကုန်စည် ထောက်ပံ့ပို့ဆောင်ရေး ဌာနခွဲသည် ရှုပ်ထွေးလှသော စီမံကိန်းများနှင့် အတိုင်းအတာ ကျော်လွန်သော စက်ပစ္စည်း ကိရိယာကုန်စည်များကို ကိုင်တွယ်ပေးနေသည်မှာ နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဖောက်သည်များအတွက် ပြိုင်ဆိုင်မှု အများဆုံးနှင့် အကောင်းမွန်ဆုံးဖြစ်သည့် ဖြေရှင်းနည်းများ ပေးဆောင်နိုင်ရန် အကောင်းမွန်ဆုံးဖြစ်အောင် အစဉ်မပြတ် ကြိုးပမ်းနေပါသည်။ ပရောဂျက်များ၏ အတိုင်းအတာသည် စက်ရုံနှင့် စက်မှုအင်ဂျင်နီယာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်၊  ရေနံ၊ သဘာဝဓာတ်ငွေ့ သို့မဟုတ် မကုန်ခမ်းနိုင်သောစွမ်းအင် (နေရောင်ခြည်၊ လေအား၊ ‌ရေအား) ဆိုင်ရာ လုပ်ငန်းများ စသည်ဖြင့် ၎င်းတို့ပါဝင်သော ကဏ္ဍအလိုက် ကြီးမားကျယ်ပြန့်ပါသည်။  ၎င်းတို့သည် ရှုပ်ထွေးသော ပဏာမစီစဉ်မှု၊ လက်တွေ့ပြနိုင်သော ကျွမ်းကျင်မှုနှင့် သင့်စီမံကိန်းအပေါ် သင်အလေးထားသလောက် ဂရုတစိုက်လုပ်ပေးနိုင်မည့် လုပ်ငန်းပူးပေါင်းဆောင်ရွက်သူထံမှ တက်ကြွသော ကြီးကြပ်ကွပ်ကဲမှုများ လိုအပ်ပါသည်။

ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏ ပရောဂျက်နှင့် ဆက်စပ်သည့် အကြီးစား သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုများအတွက် လုပ်ငန်းလက်တွဲဖော် ဖြစ်နိုင်ပါသည်။ Rhenus Group ကြီး အတွင်း ကျွန်ုပ်တို့၏ ကျယ်ပြန့်လှသော လုပ်ငန်းစင်တာများ ကွန်ရက်ကို အသုံးပြုခြင်းဖြင့် သင်တို့၏ ကမ္ဘာအနှံ့ရှိ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ပြည်တွင်း အခြေပြု ဒေသဆိုင်ရာ ဖြေရှင်းနည်းများ ပေးဆောင်လျက်ရှိပါသည်။ ရေနက်ပိုင်း သို့မဟုတ် ကမ်းရိုးတန်းပိုင်း ပို့ဆောင်ရေး၊ ကုန်းတွင်းရေကြောင်း သို့မဟုတ် ရထားလမ်းဖြင့် သယ်ယူပို့ဆောင်ရေး၊ ကုန်းကြောင်း သို့မဟုတ် လေကြောင်းသယ်ယူပို့ဆောင်ရေး စသည့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ရယူနိုင်ပါသည်။ ကိုယ်ပိုင် အင်ဂျင်နီယာအဖွဲ့ဖြင့် ကျွန်ုပ်တို့၏ နည်းပညာပိုင်း ကျွမ်းကျင်မှုသည် လူကြီးမင်းတို့အတွက် အမြဲအဆင်သင့်ရှိနေပါပြီ။

ကျွန်ုပ်တို့၏ ရုံးများအားလုံးတွင် စံသတ်မှတ်ထားသော လုပ်ငန်းစဉ်များ ချမှတ်ထားပြီး ကျွန်ုပ်တို့၏ ဗဟိုချုပ်ကိုင်မှု မရှိသော ဖွဲ့စည်းပုံကြောင့် လူကြီးမင်းတို့အတွက် လိုအပ်သည့် ဂရုစိုက် အလေးပေးမှု ပေးရာတွင် ပေါ့ပေါ့ပါးပါး ပြောင်းလွယ် ပြင်လွယ်သည့် အခြေအနေကို ဖန်တီးပေးထားပါသည်။  လူကြီးမင်းတို့၏ ကုန်စည် ပို့ဆောင်မှုများကို ကိုင်တွယ်ဆောင်ရွက်နိုင်ရန် ကြီးမားကျယ်ပြန့်ကာ ပို့ဆောင်မှုတစ်ခုချင်းစီကိုအသေးစိတ်ကွပ်ကဲနိုင်သော အရည်အချင်းများရှိပါသည်။

စီမံကိန်းနှင့် ရေနံ၊သဘာဝဓာတ်ငွေ့ ဆိုင်ရာ ထောက်ပံ့ပို့ဆောင်မှုများအတွက် ဖြေရှင်းနည်းများကို လူကြီးမင်း စိတ်ကြိုက် ပြင်ဆင်ဆောင်ရွက်ပေးပါသည် : 

လေးလံ၍ အရွယ်အစားကြီးမားသော ကုန်စည်ပို့ဆောင်ခြင်း သို့မဟုတ် အတင်အချလုပ်ခြင်း

တစ်အိမ်မှ တစ်အိမ် အိမ်တိုင်ရာရောက် ဝန်ဆောင်မှု

ပရောဂျက်နှင့် ရေနံသဘာဝဓာတ်ငွေ့ကုန်စည်တို့အတွက် ပြီးပြည့်စုံသော ဖြေရှင်းနည်းများ

စစ်တမ်းကောက်ခြင်း၊ ကြီးကြပ်ကွပ်ကွဲခြင်းနှင့် စစ်ဆေးခြင်း

စက်ရုံနေရာရွှေ့ပြောင်းခြင်း

မေးခွန်းများရှိပါသလား။

လူကြီးမင်းအတွက် အထူးဝန်ဆောင်မှုပေးမည့် အရောင်း ကိုယ်စားလှယ် သို့မဟုတ် လုပ်ငန်း လည်ပတ်မှုဆိုင်ရာ အဓိက တာဝန်ရှိသူ တစ်ဦးဦးမှ လိုအပ်သည့် အချက်အလက်များအတွက် သင့်အား ကူညီပေးပါလိမ့်မည်။

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်အကြောင်း ပိုမိုလေ့လာလို
ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်အကြောင်း ပိုမိုလေ့လာလို

ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်အကြောင်း ပိုမိုလေ့လာလို

ကျွန်ုပ်တို့ရုံးခွဲ ဝန်ဆောင်မှုပေးခဲ့သည့် ဖြစ်ရပ်များ

ထပ်မံရှာဖွေရန်