အကောက်ခွန်ရှင်းလင်းရေး

Rhenus Myanmar သည် အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ကုန်ပို့ဆောင်မှုများ နှောင့်နှေးခြင်းနှင့် မမျှော်မှန်းထားသော ကုန်ကျစရိတ်များမရှိစေရန် အာမခံပါသည်။

keyboard_arrow_up

အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်း(CUSTOMS BRO

Rhenus ၏ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းသည် နိုင်ငံတကာ ကုန်ပစ္စည်း အရောင်းအဝယ်လုပ်သည့် မူဘောင်တွင် မရှိမဖြစ်လိုအပ်သော အဆင့်များထဲမှ တစ်ခုဖြစ်ပါသည်။ ကုန်စည်ပို့ဆောင်မှုများ နှောင့်နှေးခြင်းနှင့် မမျှော်မှန်းထားသော ကုန်ကျစရိတ်များ မရှိစေရန်အတွက် အတိုင်းအတာတစ်ခုအထိ အလေးပေးအားရုံစိုက်မှုနှင့် တာဝန်ခံမှုတို့ လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ အတွေ့အကြုံရှိသော ကျွမ်းကျင်ပညာရှင်များက အကောက်ခွန် ဥပဒေပြဌာန်းချက်များနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများကို အမြဲမပြတ် စောင့်ကြည့်နေသည့်အတွက် လူကြီးမင်းတို့၏ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင် ဆောင်ရွက်ပေးနိုင်ပါသည်။ ထိုသို့ သိရှိခြင်းဖြင့် လျင်မြန် ချောမွေ့ပြီး ယုံကြည် စိတ်ချရသော အကောက်ခွန် လုပ်ငန်းစဉ်ကို ‌ဖော်ဆောင်ပေးနိုင်ပါသည်။

RHENUS MYANMAR ၏ အကောက်ခွန် ရှင်းလင်းရေး ဝန်ဆောင်မှု

အောက်ပါတို့မှာ လူကြီးမင်းတို့ စိတ်တိုင်းကျ သီးသန့်ပေးနိုင်သော ဝန်ဆောင်မှုများနှင့် အစအဆုံး တစုတစည်းတည်း ပေါင်းစပ်၍ ရနိုင်သော အကောက်ခွန် ဝန်ဆောင်မှုများဖြစ်ပါသည် -

-ကြေညာလွှာအား ပြင်ဆင်ခြင်း

-စစ်ဆေးခြင်းနှင့် အတည်ပြုခြင်း

-ကြေညာလွှာအား တင်ပြခြင်း

-သွင်းကုန်/ပို့ကုန် အခွန်များ ပေးဆောင်ခြင်း

-ကုန်ပစ္စည်းများ စစ်ဆေးခြင်းနှင့် ထုတ်ပေးခြင်း

-ပို့ကုန်ဆိပ်ကမ်းတွင် လုပ်ရိုးလုပ်စဉ်များကို မျက်မြင် ကိုင်တွယ်ပေးခြင်း

-စာရွက်စာတမ်းများကို တရားဝင်အသိအမှတ်ပြုမှုရရန် ဆောင်ရွက်ပေးခြင်း

-စည်းမျဉ်းကိုက်ညီမှုဆိုင်ရာ အကဲဖြတ်မှုများနှင့် စစ်ဆေးမှုများ

-ကုန်စည်ခွန်နှင့် အခွန်အစီအစဉ်များ

-သံတမန်ရေးရာနှင့်ဆိုင်သည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန် ရှင်းလင်းခြင်း

-တင်သွင်းလာသော ကုန်ပစ္စည်းများကို ထုတ်ပေးရန် အသိအမှတ်ပြုလက်မှတ် (AtRIG)

သွင်းကုန် / ပို့ကုန်ဆိုင်ရာ လုပ်ရိုးလုပ်စဉ်များ

အကောက်ခွန် လုပ်ရိုးလုပ်စဉ်များ

ပါမစ် လုပ်ဆောင်မှု

MIC / SEZ လုပ်ရိုးလုပ်စဉ်များ

ယာယီသွင်းကုန်များ

တိုင်ပင်ဆွေးနွေးမှုနှင့် အကြံပေးမှု

အလုပ်ကြိုးစား၍ အတွေ့အကြုံရှိသော ဝန်ထမ်း

Rhenus Myanmar တွင် လျင်မြန်ပြီး ထိရောက်သော လုပ်ငန်းစဉ်ဖြစ်အောင် ဆောင်ရွက်ရန်အတွက် လူကြီးမင်း၏ အကောက်ခွန်ရှင်းလင်းရေး လိုအပ်ချက်များအားလုံးကို စီမံခန့်ခွဲရန် အလုပ်ကြိုးစား၍ အတွေ့အကြုံရှိသော ဝန်ထမ်းအဖွဲ့ရှိပါသည်။ ကျွန်ုပ်တို့၏ အဖွဲ့သည် နိုင်ငံအသီးသီးအတွက် အကောက်ခွန်ရှင်းလင်းရေး လိုအပ်ချက်များကို သိကျွမ်းနားလည်ပြီး လူကြီးမင်းကုန်ပစ္စည်း၏ သီးခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။

add

အရည်အသွေး စီမံခန့်ခွဲမှု

ယနေ့ခေတ်တွင် အရည်အသွေး စီမံခန့်ခွဲမှုသည် ကျွန်ုပ်တို့လုပ်ငန်းနယ်ပယ်၏ အဓိကလုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်သည်။ မှန်းဆထားသည့် အန္တရာယ်များကို သိရှိခြင်းနှင့် ထိုအန္တရာယ်များကို အနိမ့်ဆုံးအဆင့်တွင် ထိန်းသိမ်းထားရန်အတွက် လုပ်ထုံးလုပ်နည်းများနှင့် နည်းလမ်းများကို ဖော်ဆောင်ပေးခြင်းသည် ဘေးကင်းလုံခြုံမှုနှင့် ထိရောက်မှုရှိရန် အာမခံပေးပါသည်။

add

နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်သော အတွေ့အကြုံ

နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပေးသူအဖြစ် လုပ်ကိုင်ခဲ့သည့် ကျွန်ုပ်တို့၏ နှစ်ပေါင်းများစွာသော အတွေ့အကြုံများကြောင့် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်စားပြုပေးမှု အပါအဝင် သက်ဆိုင်ရာ စီမံခန့်ခွဲရေး လုပ်ငန်းတာဝန်အားလုံးကို ကျွန်ုပ်တို့ တာဝန်ယူ ဆောင်ရွက်ပေးနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အခြားကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက ထင်သာမြင်သာသော အားသာချက်များရှိပြီး အကောက်ခွန် ရှင်းလင်းရေးကို ဂရုတစိုက် ဆောင်ရွက်ပေးပါသည်။

add

RHENUS ဖြင့် ပရောဂျက် ထောက်ပံ့ပို့ဆောင်ရေး

သင်္ဘောဖြင့် ကုန်ပို့ဆောင်ရေးအတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

[Translate to Burmese:] Rhenus Intermodal Services

အကောက်ခွန်ဝန်ဆောင်မှုစီမံအရာ

Rhenus ၏ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းသည် နိုင်ငံတကာ ကုန်ပစ္စည်း အရောင်းအဝယ်လုပ်သည့် မူဘောင်တွင် မရှိမဖြစ်လိုအပ်သော အဆင့်များထဲမှ တစ်ခုဖြစ်ပါသည်။ ကုန်စည်ပို့ဆောင်မှုများ နှောင့်နှေးခြင်းနှင့် မမျှော်မှန်းထားသော ကုန်ကျစရိတ်များ မရှိစေရန်အတွက် အတိုင်းအတာတစ်ခုအထိ အလေးပေးအားရုံစိုက်မှုနှင့် တာဝန်ခံမှုတို့ လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ အတွေ့အကြုံရှိသော ကျွမ်းကျင်ပညာရှင်များက အကောက်ခွန် ဥပဒေပြဌာန်းချက်များနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများကို အမြဲမပြတ် စောင့်ကြည့်နေသည့်အတွက် လူကြီးမင်းတို့၏ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင် ဆောင်ရွက်ပေးနိုင်ပါသည်။ ထိုသို့ သိရှိခြင်းဖြင့် လျင်မြန် ချောမွေ့ပြီး ယုံကြည် စိတ်ချရသော အကောက်ခွန် လုပ်ငန်းစဉ်ကို ‌ဖော်ဆောင်ပေးနိုင်ပါသည်။

RHENUS MYANMAR ၏ အကောက်ခွန် ရှင်းလင်းရေး ဝန်ဆောင်မှု

အောက်ပါတို့မှာ လူကြီးမင်းတို့ စိတ်တိုင်းကျ သီးသန့်ပေးနိုင်သော ဝန်ဆောင်မှုများနှင့် အစအဆုံး တစုတစည်းတည်း ပေါင်းစပ်၍ ရနိုင်သော အကောက်ခွန် ဝန်ဆောင်မှုများဖြစ်ပါသည် -

  • ကြေညာလွှာအား ပြင်ဆင်ခြင်း
  • စစ်ဆေးခြင်းနှင့် အတည်ပြုခြင်း
  • ကြေညာလွှာအား တင်ပြခြင်း
  • သွင်းကုန်/ပို့ကုန် အခွန်များ ပေးဆောင်ခြင်း
  • ကုန်ပစ္စည်းများ စစ်ဆေးခြင်းနှင့် ထုတ်ပေးခြင်း
  • ပို့ကုန်ဆိပ်ကမ်းတွင် လုပ်ရိုးလုပ်စဉ်များကို မျက်မြင် ကိုင်တွယ်ပေးခြင်း
  • စာရွက်စာတမ်းများကို တရားဝင်အသိအမှတ်ပြုမှုရရန် ဆောင်ရွက်ပေးခြင်း
  • စည်းမျဉ်းကိုက်ညီမှုဆိုင်ရာ အကဲဖြတ်မှုများနှင့် စစ်ဆေးမှုများ
  • ကုန်စည်ခွန်နှင့် အခွန်အစီအစဉ်များ
  • သံတမန်ရေးရာနှင့်ဆိုင်သည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန် ရှင်းလင်းခြင်း
  • တင်သွင်းလာသော ကုန်ပစ္စည်းများကို ထုတ်ပေးရန် အသိအမှတ်ပြုလက်မှတ် (AtRIG)

သွင်းကုန် / ပို့ကုန်ဆိုင်ရာ လုပ်ရိုးလုပ်စဉ်များ

  • အကောက်ခွန် လုပ်ရိုးလုပ်စဉ်များ
  • ပါမစ် လုပ်ဆောင်မှု
  • MIC / SEZ လုပ်ရိုးလုပ်စဉ်များ
  • ယာယီသွင်းကုန်များ
  • တိုင်ပင်ဆွေးနွေးမှုနှင့် အကြံပေးမှု