You can see a lot of stacked containers at a port from above You can see a lot of stacked containers at a port from above

FCL ကုန်စည်ပို့ဆောင်ရေး - ကွန်တိန်နာအပြည့် မဟုတ်သေ

ကွန်တိန်နာအပြည့်မဟုတ်သော ကုန်တင်မှု (LCL) ဆိုသည်မှာ ကွန်တိန်နာအား အပြည့်မဖြည့်နိုင်သော ပမာဏရှိသည့်ကုန်စည်များကို ပင်လယ်ရေကြောင်းဖြင့်ပို့ဆောင်မှုဖြစ်ပါသည်။ ကုန်သည်အမျိုးမျိုးထံမှ ကုန်စည်များစွာကို ကွန်တိန်နာတစ်ခုတည်းတွင် စုစည်းပို့ဆောင်ခြင်းသည် ကုန်ကျစရိတ်များကို ခွဲဝေလိုက်သည့်အတွက် စျေးသက်သာသော ပို့ဆောင်ရေးနည်းတစ်ခုဖြစ်ပါသည်။

keyboard_arrow_up
Rhenus ၏ LCL ဝန်ဆောင်မှုများမှ လူကြီးမင်း

Rhenus ၏ LCL ဝန်ဆောင်မှုများမှ လူကြီးမင်း

ကွန်တိန်နာအပြည့် ပို့ဆောင်မှုများ (FCL) နှင့် နှိုင်းယှဉ်ပါက ကုန်သည်အမျိုးမျိုးထံမှ ကုန်စည်များစွာကို ကွန်တိန်နာတစ်ခုတည်းတွင် စုစည်းပို့ဆောင်ခြင်းသည် ကုန်ကျစရိတ်များကို ခွဲဝေလိုက်သည့်အတွက် စျေးသက်သာသော ပို့ဆောင်ရေးနည်းတစ်ခုဖြစ်ပါသည်။ ထို့အပြင် ရေကြောင်းဖြင့် LCL ကုန်ပို့ဆောင်ရေးသည်အချိန်တိကျမှုအလေးထားသော လေကြောင်းပို့ဆောင်ရေး ထက်ကုန်ကျစရိတ်လျော့ပါးသည့်အပြင် သဘာဝပတ်ဝန်းကျင်အပေါ် လည်း ဆိုးကျိုးနည်းပါးလှပါသည်။

လူကြီးမင်း၏ LCL ကုန်စည်ပို့ဆောင်ရေးအတွက် ရွေးချယ်စရာများ

လူကြီးမင်းအနေဖြင့် ဆိပ်ကမ်းမှဆိပ်ကမ်း၊ စက်ရုံမှစက်ရုံ၊ ဆိပ်ကမ်းမှစက်ရုံ သို့မဟုတ် စက်ရုံမှဆိပ်ကမ်း စသောပို့ဆောင်ရေးပုံစံအမျိုးအစားများကိုရွေးချယ်နိုင်ပါသည်။

 

Rhenus Group က ပေးသော တိုက်ရိုက်ဝန်ဆောင်မှုများစွာရှိသည့်အထဲမှ Rhenus Myanmar သည် ဥရောပတိုက်မှ မြန်မာနိုင်ငံထိနှင့် မြန်မာနိုင်ငံမှ ဥရောပတိုက်ထိ ကုန်တင်သွင်း ကုန်တင်ပို့ လမ်းကြောင်း (၁၁၀)ကျော်ကို အပတ်စဉ် ကုန်စည်ပေါင်းစည်းပို့ဆောင်သောပရီမီယံ ဝန်ဆောင်မှုများပေးစွမ်းပါသည်။ ပြည်တွင်းလုပ်ငန်းကျွမ်းကျင်မှုနှင့် များပြားသောအတွေ့အကြုံများဖြင့် ကျွန်ုပ်တို့သည်အမျိုးမျိုးသော လုပ်ငန်းနယ်ပယ် လိုအပ်ချက်များအတွက် သီးသန့်ဝန်ဆောင်မှုများပေးပါသည်။ ကျွန်ုပ်တို့၏ ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုတွင် (၂၄) နာရီ (၇) ရက် အချိန်ပြည့် ပံ့ပိုးကူညီမှုပါ၀င်ပြီး ကျွမ်းကျင်ပညာရှင်တစ်ဦးက ဦးဆောင်ကာ ထူးကဲလိုအပ်ချက်များ အပါအဝင် ကုန်ပို့ဆောင်ရေးဆိုင်ရာ စုံစမ်းမေးမြန်းမှုများကို ကိုင်တွယ်ဖြေကြားပေးမည်ဖြစ်ပါသည်။

ယုံကြည်အားထားနိုင်သော အရည်အသွေး

Rhenus ပင်မကုန်စည်ပို့ဆောင်သူပရိုဂရမ်(The Rhenus Core Carrier Programme) သည် LCL ကုန်စည်များအတွက် အမြန်ဆုံးကုန်စည်ကူးပြောင်းချိန်၊ကုန်စည်နေရာနှင့် အကောင်းဆုံးစက်ယန္တရားများဝန်ဆောင်မှုများပေးကာ ကုန်ကျစရိတ်ဆိုင်ရာ အားသာချက်များကို ရရှိစေပါသည်။

Rhenus Myanmar သည် လက်ရွေးစင် သင်္ဘောကုမ္ပဏီများစွာနှင့် နီးကပ်စွာချိတ်ဆက်ထားသောကြောင့် စီးပွားအဖြစ်ဆုံးသောကာလများအတွင်းပင်လျှင် အခြားကုမ္ပဏီများထက်စျေးသက်သာသောပို့ဆောင်ရေးဝန်ဆောင်မှုများပေးနိုင်ပါသည်။ ထို့အပြင် ဥရောပနှင့် အာရှဆိပ်ကမ်းများမှ အချိန်တိကျသော အုပ်စုလိုက်ကုန်သင်္ဘောထွက်ခွာမှု အုပ်စုလိုက်ကုန်သင်္ဘောထွက်ခွာမှု ပုံသေအချိန်ဇယားမျာထားရှိထားခြင်းကြောင့် ကျွန်ုပ်တို့သည် ပို့ဆောင်ရေးအစီအစဉ်များအတွက်ယုံကြည်စိတ်ချရသောဝန်ဆောင်မှုများကို ပေးဆောင်နိုင်ပါသည်။

add

RHENUS ဖြင့် LCL ကုန်စည် များကို ပို့ဆောင်ခြင်း၏ အ

  • သတ်မှတ်ထားသည့်အတိုင်း ပို့ဆောင်ရေးစတင်မှုများနှင့် ယုံကြည်စိတ်ချရသော ကုန်စည်ဖြတ်သန်းကူးပြောင်းမှုများဖြင့် လူကြီးမင်း၏ Supply Chain ကို အကောင်းဆုံးဖြစ်စေခြင်း
  • သူများထက်သက်သာသော စျေးနှုန်းများဖြင့် ကမ္ဘာအနှံ့ ဝန်ဆောင်မှု
  • ဗဟိုဌာနတစ်ခုတည်းမှ ထိန်းချုပ်တာဝါ ဖြင့်ဆောင်ရွက်မှု
  • ကမ္ဘာအနှံ့နှင့်ဒေသလိုက် အလေးထားဝန်ဆောင်လျက်ရှိသော Rhenus ၏ဂိတ်ဝေး ဝန်ဆောင်မှု
  • စျေးကွက်အသစ်များ ချဲ့ထွင်ရာတွင် ကူညီထောက်ပံ့ပေးမှု
  • သက်သာ၍လိုသလို့ညှိယူနိုင်သောစျေးနှုန်း - ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည် စျေးသက်သာ၍ နှစ်ဦးနှစ်ဖက်အကျိုးရှိစေရန်ရည်ရွယ်ပါသည်။
  • Rhenus ၏ပုဂ္ဂိုလ်တစ်ဦးတည်းဖြင့်ဆက်သွယ်ဆောင်ရွက်နိုင်ခြင်း- ပရောဂျက်တစ်ခုလျှင် ယုံကြည်စိတ်ချရ၍ အတွေ့အကြုံရှိသော ကျွမ်းကျင်ပညာရှင်က ဦးဆောင်ပြီး ကုန်စည်ပို့ဆောင်မှုအဆင့်တိုင်းတွင် လူကြီးမင်းနှင့်အတူရှိနေမည်ဖြစ်သည်။
  • (၂၄) နာရီ (၇) ရက် အချိန်ပြည့်လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပံ့ပိုးကူညီမှု - သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် လူကြီးမင်း၏ကုန်ပို့ဆောင်မှုအား ကြီးကြပ်ပေးသွားမည်ဖြစ်သဖြင့် လူကြီးမင်းသည် လူကြီးမင်း၏လုပ်ငန်းအပေါ် တွင်အပြည့်အဝအာရုံစိုက်နိုင်ပါသည်။

 

add

ယုံကြည်စိတ်ချရသော ကုန်စည်ဖြတ်သန်းကူးပြောင်းချိန်မျ

Rhenus Myanmar သည် နိုင်ငံတကာ LCL ဝန်ဆောင်မှုများကို သူများထက်သက်သာစျေးနှုန်းများဖြင့် ဆောင်ရွက်ပေးပါသည်။ ကုန်စည် စမှတ်မှ ဆုံးမှတ်ထိကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကိုအသုံးချသော ဝန်ဆောင်မှုများဖြင့် Supply Chain နှင့် ကုန်စည်ကူးပြောင်းဖြတ်သန်းချိန်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးရန် အာမခံပါသည်။

 

ထို့အပြင် ကျွန်ုပ်တို့၏ ထိရောက်၍ စည်းစနစ်ကျသော လုပ်ငန်းစဉ်များကြောင့် ကမ္ဘာ့မည်သည့်ရုံးစိုက်ရာနေရာတွင်မဆို ကုန်စည်ဦးတည်ရာသို့အချိန်တိကျမှန်ကန်စွာပို့ဆောင်ပေးပါသည်။ ဥရောပဆိပ်ကမ်းများသို့ ရောက်ရှိလာသော ကုန်ပစ္စည်းများအား ကျွန်ုပ်တို့၏ ဥရောပရှိ ရုံးများမှတစ်ဆင့် ထရပ်ကား၊ မီးရထားနှင့် ကုန်းတွင်းပို့ဆောင်ရေး ရေယာဉ်တို့ဖြင့် လျင်မြန်စွာ ပို့ဆောင်ပေးလျက်ရှိပါသည်။

add

LCL ပို့ဆောင်မှုများအတွက် တန်ဖိုးထပ်ဖြည့်ဝန်ဆောင်မှုများ

ကုန်စည်တင်ချ ကိုင်တွယ်ရေး

ကုန်တင်ပေးခြင်း၊ ကုန်ချပေးခြင်းနှင့် ကုန်သိုလှောင်ရုံများသို့ သွားရောက်၍ ပစ္စည်းကောက်ယူပေးသော ဝန်ဆောင်မှုများ

add

ကုန်စည်ခြေရာခံမှုနှင့် နောက်ကြောင်းပြန်လိုက်မှု

ယုံကြည်စိတ်ချရ၍ လုံခြုံသော ကမ္ဘာအနှံ့ ကုန်စည်ခြေရာခံစနစ်နှင့် နောက်ကြောင်းပြန်လိုက်စနစ်

add

အကောက်ခွန်ရှင်းလင်းရေး

ကျွန်ုပ်တို့သည် ချောမွေ့သောကုန်ပို့ဆောင်မှုများနှင့် မြန်ဆန်သောငွေလွှဲပေးချေမှုများအတွက် အကောက်ခွန်စည်းမျဉ်းများကို ရိုးရှင်းလွယ်ကူစေသည့်အလား ဝန်ဆောင်မှုပေးပါသည်။

add