[Translate to Burmese:] Container vessel in port at dusk [Translate to Burmese:] Container vessel in port at dusk

လိုသလိုညှိယူပြောင်းလဲနိုင်သည့်တစ်ခုထက်ပိုသော နည်းလ

Rhenus Myanmar သည် ကုန်စည်များကို ၎င်းတို့၏ မူလနေရာမှ ပို့ဆောင်ရမည့် နေရာသို့ လျင်မြန်စွာနှင့် ထိရောက်စွာ ပို့ဆောင်နိုင်ရန် ကားလမ်း၊ ရထားလမ်း၊ ပင်လယ်ခရီးတို၊ ရေနက်ပိုင်းနှင့် ကုန်းတွင်းရေကြောင်းများ အသုံးပြု၍ စိတ်တိုင်းကျ ရွေးချယ်စရာလမ်းကြောင်းအမျိုးမျိုးကို စုစည်းပေးထားပါသည်။

keyboard_arrow_up
[Translate to Burmese:] Rhenus Intermodal Services

ရုရှား၊ CIS နှင့်တူရကီနိုင်ငံများအတွက် ဝန

ရုရှား၊ အာရှတိုက် အလယ်ပိုင်းနှင့် အခြားနိုင်ငံများသို့ တစ်ခုထပ်ပိုသော နည်းလမ်းများဖြင့် ကုန်ပို့ဆောင်မှုဆိုင်ရာ ဝန်ဆောင်မှုများသည် RHENUS ၏တာဝန်ရှိသူတစ်ဦးမှတစ်ဆင့် ပြည့်စုံလုံခြုံပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရာရောက်သော ထောက်ပံ့ရေးကွင်းဆက်ဖြေရှင်းရေးနည်းများကို ပေးဆောင်ပါသည်။ သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုတည်းကို သုံးရန် ကန့်သတ်ထားမှုမျိုးမရှိသောကြောင့် ပိုမိုမြန်ဆန်သော ကုန်ပို့ဆောင်ချိန်များ၊ ပိုမိုများပြားသော ရေယာဉ်များနှင့် ကုန်စည်ထွက်ခွာမှုများ၊ ကုန်တင်နေရာပိုရနိုင်မှုနှင့် ကွန်တိန်နာနှင့် ယာဉ်အစုကဲ့သို့သော ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုများကို အသုံးပြု၍ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများကို အကျိုးရှိရှိအသုံးချနိုင်ပါသည်။

ပင်လယ်ခရီးတို ကုန်စည်ပို့ဆောင်မှု

ကုန်းလမ်းကြောင်းဖြင့် ကုန်ပို့ဆောင်မှုထက်ပတ်ဝန်းကျင်ထိန်းသိမ်းရာ‌ရောက်သော ပို့ဆောင်ရေးနည်းလမ်းတစ်ခု

ပင်လယ်ခရီးတို ကုန်ပို့ဆောင်မှုသည် ရုရှားနှင့် အာရှတိုက် အလယ်ပိုင်းသို့ ကုန်ပို့ဆောင်ရာတွင် အသုံးပြုသင့်သော ပတ်ဝန်းကျင်ထိန်းသိမ်းရာ‌ရောက်သည့် ပို့ဆောင်ရေးနည်းလမ်းတစ်ခုဖြစ်ပါသည်။

 

ကျွန်ုပ်တို့ပေးသောဝန်ဆောင်မှုများမှာ အောင်ပါအတိုင်းဖြစ်ပါသည်။

  • စိန့်ပီတာဘတ်အပါအဝင် ဥရောပမြောက်ပိုင်းနှင့် အနောက်ပိုင်းမှ ဘောလ်တစ်ဆိပ်ကမ်းများကို ဖြတ်၍ ပို့ဆောင်ပေးမှု
  • ‌နော်‌ဗော်ရော်စစ်မြို့ အပါအဝင် ဥရောပတောင်ပိုင်းနှင့် မြောက်အာဖရိကမှ ပင်လယ်နက်ဆိပ်ကမ်းများကို ဖြတ်၍ ပို့ဆောင်ပေးမှု
  • ဘလာဒီဘိုစတော့/ ဘော့စတော့ချနီ မြို့များကိုဖြတ်၍ တရုတ်နိုင်ငံနှင့် အရှေ့ဘက်ဒေသများမှ ပို့ဆောင်ပေးမှု

ရေနက်ပိုင်း ကုန်စည်ပို့ဆောင်မှု

ရှေးအကျဆုံးနှင့် ယုံကြည်စိတ်ချမှုအရှိဆုံး ကုန်စည်ပို့ဆောင်မှု

ရေနက်ပိုင်း ကုန်စည်ပို့ဆောင်မှုသည် အထူးသဖြင့် ခရီးရှည်ပို့ဆောင်မှုများအတွက် တန်ဆာခ သက်သာသော ပို့ဆောင်မှုတစ်ခုဖြစ်ပါသည်။

 

ကျွန်ုပ်တို့၏ရုရှားနှင့် အာရှတိုက်အလယ်ပိုင်းသို့ကုန်စည်များအတွက်ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဆိပ်ကမ်းမှဆိပ်ကမ်း ကုန်စည်ပို့ဆောင်မှုများ
  • (ကျွန်ုပ်တို့၏ တစ်ခုထက်ပိုသော ပို့ဆောင်ရေးနည်းလမ်းများဆိုင်ရာဝန်ဆောင်မှုများ၏ တစ်စိတ်တစ်ဒေသအနေဖြင့်)စက်ရုံမှစက်ရုံနှင့် စက်ရုံမှဆိပ်ကမ်း ကုန်စည်ပို့ဆောင်မှုများ
You can see a big ship in a shipping port.
[Translate to Burmese:]

မေးခွန်းများရှိပါသလား။

Rhenus Myanmar ၏ ကျွမ်းကျင်ပညာရှင်များသည် လူကြီးမင်းတို့အား ကူညီပေးရန် အမြဲအသင့်ရှိနေပါသည်။ မေးခွန်းများရှိပါက အဆင်ပြေ လွယ်ကူစေရန် Rhenus Myanmar မှ လူကြီးမင်းတို့အား ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့ဆက်သွယ်ပါ။

သက်သေပြပြီးဖြစ်သည့် မှန်ကန်သော အကျိုးကျေးဇူးများ

  • ဗဟိုဌာနတစ်ခုတည်းမှ ထိန်းချုပ်တာဝါ ဖြင့်ဆောင်ရွက်မှု
  • အိမ်တိုင်ရာရောက် ပို့ဆောင်မှု
  • ပိုမိုမြန်ဆန်သောပို့ဆောင်ချိန်နှင့် ပိုများသောကုန်တင်ပမာဏများအတွက် ကုန်သယ်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုထက်ပို၍ အသုံးပြုသော စနစ်
  • လူကြီးမင်း၏ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးအတွက် Rhenus ပုဂ္ဂိုလ်တစ်ဦးတည်းဖြင့်ဆက်သွယ်ဆောင်ရွက်နိုင်ခြင်း
  • ဘေးကင်းလုံခြုံသော ကုန်စည်ပို့ဆောင်ရေးနည်းလမ်းများ
  • ကုန်စည်ပို့ဆောင်ပေးနိုင်သည့် ပထဝီဝင်နေရာ ကျယ်ပြန့်မှု
  • ကိုယ်ပိုင် ပိုင်ဆိုင်မှုများ (ကွန်တိန်နာများ၊ ယာဉ်အစု)
  • များလှစွာသော ရွေးချယ်စရာလမ်းကြောင်းများနှင့် ကုန်စည်ပို့ဆောင်ရေးနည်းလမ်းများ
  • စိတ်အားထက်သန်သောစွန့်ဦးတီထွင်ပညာရှင်ကဲ့သို့ ကုန်ပို့ဆောင်ရာတွင် ထားရှိသော စိတ်နေသဘောထား
  • ကျယ်ပြန့်သော ကမ္ဘာအနှံ့ရှိ ဝန်ဆောင်မှုကွန်ရက်
  • အရည်အသွေးနှင့် ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာဘေးကင်းလုံခြုံရေး (Health and Safety Environment -HSE) အပေါ် အလွန်အလေးထားအာရုံစိုက်မှု
add

စွမ်းဆောင်ရည် ပြောင်မြောက်ခြင်း

  • စိတ်တိုင်းကျ အတည်ပြုထားပြီးသော တစ်ဆင့်ကန်ထရိုက်တာများဖြင့် လက်တွဲထားခြင်း
  • စံသတ်မှတ်ထားသော လုပ်ငန်းစဉ်များပါဝင်သည့် လုပ်ငန်းဆောင်ရွက်ရေးစနစ်
  • တစ်ဆင့်ကန်ထရိုက်တာများကို စီမံခန့်ခွဲမှု၊ အန္တရာယ်ထိန်းချုပ်မှု၊ ယာဉ်မောင်းနှင်သူနှင့် ယာဉ်ကွပ်ကဲမှုများပါဝင်သော HSE အကြောင်းအရာများအပေါ် အလေးထားအာရုံစိုက်မှု

  •  
  • ကုန်စည်ခြေရာခံခြင်းနှင့် နောက်ကြောင်းပြန်လိုက်ခြင်း၊ ကုန်စည်အခြေအနေ အသိပေးချက်များနှင့် အစီရင်ခံမှုများအပါအဝင် ပွင့်လင်းမြင်သာသည့် ကုန်ပို့ဆောင်မှု
add

ယုံကြည်စိတ်ချရသော ပို့‌ဆောင်ရေးအချိန်ဇယားများ

ကျွန်ုပ်တို့သည် ပို့ဆောင်ရေးလမ်းကြောင်း၊ လူကြီးမင်း စိတ်တိုင်းကျကုန်ပို့ဆောင်ရေးနည်းလမ်း၊ အကောက်ခွန်ရှင်းလင်းရေးနေရာနှင့် နောက်ဆုံးပို့ဆောင်ရမည့်နေရာတို့အပေါ် မူတည်၍ အကောင်းဆုံးသော ကုန်စည်ကူးပြောင်းဖြတ်သန်းရေးဝန်ဆောင်မှုများကိုပေးပါသည်။

ကုန်ပို့ဆောင်ရေးလမ်းကြောင်းတိုင်းအတွက် ကုန်စည်ပုံမှန်ထွက်ခွာမှုများ (အနည်းဆုံး အပတ်စဉ်ထွက်ခွာသည့် ရေယာဉ်များ) နှင့် ပုံသေသတ်မှတ်ပေးထားသော ကုန်စည်ကူးပြောင်းဖြတ်သန်းချိန်များအပါအဝင် ယုံကြည်စိတ်ချရသော ကုန်ပို့ဆောင်မှု အချိန်ဇယာများကိုပေးစွမ်းပါသည်။

စိန့်ပီတာဘတ်၊ ‌နော်‌ဗော်ရော်စစ် နှင့် ဘလာဒီဘိုစတော့ မြို့များ သို့ ရောက်ရှိလာသော ကုန်ပစ္စည်းများကို နယ်ခံရုံးများက လျင်မြန်စွာကိုင်တွယ်ကာပို့ဆောင်ရမည့် နေရာသို့ ရထား သို့မဟုတ် ထရပ်ကားဖြင့် ပို့ဆောင်ပေးပါသည်။

add