ပင်လယ်ရေကြောင်းပို့ဆောင်ရေး : ကမ္ဘာတစ်ဝန်းကိုချိတ်

နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးအတွက် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီတစ်ခုအနေနှင့် Rhenus Myanmar သည် လူကြီးမင်းတို့အတွက် သီးသန့်ဖန်တီးထားသော ရေကြောင်းဝန်ဆောင်မှုများကို ကမ္ဘာအနှံ့ ပို့ဆောင်ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ကာလကြာရှည်စွာရရှိထားပြီးဖြစ်သော ကျွမ်းကျင်မှုဖြင့် လူကြီးမင်းတို့၏လိုအပ်ချက်များကိုဖြည့်ဆည်းလျက်ရှိပါသည်။

keyboard_arrow_up
You can see a drawing of a containership in a port

အရည်အသွေးမြင့်သော ပင်လယ်ရေကြောင်းပို့ဆောင

Rhenus Myanmar သည် နေ့စဉ် ကမ္ဘာအနှံ့ ရေကြောင်းကုန်စည်ပို့ဆောင်မှုအတွက် ကျယ်ပြန့်သော ဝန်ဆောင်မှုအမျိုးမျိုးပေးနိုင်သည့် လူသိများ၍ ယုံကြည်စိတ်ချရသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ကောင်းမွန်တည်ငြိမ်သောထောက်ပံ့ရေးကွင်းဆက်များကို ဖော်ဆောင်ရန် ကျွန်ုပ်တို့သည် ရေကြောင်းကုန်စည်ပို့ဆောင်မှုမှတစ်ဆင့် သတ်မှတ်ထားသော ကုန်စည်ထွက်ခွာချိန်များနှင့် ယုံကြည်စိတ်ချရသော ကုန်စည်ကူးပြောင်းဖြတ်သန်းခြင်းများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

အရည်အသွေးမြင့်သော ပင်လယ်ရေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုများ

Rhenus Myanmar သည် နေ့စဉ် ကမ္ဘာအနှံ့ ရေကြောင်းကုန်စည်ပို့ဆောင်မှုအတွက် ကျယ်ပြန့်သော ဝန်ဆောင်မှုအမျိုးမျိုးပေးနိုင်သည့် လူသိများ၍ ယုံကြည်စိတ်ချရသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ကောင်းမွန်တည်ငြိမ်သောထောက်ပံ့ရေးကွင်းဆက်များကို ဖော်ဆောင်ရန် ကျွန်ုပ်တို့သည် ရေကြောင်းကုန်စည်ပို့ဆောင်မှုမှတစ်ဆင့် သတ်မှတ်ထားသော ကုန်စည်ထွက်ခွာချိန်များနှင့် ယုံကြည်စိတ်ချရသော ကုန်စည်ကူးပြောင်းဖြတ်သန်းခြင်းများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

 

မြန်မာနိုင်ငံရှိပင်လယ်ရေကြောင်းပို့ဆောင်ရေး

Rhenus Myanmar သည် လက်ရွေးစင် သင်္ဘောကုမ္ပဏီများစွာနှင့် နီးကပ်စွာချိတ်ဆက်ထားပါသည်။ ထို့ကြောင့် ကုန်စည်ပို့ဆောင်ရေးများပြားဖြစ်ထွန်းသောကာလများအတွင်းပင်လျှင် အခြားကုမ္ပဏီများထက်စျေးသက်သာသောပို့ဆောင်ရေးဝန်ဆောင်မှုများပေးနိုင်ပါသည်။ ဥရောပ၊ အမေရိကနှင့် အာရှဆိပ်ကမ်းများမှ အချိန်တိကျသော အုပ်စုလိုက်ကုန်သင်္ဘောထွက်ခွာမှု ပုံသေအချိန်ဇယားမျာထားရှိထားခြင်းကြောင့် ကျွန်ုပ်တို့သည် ပို့ဆောင်ရေးအစီအစဉ်များအတွက်ယုံကြည်စိတ်ချရသောဝန်ဆောင်မှုများကို ပေးဆောင်နိုင်ပါသည်။ Rhenus ရှိ ကျွမ်းကျင်ပညာရှင်များသည် ထူးခြားသာလွန်သောနည်းလမ်းများကိုအသုံးပြုကာ လူကြီးမင်း၏ ကုန်စည်များအတွက် ရေကြောင်းဖြင့်လိုရာပို့ဆောင်ရန် အကြံပြုဆွေးနွေးနိုင်ပါသည်။

 

လူကြီးမင်းတို့လိုအပ်ချက်နှင့်ကိုက်ညီသော ပေါင်းစည်းဝန်ဆောင်မှုများ

  • ဥရောပတိုက်နှင့် အာရှတိုက်ရှိ နေရာအမျိုးမျိုးအကြား ပို့ဆောင်ပေးသော ကွန်တိန်နာအပြည့် ကုန်တင်မှု (FCL)၊ ကွန်တိန်နာအပြည့်မဟုတ်သော ကုန်တင်မှု (LCL) နှင့် ကုန်ခွဲခြမ်းသယ်ဆောင်မှု
  • ဟေးလ်ဒန်း၊ ဂျာမနီနှင့် စင်္ကာပူရှိ ကျွန်ုပ်တို့၏ ဂိတ်ဝေးများမှတစ်ဆင့် LCL ကုန်စည်များကို ဥရောပတိုက်မှ မြန်မာနိုင်ငံသို့ ပို့ဆောင်မှုနှင့် မြန်မာနိုင်ငံမှ ဥရောပတိုက်သို့ ပို့ဆောင်မှု
  • ဂျာမနီ၊ ယူကေ၊ စကင်ဒီနေးဗီးယားနိုင်ငံများ (နော်ဝေး၊ ဆွီဒင်၊ ဖင်လန်၊ ဒိန်းမတ်)၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ သြစတြီးယားနှင့် အရှေ့တောင်ဥရောပနိုင်ငံများ (ချက်၊ စလိုဗေးနီးယား၊ ဟန်ဂေရီ၊ စလိုဗက်ကီးယား၊ ပိုလန်၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား) ကဲ့သို့သော နိုင်ငံများ ပါဝင်သော ဥရောပရှိ Rhenus ၏ ကွန်ရက်
  • လျင်မြန် ညှိယူနိုင်ပြီး စျေးသက်သာသော အိမ်တိုင်ရာရောက်ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများ
  • ပရောဂျက် သို့မဟုတ် အရွယ်ကြီးမားသော ကုန်ပစ္စည်းများ
  • ရာသီဥတုဒဏ်ခံ အပူချိန်ထိန်းချုပ်ကွန်တိန်နာများ
  • တစ်ခုထက်ပိုသော နည်းလမ်းဖြင့် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများ သို့မဟုတ် ဆုံးမှတ်မတိုင်ခင် ကုန်စည်ကူးပြောင်းဖြတ်သန်းရေး
  • ကုန်စည်တင်ချပို့ဆောင်မှုနှင့် ဝမ်းပြားရေယာဉ် ဝန်ဆောင်မှုများ
  • သင်္ဘောပြည့်နှင့် တစ်စိတ်တစ်ပိုင်း စင်းလုံးငှားရမ်းပို့ဆောင်မှု
  • ဘီးတပ်ယာဉ်များ သင်္ဘောပေါ် တင်ချခြင်း

RHENUS ၏ ပင်လယ်ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ

RHENUS ၏ ပင်လယ်ရေကြောင်းပို့‌ဆောင်ရေးဝန်ဆောင်မှုမှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီများထံ စာရွက်အသုံးမပြုသော ဘွတ်ကင်စာရင်းသွင်းခြင်းနှင့် ပို့ဆောင်ရေးလမ်းညွှန်ချက်များပေးပို့ခြင်း
  • အချက်အလက်များ တိကျမှန်ကန်မှုနှင့် ထိရောက်မှု
  • သတ်မှတ်ထားသည့်အတိုင်း ကုန်စည်ပို့ဆောင်ရေးစတင်မှုများနှင့် ယုံကြည်စိတ်ချရသော ကုန်စည်ဖြတ်သန်းကူးပြောင်းမှုများဖြင့် လူကြီးမင်း၏ Supply Chain ကို အကောင်းဆုံးဖြစ်စေခြင်း
  • တိုက်ကြီးများဖြတ်သန်းကာ အိမ်တိုင်ရာရောက်သယ်ယူပို့ဆောင်ရေး
  • သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကုန်ကျစရိတ်များကို အများဆုံးလျှော့ချနိုင်မှု
  • ကမ္ဘာအနှံ့နှင့်ဒေသလိုက် အလေးထားဝန်ဆောင်လျက်ရှိသော Rhenus ၏ဂိတ်ဝေး ဝန်ဆောင်မှု

ပင်လယ်ရေကြောင်းဖြင့်ကုန်စည်ပို့ဆောင်မှုနှင့်ပက်သက်‌သောထပ်‌‌လောင်း အသိပညာများ

ကွန်တိန်နာပြည့်မဟုတ်သော (LCL) ဝန်‌ဆောင်မှုသည် တန်ဆ
ကွန်တိန်နာပြည့်မဟုတ်သော (LCL) ဝန်‌ဆောင်မှုသည် တန်ဆ

ကွန်တိန်နာပြည့်မဟုတ်သော (LCL) ဝန်‌ဆောင်မှုသည် တန်ဆ

JOST သည် COVID-19 ကြောင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ရှုပ်ထွေးမှုများအပြင် စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသော်လည်း Rhenus ကြောင့်ထိုပြဿနာများကို ဖြေရှင်းနိုင်ခဲ့ပြီး ၎င်းတို့၏ တန်ဆာခကို ဆယ်ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ခဲ့သော စိတ်ကြိုက်ညှိယူနိုင်သည့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ခဲ့ပါသည်။

CASE STUDY အား ဒေါင်