You can see a corridor with big data storages. You can see a corridor with big data storages.

အရည်အသွေးအတွက် ကျွန်ုပ်တို့၏ ကတိကဝတ်

ကျွန်ုပ်တို့အတွက် အရည်အသွေးဆိုသည်မှာ လူကြီးမင်းတို့၏ စိုးရိမ်ပူပန်မှုများကို သိရှိပြီး လိုအပ်ချက်များ၊ မေးခွန်းများနှင့် ပြဿနာများကို အကောင်းဆုံးနည်းလမ်းဖြင့် တုံ့ပြန်ခြင်းကို ဆိုလိုပါသည်။ လူကြီးမင်းတို့၏ လိုအပ်ချက်နှင့် မျှော်မှန်းချက်များကို ပုံသေ သတ်မှတ်ထားသော လိုအပ်ချက်ပုံစံများဖြင့် သတ်မှတ်ပြဋ္ဌာန်းထားပါသည်။

keyboard_arrow_up

စီမံခန့်ခွဲရေးအဖွဲ့၏ တာဝန်

ဒါရိုက်တာဘုတ်အဖွဲ့မှ သတ်မှတ်ထုတ်ပြန်ထားသော လမ်းညွှန်ချက်များသည် ကျွန်ုပ်တို့၏ စီမံခန့်ခွဲမှု စနစ်အတွက် မူဘောင်ကို ပံ့ပိုးပေးပါသည်။ ကျွန်ုပ်တို့၏ ပေါင်းစပ်စီမံခန့်ခွဲမှု စနစ်သည် ကျွန်ုပ်တို့ ဝန်ဆောင်မှု အရည်အသွေးအပေါ် တိကျပြီး တင်းကြပ်သော တောင်းဆိုချက်များကို ချမှတ်ပေးပါသည်။ ကျွန်ုပ်တို့သည် ရှိပြီးသားဖြစ်သော DIN EN ISO 9001 စံနှုန်းအပြင် လုပ်ငန်းနယ်ပယ်အလိုက် သီးသန့်သတ်မှတ်ထားသော စံနှုန်းများစွာကိုလည်း လိုက်နာရပါသည်။

 

ဒါရိုက်တာဘုတ်အဖွဲ့သည် ကုမ္ပဏီအတွက် ၎င်း၏ တာဝန်တစ်စိတ်တစ်ပိုင်းအနေဖြင့် ကော်ပိုရိတ်မူဝါဒကို ချမှတ်ပြီး လူကြီးမင်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်သည့် မဟာဗျူဟာကျသည့် ရည်မှန်းချက်များကို ချမှတ်ပေးပါသည်။ အမှုဆောင် စီမံခန့်ခွဲမှု အဖွဲ့သည် ၎င်းတို့ တာဝန်ဝတ္တရားများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စီမံခန့်ခွဲမှုစနစ်နှင့်အတူ ကုမ္ပဏီတစ်ခုလုံးကို ရေရှည် တည်တံ့ခိုင်မြဲစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုံလောက်သော ပစ္စည်းနှင့် လူ့စွမ်းအား အရင်းအမြစ်များကို ရရှိနိုင်စေရန် ဆောက်ရွက်ပေးပါသည်။

ကျွန်ုပ်တို့၏ ပေါင်းစပ် စီမံခန့်ခွဲမှုစနစ်

ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှုရှိပြီး လုပ်ငန်းစဉ်အတိုင်း ဉီးတည်‌သောပေါင်းစပ် စီမံခန့်ခွဲမှု စနစ်အား ဂျာမနီနိုင်ငံ၊ Holzwickede ရှိ ကျွန်ုပ်တို့၏ ရုံးချုပ်မှ စီမံခန့်ခွဲပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ရုံးချုပ်နှင့် ရုံးခွဲများအကြား အထက်မှ အောက်သို့ဖြစ်စေ၊ အောက်မှ အထက်သို့ဖြစ်စေ ချောမွေ့သော ဆက်သွယ်မှု ရှိစေရန် အာမခံပေးသည့် QM အဖွဲ့အစည်းကို တည်ထောင်ထားပါသည်။

 

ကျွန်ုပ်တို့၏ ပေါင်းစပ် စီမံခန့်ခွဲမှုစနစ်သည် ဒါရိုက်တာ ဘုတ်အဖွဲ့နှင့် စီမံခန့်ခွဲမှုအဆင့် ဝန်ထမ်းများ အားလုံးအတွက် အရေးကြီးသော ကိရိယာတစ်ခု ဖြစ်ပြီး အကြောင်းမှာ ၎င်းသည် ကျွန်ုပ်တို့၏ အဖွဲ့အစည်းအတွင်း အဓိက တိုးတက်မှုများ ရရှိစေရန် ကူညီပေးသောကြောင့် ဖြစ်ပါသည်။

You can see two peolpe in a control room.
[Translate to Burmese:]

စံသတ်မှတ်ချက်များ

You can see a skyline of a big city.

စံသတ်မှတ်ချက်များ

ကျွန်ုပ်တို့၏ စံသတ်မှတ်ထားသော လုပ်ငန်းစဉ်များသည် ပေါင်းစပ်စီမံခန့်ခွဲမှု စနစ်ထဲသို့ ဆိုက်နေရာ အသစ်များကို လျင်မြန်စွာ ထည့်သွင်းနိုင်စေပြီး ရှိပြီးသား စံချိန်စံညွှန်းများကို လက်ရှိ ဆိုက်နေရာများသို့ ထိရောက်စွာ လွှဲပြောင်းနိုင်စေပါသည်။

You can see a laptop on a table.

ကျွန်ုပ်တို့၏ အရည်အသွေးကို တိုင်းတာခြင်း

ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များကို အဓိက စွမ်းဆောင်ရည် ညွှန်းကိန်းများ၏ အကူအညီဖြင့် ပုံမှန်စောင့်ကြည့် လေ့လာပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် လူကြီးမင်းတို့အတွက် ကျွန်ုပ်တို့ ထုတ်ကုန်များ၏ အရည်အသွေးကို စဉ်ဆက်မပြတ် တိုးတက်စေပြီး အာမခံချက် ပေးနိုင်ပါသည်။

You can see a server room.

လုပ်ငန်းစဉ်ဆိုင်ရာ တိုင်းတာမှုများ

ကျွန်ုပ်တို့သည် အရည်အသွေးနှင့် အရေအတွက်ဆိုင်ရာ သတ်မှတ်ချက်များအပေါ် အခြေခံ၍ ကျွန်ုပ်တို့၏ အဓိက ကိန်းဂဏန်းများကို ဆုံးဖြတ်ပါသည်။ ကျွန်ုပ်တို့သည် လုပ်ငန်းစဉ်များ၏ အရည်အသွေးကို တိုင်းတာရန်နှင့် ထိန်းသိမ်းရန်အတွက် ၎င်းတို့ကို တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိအောင် ဆောင်ရွက်ပေးပါသည်။

CORPORATE IT - ထောက်ပံ့ပို့ဆောင်ရေး၏ ဒစ်ဂျစ်တယ် အနာဂတ်

ဒေတာခွဲခြမ်း စိတ်ဖြာမှု၊ AI (Artificial Intelligence)၊ ခေတ်မီ အထောက်အထား စီမံခန့်ခွဲမှုနှင့် ဒစ်ဂျစ်တယ်အခြေပြု လုပ်ငန်းခွင် စသည်တို့ကဲ့သို့သော လက်ရှိ ပြောနေကြသည့် အကြောင်းအရာများသည် ကျွန်ုပ်တို့၏ အလုံးစုံသော အနာဂတ်အတွက် လုံခြုံသည့် ဗျူဟာ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ ကော်ပိုရိတ် IT အဖွဲ့သည် အတွင်းရေး ဝန်ဆောင်မှုပေးသူတစ်ဦးအနေဖြင့် IT အရင်းအမြစ်များ၊ ဝန်ဆောင်မှုများနှင့် ဆော့ဖ်ဝဲလ်ဖြေရှင်းနည်း တစ်ခုချင်းစီဖြင့် Rhenus Group ၏ ယူနစ်အားလုံးကို ပံ့ပိုးပေးပါသည်။ အဓိက အလေးပေးမှုမှာ သုံးစွဲသူအပေါ် အလေးပေး အာရုံစိုက်ထားသည့် ပြဿနာကင်းရှင်းသော အလုပ်နေ့ကို ဖန်တီးရန်ဖြစ်သည်။ မတူညီသော ဌာနရှစ်ခုရှိ အိုင်တီကျွမ်းကျင်သူများသည် နေ့စဉ်နေ့တိုင်း စျေးကွက်လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပြုလုပ်ပေးပါသည်။

 

Corporate IT ၏ ရုံးချုပ်သည် Holzwickede ရှိ ဝင်းထဲတွင် တည်ရှိပါသည်။ လုပ်ငန်းနှင့်သက်ဆိုင်သော Rhenus ဒေတာအားလုံးကို ဤနေရာရှိ အပြန်အလှန်ချိတ်ဆက်ထားသော ဒေတာစင်တာနှစ်ခု၏ ဆာဗာများထဲတွင် သိမ်းဆည်းထားပါသည်။ လုံလောက်သော ကိုယ်ပိုင်အရင်းအမြစ်များကြောင့် ပြီးပြည့်စုံသော ဒေတာအဆောက်အဉီကြီးတစ်ခုလုံးသည် ဖြေရှင်းရန် ပြဿနာများ ပေါ်ပေါက်လာသောအခါ ၉၉.၉% ကျော် ရရှိနိုင်မှုကို အာမခံပေးပါသည်။ ယုံကြည်စိတ်ချရမှုအနေဖြင့် ၎င်းသည် နိုင်ငံတကာအသိအမှတ်ပြု "အဆင့် ၃ စံသတ်မှတ်ချက်"အရ တောင်းဆိုထားသော လိုအပ်ချက်နှင့် အရည်အသွေးတို့နှင့် ကိုက်ညီပါသည်။ နှစ်စဉ်စစ်ဆေးမှုများသည် ရရှိထားသော ISO လက်မှတ်များကြောင့် တရားဝင် သတင်းအချက်အလက် လုံခြုံရေးစံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် အာမခံပါသည်။

You can see a server room
[Translate to Burmese:]

ကျွန်ုပ်တို့၏ ထိရောက်မှုအတွက် အသိအမှတ်ပြုလက်မှတ်များနှင့် စာရွက်စာတမ်းပြုစုမှုများ

ကျွန်ုပ်တို့၏ ပေါင်းစပ်စီမံခန့်ခွဲမှု စနစ်အတွက် အခြေခံအုတ်မြစ်ကို DIN EN ISO 9001 က ပံ့ပိုးပေးပါသည်။ ကျွန်ုပ်တို့၏ ရုံးချုပ်နှင့် ဖြစ်နိုင်သမျှကျွန်ုပ်တို့၏ ရုံးခွဲအားလုံးသည် ဤစံနှုန်းအတိုင်း အသိအမှတ်ပြု ခံထားရပြီး ဖြစ်ပါသည်။ ထို့အပြင် လူကြီးမင်းတို့၏ လိုအပ်ချက်များအပေါ် အခြေခံ၍ ကျွန်ုပ်တို့၏ ရုံးချုပ်နှင့် ရုံးခွဲများတွင် အကောင်အထည် ဖော်ဆောင်ပေးသည့် အခြားသော စံနှုန်းများလည်း ရှိပါသည်။

 

ဂျာမနီနိုင်ငံပြင်ပရှိ ကျွန်ုပ်တို့၏ ရုံးနေရာများသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ကျွန်ုပ်တို့၏ Group အတွင်း အသိအမှတ်ပြုခံထားရပါသည်။ ထို့အပြင် အသိအမှတ်ပြုမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်သူများက အဆောက်အဦနေရာများပေါ်တွင် တိုက်ရိုက်အသိအမှတ်ပြုထားသော ဆိုက်များလည်း ရှိပါသည်။

 

ISO 9001 သည် Rhenus Group စီမံခန့်ခွဲမှုစနစ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်၊ အ‌ကြောင်းမှာ နောက်ထပ် လုပ်ငန်းနယ်ပယ်ဆိုင်ရာ စံနှုန်းများအားလုံးသည် ၎င်းသတ်မှတ်ထားသော လိုအပ်ချက်များအပေါ် အခြေခံ၍ ဖော်ဆောင်ထားခြင်းဖြစ်သောကြောင့် ဖြစ်သည်။

Rhenus Group အတွက် အရည်အသွေးသည် လူကြီးမင်းတို့၏ လိုအပ်ချက်များ၊ မေးခွန်းများနှင့် ပြဿနာများအပေါ် တုံ့ပြန်ဖြေရှင်းပေးရန်အတွက် လူကြီးမင်းတို့၏ စိုးရိမ်မှုများကို နားလည်သဘောပေါက်ခြင်းဖြစ်ပါသည်။ ပေးအပ်သော ဝန်ဆောင်မှုများတွင် လူကြီးမင်း၏ ယုံကြည်မှုကို ရရှိစေရန် ရည်ရွယ်ချက်ဖြင့် လူကြီးမင်းတို့၏ လိုအပ်ချက်နှင့် မျှော်မှန်းချက်များကို တစ်သမတ်တည်းနှင့် တိကျစွာ သတ်မှတ်ဆုံးဖြတ်ပေးပါသည်။

ဤစံသတ်မှတ်ချက်များ၏ လိုအပ်ချက်များကို ပြည့်မီခြင်းသည် Rhenus Group အတွင်းရှိ ရုံးခွဲများနှင့် ဆိုက်နေရာများအနေဖြင့် အရည်အသွေးမြင့် ဝန်ဆောင်မှုများ ပေးအပ်ရန်နှင့် လူကြီးမင်းတို့၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးရန်အပြင် ဥပဒေနှင့် တရားဝင် သတ်မှတ်ချက်များကို လိုက်နာရန် ကူညီပေးပါသည်။

Rhenus Group အတွင်းတွင် ISO 9001 သည် အမြတ်အစွန်းနှင့် စျေးကွက်အောင်မြင်မှု စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် မရှိမဖြစ်လိုအပ်သော ကိရိယာတစ်ခုဖြစ်သည်။

ISO 9001 သည် နောက်ထပ် လုပ်ငန်းနယ်ပယ် သီးသန့်အလိုက် အသိအမှတ်ပြု လက်မှတ်အတွက် အခြေခံကို ချမှတ်ပေးပါသည်။

ISO 14001 သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ သဘာဝ ပတ်ဝန်းကျင်အခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်ရန်၊ ခွဲခြမ်းစိတ်ဖြာရန်နှင့် တိုးတက်နိုင်စေရန် ပြုလုပ်ပေးပါသည်။

ISO 14001 နှင့် ကိုက်ညီသော သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်၏ အကူအညီဖြင့် ကျွန်ုပ်တို့သည် အသိအမှတ်ပြုခံထားရသော ဆိုက်နေရာများနှင့် ဌာနခွဲများတွင် လက်ရှိလုပ်ဆောင်လျက်ရှိသော သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ အစီအမံများကို ဆက်လက်စီစဥ္ကာ အကောင်အထည်ဖော်ြခင်းြဖင့် ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်စေမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့၏ အဓိက ရည်မှန်းချက်မှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး လိုအပ်ချက်များနှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မြှင့်တင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမှ ကာကွယ်ရန် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ISO 14001 သည် ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်၏ အသိအမှတ်ပြု လက်မှတ်အတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးပါသည်။

ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ

ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်နိုင်သော ဝန်ဆောင်ဖြေရှင်းနည်းများနှင့် အရင်းအမြစ်များကို ထိရောက်စွာအသုံးပြုခြင်းသည် Rhenus Group ၏ လုပ်ငန်းနယ်ပယ်အားလုံးတွင် ထင်ရှားမှုရှိပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသော ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ နည်းလမ်းကို ရေးဆွဲ၍ ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် မြှင့်တင်ခြင်းဖြင့် ကျွန်ုပ်တို့သည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို တားဆီးကာကွယ်ရာတွင် ပါဝင်ကူညီပေးပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်ရည်နှင့် စွမ်းအင်ထိရောက်မှုတို့ကို တိုးမြှင့်ပေးပါသည်။ ဆိုက်နေရာများအားလုံးသည် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားပေးပြီး Rhenus Group သည် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအတွက် စည်းမျဉ်းများနှင့် စံနှုန်းများကို လိုက်နာပါသည်။ ကျွန်ုပ်တို့သည် တာဝန်သိတတ်စွာ ကိုင်တွယ်ဆောင်ရွက်ပြီး သဘာဝအရင်းအမြစ်များနှင့် စွမ်းအင်ကို ထိန်းသိမ်းစောင့်ရှောက်ပေးပါသည်။ စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းအထိ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ စက်ကွင်းတစ်ခုလုံးသည် Rhenus Group ရှိ စီးပွားရေးလုပ်ငန်းများ၏ အလေးထားအာရုံစိုက်မှု တစ်ခုဖြစ်ပါသည်။ စောင့်ကြည့်စစ်ဆေးမှုကို မဟာဗျူဟာနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ပြချက်များအပြင် စီမံခန့်ခွဲရေးအား နှစ်စဉ်သုံးသပ်မှုရှိပြီး စီမံခန့်ခွဲရေးဘုတ်အဖွဲ့မှ အကဲဖြတ်သည့် တည်နေရာနှင့် ဆက်စပ်သော အဓိက ကိန်းဂဏန်းများဖြင့် ဆောင်ရွက်ပါသည်။ ပတ်ဝန်းကျင် ကာကွယ်ရေးသည် စီမံခန့်ခွဲရေး တာဝန်ဖြစ်ပြီး ကြီးကြပ်ရေးမှူးများတွင် စံပြပုဂ္ဂိုလ်များ ရှိပါသည်။ ဤသဘာဝပတ်ဝန်းကျင် မူဝါဒ၏ အခြေခံ နိယာမများနှင့်အညီ ဝန်ထမ်းများသည် ပတ်ဝန်းကျင်အပေါ် တာဝန်သိစိတ်ဖြင့် လုပ်ဆောင်ရန် ၀တ္တရားရှိပါသည်။

  • ပတ်ဝန်းကျင်ဥပဒေများအား လိုက်နာခြင်း
    ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ လုပ်ငန်းလုပ်ဆောင်နေသည့် နိုင်ငံများ၏ သက်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ဥပဒေများနှင့် စည်းမျဉ်းများအားလုံးကို လိုက်နာပါသည်။
  • သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်များ
    ကျွန်ုပ်တို့သည် ဗျူဟာမြောက်သော ရည်မှန်းချက်များနှင့် လုပ်ငန်းဆောင်ရွက်မှုအတွက် ပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုင်ရာ ရည်မှန်းချက်များကို သတ်မှတ်ပြီး စောင့်ကြည့်ပါသည်။
  • သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအတွက် စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲမှု
    ကျွန်ုပ်တို့သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်များကို စီစဉ်၍ အကောင်အထည်ဖော်ပြီး ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်များကို ပုံမှန်စစ်ဆေးပါသည်။
  • လူသိရှင်ကြား အချက်အလက်များ
    မှန်ကန်သော သတင်းအချက်အလက်များဖြင့် ကျွန်ုပ်တို့သည် အများသူငှာလူထုနှင့် လူကြီးမင်းတို့ အကြား ယုံကြည်မှုကို ဖန်တီးပေးပါသည်။
  • ရနိုင်သော အကောင်းဆုံး နောက်ဆုံးပေါ်နည်းပညာ
    ကျွန်ုပ်တို့သည် လုပ်ငန်းလည်ပတ်မှု အခြေအနေအားလုံးတွင် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုကို ရှောင်ရှားလိုပါသည်။ စီးပွားရေးအရ တတ်နိုင်သရွေ့ ကျွန်ုပ်တို့သည် ရရှိနိုင်သော အကောင်းဆုံးနည်းပညာကို အသုံးပြုပါသည်။
  • ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးခြင်း
    ကျွန်ုပ်တို့သည် ရာထူးအဆင့်တိုင်းရှိ ဝန်ထမ်းများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာကို လေ့ကျင့်ပေးခြင်းမှ တစ်ဆင့် မြှင့်တင်ပေးပါသည်။
  • မတော်တဆမှု တားဆီးရေး
    ကျွန်ုပ်တို့သည် ဝန်ထမ်းများနှင့် အများသူငှာ အကျိုးစီးပွားအုပ်စုများသို့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များနှင့် အရေးပေါ် အစီအမံများကို ဆက်သွယ် အကြောင်းကြားပေးပါသည်။
  • ကန်ထရိုက် ပူးပေါင်းဆောင်ရွက်သူ
    ကျွန်ုပ်တို့၏ တည်နေရာများတွင် အလုပ်လုပ်ဆောင်သော ပြင်ပကုမ္ပဏီများသည် ကျွန်ုပ်တို့၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒအကြောင်း သိရှိပြီး ၎င်းတို့ကို ကျွန်ုပ်တို့၏ လှုပ်ရှားမှုများတွင် ပါဝင်ထည့်သွင်းပေးထားပါသည်။
  • အရင်းအမြစ်များအား ဂရုတစိုက် အသုံးပြုခြင်း
    ကျွန်ုပ်တို့သည် စွမ်းအင်ကို ထိရောက်စွာနှင့် သင့်တင့်မှုရှိစွာ အသုံးပြုပါသည်။ နည်းပညာပိုင်းဆိုင်ရာနှင့် အဖွဲ့အစည်းဆိုင်ရာ အစီအမံများဖြင့် ကျွန်ုပ်တို့သည် အကြွင်းအကျန်များ၊ စွန့်ပစ်ပစ္စည်းများ၊ ညစ်ညမ်းမှု ဖြစ်ပွားစေသော ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ရေဆိုးများကို လျှော့ချပေးပါသည်။

Rhenus Group အတွက် သတင်းအချက်အလက်ဆိုင်ရာ လုံခြုံရေးဆိုသည်မှာ ကျွန်ုပ်တို့ထံမှ ဝန်ဆောင်မှု ဝယ်ယူသူများ၊ ကျွန်ုပ်တို့၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်သူများနှင့် အများပြည်သူများက လူအားလုံးမြင်နိုင်စေရန်အတွက် ကျွန်ုပ်တို့အပေါ်ထားရှိသည့် ယုံကြည်မှုကို သရုပ်ဖော်ပြသနိုင်ရန် လျှို့၀ှက်ထားရှိပေးမှု၊ ဖြောင့်မတ်မှုနှင့် အချက်အလက်များ ရယူနိုင်မှုကို ဗျူဟာကျကျ အောင်မြင်စေမည့် အရာအဖြစ် ပြုလုပ်ခြင်းဖြစ်ပါသည်။

နိုင်ငံတကာအသိအမှတ်ပြု ISO/IEC 27001 စံနှုန်းနှင့်အညီ ကျွန်ုပ်တို့၏ သတင်းအချက်အလက် လုံခြုံရေးစီမံခန့်ခွဲမှုစနစ် (ISMS) သည် အန္တရာယ်ဖြစ်နိုင်ခြေများကို ဖော်ထုတ်ပြီး အကဲဖြတ်ကြောင်းနှင့် သတင်းအချက်အလက်လုံခြုံရေးကို သေချာစေရန် အစီအမံများကို စီစဉ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြည့်ခြင်းများ ပြုလုပ်ကြောင်း သေချာစေပါသည်။

မော်တော်ယာဥ်လုပ်ငန်းနယ်ပယ်က လူကြီးမင်းတို့အတွက် ဝန်ဆောင်မှုများ ပေးနေသည့် ကျွန်ုပ်တို့၏ ဆိုက်နေရာများကို VDA 6.2 အရ အသိအမှတ်ပြုထားပါသည်။

VDA 6.2 သည် အတွင်းပိုင်းဖြစ်စေ (တီထွင်မှု၊ ထောက်ပံ့ပို့ဆောင်မှု၊ ဝယ်ယူမှု စသည်ဖြင့်) နှင့် အပြင်ပိုင်းဖြစ်စေ (တီထွင်သူများ၊ နမူနာပုံစံ ထုတ်လုပ်သူများ၊ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများ စသည်ဖြင့်) နှစ်ခုလုံးတွင် မော်တော်ယာဥ်လုပ်ငန်းနယ်ပယ်ရှိ ဝန်ဆောင်မှုပေးသူများအတွက် ရည်ရွယ်ပါသည်။

ဝန်ဆောင်မှုလုပ်ငန်းစဉ်များသည် ယေဘုယျအားဖြင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များအတွက် လိုအပ်သော သတ်မှတ်ချက်များထက် ကွဲပြားခြားနားသည့် သတ်မှတ်ချက်များနှင့် အကျုံးဝင်သက်ဆိုင်နေပါသည်။ ဝန်ဆောင်မှု လုပ်ငန်းစဉ်များတွင် မမြင်နိုင်သော ဝန်ဆောင်မှုများအပေါ် အလေးထားအာရုံစိုက်ပါသည်။ ဝန်ဆောင်မှုတစ်ခု ပံ့ပိုးမှုနှင့် ပေးအပ်မှုသည် ယူနစ်တစ်ခုတည်းကို ဖြစ်ပေါ်စေပါသည်။

VDA 6.2 ကို အကောင်ထည်ဖော်ခြင်းဖြင့် မော်တော်ယာဉ်လုပန်ငန်းနယ်ပယ်ရှိ လူကြီးမင်းတို့၏ အဓိကကျသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး (OECD) မှ ချမှတ်ထားသော "GLP စည်းမျဉ်းများ" ရှိ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ကောင်းမွန်သော ဓာတ်ခွဲခန်း အလေ့အကျင့် (GLP) သည် "အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ဆေးရုံဆေးခန်းတွင်မဟုတ်သော ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ဘေးကင်းရေးဆိုင်ရာ လေ့လာမှုများကို စီစဉ်ခြင်း၊ လုပ်ဆောင်ခြင်း၊ စောင့်ကြည့်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သိမ်းဆည်းခြင်းနှင့် အစီရင်ခံခြင်းတို့ကို ဆောင်ရွက်သည့် အခြေအနေများနှင့်သက်ဆိုင်သည့် အရည်အသွေးစနစ်တစ်ခု” ဖြစ်ပါသည်။

ဤစံနှုန်းအတိုင်း အသိအမှတ်ပြုခံထားပြီးသော ကျွန်ုပ်တို့၏ ဆိုက်နေရာများသည် အစိုးရ တာဝန်ရှိသူများထံ တင်ပြထားသော စစ်ဆေးရေး အစီရင်ခံစာများတွင် စစ်ဆေးရေး အချက်အလက်အားလုံးကို မှန်ကန်စွာနှင့် အပြည့်အ၀ ထည့်သွင်းထားကြောင်း သေချာစေသည့်အတွက် ၎င်းတို့၏ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းနယ်ပယ်မှ ဖောက်သည်များအား ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ဘေးကင်းရေးဆိုင်ရာ အရည်အသွေးကောင်းကြောင်း အာမခံပေးသည့် စနစ်၏ သက်သေအထောက်အထားများကို ပေးဆောင်နိုင်ပါသည်။

ကောင်းမွန်သော ကုန်ထုတ်လုပ်ငန်း အလေ့အကျင့် (GMP) ဆိုသည်မှာ ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များနှင့် ပါဝင်ပစ္စည်းများကို ထုတ်လုပ်စဉ်အတွင်းနှင့် စားသောက်ကုန်များနှင့် တိရစ္ဆာန်အစာများကို ထုတ်လုပ်စဉ်အတွင်း ထုတ်လုပ်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ထုတ်လုပ်သည့် ပတ်ဝန်းကျင်များ၏ အရည်အသွေးကောင်းကြောင်း အာမခံချက်ပေးခြင်းဖြစ်သည်။

အထူးသဖြင့် ဆေးဝါးလုပ်ငန်းနယ်ပယ်မှ လူကြီးမင်းများအတွက် အရည်အသွေးကောင်းကြောင်း အာမခံမှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ အဘယ်ကြောင့်ဆိုသော် အရည်အသွေး ကွဲလွဲမှုသည် သုံးစွဲသူများ၏ ကျန်းမာရေးကို တိုက်ရိုက် သက်ရောက်မှု ရှိစေနိုင်သောကြောင့် ဖြစ်သည်။

ကျွန်ုပ်တို့ကုမ္ပဏီ၏ သက်ဆိုင်ရာဆိုက်နေရာများကို GMP အရ အသိအမှတ်ပြုထားပြီး အကောင်းဆုံးအရည်အသွေးကို အာမခံနိုင်ရန်နှင့် ပြည်သူ့ကျန်းမာရေး အာဏာပိုင်များ၏ လိုအပ်ချက်များနှင့် ပြည့်မီစေရန်အတွက် GMP သတ်မှတ်ချက်များနှင့် ကိုက်ညီသော အရည်အသွေး စီမံခန့်ခွဲမှုစနစ်ကို ချမှတ်ထားပါသည်။

HACCP သည် အန္တရာယ်ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အရေးပါသော ထိန်းချုပ်မှုအချက်များ (Hazard Analysis and Critical Control Points) ၏ အတိုကောက်ဖြစ်သည်။

၎င်း၏ ရည်ရွယ်ချက်မှာ စားသောက်ကုန်များကြောင့် ဖြစ်ရသည့် ကြီးမားသော အန္တရာယ်များကို ဖော်ထုတ်ရန်၊ အကဲဖြတ်ရန်နှင့် ထိန်းချုပ်ရန်ဖြစ်ပါသည်။

HACCP နှင့်အညီ ၎င်းတို့၏ အသိအမှတ်ပြု လက်မှတ်ကြောင့် အစားအသောက်လုပ်ငန်းနယ်ပယ်မှ လူကြီးမင်းများ လာရောက်ကြသော ကျွန်ုပ်တို့၏ ဆိုက်များသည် အပြည့်အဝဆောင်ရွက်မှုရှိသော HACCP ခွဲခြမ်းစိတ်ဖြာမှု အားလုံးကို စာရွက်စာတမ်းဖြင့် မှတ်တမ်းတင်ပေးပါသည်။

နိုင်ငံတကာ စားသောက်ကုန် စံချိန်စံညွှန်း (International Food Standard) ၏ အတိုကောက်ဖြစ်သော IFS သည် ပေါင်းစပ်စနစ်တစ်ခု ဖန်တီးရန်အတွက် ISO 9001 ၏ လိုအပ်ချက်များကို HACCP ခွဲခြမ်းစိတ်ဖြာချက်များနှင့် ပေါင်းစပ်ထားသော အယူအဆတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ IFS ထောက်ပံ့ပို့ဆောင်ရေးစံနှုန်းအား ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းနယ်ပယ်၏ ဝန်ဆောင်မှုများအတွက် သီးသန့်ရေးဆွဲထားပြီး အစားအစာ လုံခြုံဘေးကင်းရေးအပေါ် အဓိကထား အလေးပေးပါသည်။

IFS ထောက်ပံ့ပို့ဆောင်ရေးစံနှုန်းသည် လုပ်ငန်းနယ်ပယ်မှ လက်လီရောင်းချသူအထိ ထောက်ပံ့ရေးကွင်းဆက် တစ်လျှောက်လုံးတွင် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန် ကူညီပေးပြီး စွန့်စားမှုအလေးပေးသည့် နည်းလမ်းကို လုပ်ဆောင်ပါသည်။

လုံခြုံဘေးကင်းရေးဆိုင်ရာ အရည်အသွေးနှင့် အကဲဖြတ်မှုစနစ် (SQAS) သည် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုပေးသူ၏ အရည်အသွေး၊ လုံခြုံဘေးကင်းရေးမှုရှိရေးနှင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်များ၏ တူညီသော အကဲဖြတ်မှုအတွက် ကိရိယာတစ်ခု ပံ့ပိုးပေးပါသည်။ ဤရည်ရွယ်ချက်အတွက် အဖွဲ့အစည်းတစ်ခုခုနှင့် မဆက်စပ်သော လွတ်လပ်သည့် အကဲဖြတ်သူများကို အလုပ်ခန့်ထားပြီး စံပြုမေးခွန်းလွှာကို အသုံးပြုပါသည်။

SQAS စစ်ဆေးမှုကို အောင်မြင်စွာ ကျော်ဖြတ်ခြင်းသည် ကျွန်ုပ်တို့ကုမ္ပဏီ၏ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဖြေရှင်းနည်းများအား ပိုမိုလုံခြုံမှုရှိစေပြီး သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုသဟဇာတဖြစ်စေရန်အတွက် ကျွန်ုပ်တို့၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများအပေါ် ညွှန်ပြချက်တစ်ခုဖြစ်ပါသည်။

ဤစနစ်သည် ကျွန်ုပ်တို့အား အကဲဖြတ်စဉ်အတွင်း တွေ့ရှိခဲ့သော အားသာချက်များနှင့် အားနည်းချက်များအပေါ် အသုံးဝင်သော တိုက်ရိုက်တုံ့ပြန်ချက် ပေးအပ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် အကဲဖြတ်ခြင်း ရလဒ်များကို စိစစ်ပြီးနောက် လူကြီးမင်းထံ တိကျသော တုံ့ပြန်ချက်ကို ပေးနိုင်ပါသည်။ ဤနည်းအားဖြင့် နှစ်ဖက်စလုံး၏ အပြန်အလှန် အကျိုးရှိရေးကို မျှော်မှန်း၍ စစ်မှန်သော ပူးပေါင်း ဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးခြင်း သို့မဟုတ် အားဖြည့်ပေးခြင်း လုပ်ဆောင်ပေးပါသည်။

Rhenus Group ၏ ဂျာမန်အခြေစိုက် ဆိုက်နေရာများအားလုံးသည် စွမ်းအင်ဝန်ဆောင်မှုများ အက်ဥပဒေ (EDLG) ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိပြီး DIN EN ISO 50001 အရ အသိအမှတ်ပြုခံထားရပါသည် သို့မဟုတ် DIN EN 16247 နှင့်အညီ စွမ်းအင်စစ်ဆေးမှုကို ခံယူထားပါသည်။

ထို့အပြင် အခြားသော စံနှုန်းများအတွက် ယခင် အသိအမှတ်ပြု မက်ထရစ်နှင့် သက်ဆိုင်သည့် အချို့သော နိုင်ငံရပ်ခြားရှိ ဆိုက်နေရာများလည်း ပါဝင်မည်ဖြစ်သည်။

စွမ်းအင်စီမံခန့်ခွဲမှု စနစ်သည် သဘာဝပတ်ဝန်းကျင်အတွက် ရေရှည်တည်တံ့သော အကာအကွယ်နှင့် ကျွန်ုပ်တို့၏ အရင်းအမြစ်များအား ထိန်းသိမ်းခြင်းတို့ကို မြှင့်တင်ပေးပါသည်။ ကျွန်ုပ်တို့သည် ဌာနခွဲအားလုံးတွင် ကျွန်ုပ်တို့ လုပ်ငန်းဆောင်တာများ၏ စွမ်းအင်အသုံးပြုရေးဆိုင်ရာ ထိရောက်မှုကို စဉ်ဆက်မပြတ် တိုးတက်စေပြီး အနာဂတ်မျိုးဆက်များအတွက် ကျွန်ုပ်တို့၏ တာဝန်ကို ကျေပွန်စေရန် ၎င်းစွမ်းအင်တို့ကို ရေရှည်တည်တံ့မှု ပိုမိုရှိစေကြောင်း သေချာစေရန် အရေးကြီးပါသည်။

Rhenus Group သည် စွမ်းအင်နှင့်ပတ်သက်သော ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် တိုးတက်စေရန် ဆောင်ရွက်နေပါသည်။

ဆိုက်နေရာများတွင် အသုံးပြုသည့် စွမ်းအင်၏ သဘောသဘာဝနှင့် အတိုင်းအတာသည် သင့်လျော်မှုရှိသင့်ပါသည်။

မဟာဗျူဟာနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ မျှော်မှန်းချက်များကို ပြည့်မီစေရန်အတွက် လိုအပ်သော သတင်းအချက်အလက်နှင့် အရင်းအမြစ်များအားလုံး ရရှိသင့်ပါသည်။

ထို့အပြင် Rhenus Group သည် စွမ်းအင်အသုံးပြုမှုနည်းလမ်းများ၊ သုံးစွဲမှုပမာဏနှင့် ထိရောက်မှုရှိမှုတို့နှင့် ပတ်သက်၍ အဖွဲ့အစည်းမှ သဘောတူညီထားသော သက်ဆိုင်သည့် ဥပဒေ စည်းမျဉ်းများအားလုံးနှင့် အခြားလိုအပ်ချက်များကို လိုက်နာရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။

မဟာဗျူဟာနှင့် လုပ်ငန်းလည်ပတ်ရန်လိုသည့် စွမ်းအင်ဆိုင်ရာ ရည်မှန်းချက်များကို စွမ်းအင်သုံးစွဲမှု စီမံခန့်ခွဲသည့်စနစ်တွင် သတ်မှတ်ပြီး ပြန်လည်သုံးသပ်ပါသည်။ ၎င်းတို့သည် အောက်ပါ ရည်မှန်းချက်များအပေါ် အခြေခံပါသည် -

  • စွမ်းအင်ထိရောက်မှုကို တိုးစေခြင်း
  • CO2 ပမာဏကို လျော့စေခြင်း
  • ကုန်ကျစရိတ် ချွေတာမှုတို့မှတစ်ဆင့် ယှဉ်ပြိုင်စွမ်းအားကို တိုးစေခြင်း

ကျွန်ုပ်တို့သည် စွမ်းအင် သုံးစွဲမှု၏ အကျိုးအမြတ်များကို မြှင့်တင်ရန် ဒီဇိုင်းရေးဆွဲထားသည့် စွမ်းအင်သက်သာစွာ အသုံးပြုသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား ဝယ်ယူမှုကို အားပေးထောက်ခံပါသည်။

"လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းဆိုင်ရာ အက်ဥပဒေ" (၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့အထိ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများကို စျေးကွက်တွင် နေရာချထားခြင်းနှင့် အဆိုပါပစ္စည်းများကို စုဆောင်းခြင်းနှင့် စွန့်ပစ်ခြင်းတို့နှင့်ပတ်သက်သော အက်ဥပဒေ) သည် စွန့်ပစ် ပစ္စည်းဥပဒေအောက်တွင် လျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများအတွက် ထုတ်လုပ်သူ၏ ထုတ်ကုန် တာဝန်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ပါသည်။

ယင်းသည် အောက်ပါရည်မှန်းချက်များကို ဖော်ဆောင်ပါသည် -

  • လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများရှိ အန္တရာယ်ရှိသော အရာများထံမှ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို အကာအကွယ်ပေးခြင်း
  • ပြန်လည်အသုံးပြုခြင်း သို့မဟုတ် အသစ်တဖန် ပြင်ဆင်အသုံးပြုခြင်းတို့မှတစ်ဆင့် စွန့်ပစ်ပစ္စည်းအရေအတွက်ကို လျှော့ချပေးခြင်း

ဤနေရာတွင်လည်း Rhenus Group သည် ၎င်း၏တာဝန်ကို သိရှိပါသည်။ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းဆိုင်ရာ အက်ဥပဒေနှင့်အညီ အသိအမှတ်ပြုလက်မှတ်ကို ဖော်ဆောင်လျက်ရှိပြီး ဆက်လက်ထုတ်ပြန်မိတ်ဆက်ပေးနေပါသည်။