Es ist eine Gruppe von Menschen in Business Kleidung zu sehen. Es ist eine Gruppe von Menschen in Business Kleidung zu sehen.

ကျွန်ုပ်တို့၏ တန်ဖိုးစံနှုန်းများ

ကုမ္ပဏီသည် ကျွန်ုပ်တို့၏ အသိပညာနှင့် ကျွမ်းကျင်မှုများ စုပေါင်းမှုထက် များစွာပိုပါသည်။ Rhenus Group ကို အတူတကွ ပေါင်းစည်းထားစေသည့် ကိုယ်ပိုင်လက္ခဏာများမှာ ကျွန်ုပ်တို့၏ ယဉ်ကျေးမှု၊ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များနှင့် ကျွန်ုပ်တို့၏ မူလဇာတိများဖြစ်ပါသည်။

keyboard_arrow_up

ဒါပေမဲ့ RHENUS GROUP ကို ဘာက တမူထူးခြားစေတာလဲ။

လုပ်ဖော်ကိုင်ဖက်ပေါင်း ၃၇,၅၀၀ ကျော်မှ တစ်ဦးစီသည် ဤမေးခွန်းကို အလားတူသော်လည်း တစ်ထပ်တည်းမကျသည့် အဖြေများဖြင့် ဖြေဆိုနိုင်ဖွယ်ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် နိုင်ငံတွင်းနှင့် နိုင်ငံတကာမှ ဝန်ထမ်းများနှင့် မန်နေဂျာများစွာတို့နှင့်အတူ ကုမ္ပဏီအတွင်းတန်ဖိုးထားမှု လုပ်ငန်းစဉ်ကို ဖြတ်သန်းခဲ့ပြီး ကျွန်ုပ်တို့၏ လူသိများသော တန်ဖိုးထားမှုများကို ထပ်လောင်း ဖန်တီးသတ်မှတ်ထားပါသည်။

 

ရလဒ်များမှာ အောက်ပါတို့ဖြစ်သည် -

RHENUS ၏ တန်ဖိုးငါးခု

Rhenus သည် နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်သော ထောက်ပံ့ပို့ဆောင်ရေး အတွေ့အကြုံများ၊ ဝန်ဆောင်မှုဝယ်ယူသူများအပေါ် နားလည်မှုနှင့် အဖွဲ့လိုက် လုပ်ဆောင်မှုတို့ကို ပေါင်းစပ်ထားပါသည်။ ကျွန်ုပ်တို့၏ သမိုင်း၊ ကျွန်ုပ်တို့ စုဆောင်းထားသော အသိပညာနှင့် ကျွန်ုပ်တို့ ရရှိထားသော ကျွမ်းကျင်မှုများကို အဓိက တန်ဖိုးထားမှ

You can see a woman measuring fabric.
You can see a woman measuring fabric.
You can see a woman measuring fabric.
You can see a woman measuring fabric.
ဝယ်ယူသူစိတ်ကြိုက် ဝန်ဆောင်မှုများ

ဝယ်ယူသူစိတ်ကြိုက် ဝန်ဆောင်မှုများ

  • လိုအပ်ချက်များကို နားလည်ခြင်း
  • ဖြေရှင်းနည်းများ ပေးခြင်း
  • အနာဂတ်ကို ပုံဖော်ခြင်း
You can see a lady dance in front of Rhenus trucks.
You can see a lady dance in front of Rhenus trucks.
You can see a lady dance in front of Rhenus trucks.
You can see a lady dance in front of Rhenus trucks.
ဝန်ထမ်းများအပေါ် အလေးပေးမှု

ဝန်ထမ်းများအပေါ် အလေးပေးမှု

  • လေးစားမှုရှိခြင်း
  • အရည်အချင်းကို တန်ဖိုးထားခြင်း
  • ဖွံ့ဖြိုးတိုးတက်မှုကို အားပေးခြင်း
You can see a person doing sports in front of some container.
You can see a person doing sports in front of some container.
You can see a person doing sports in front of some container.
You can see a person doing sports in front of some container.
စွန့်ဦးတီထွင်လိုသည့် စိတ်ဓာတ်

စွန့်ဦးတီထွင်လိုသည့် စိတ်ဓာတ်

  • အတွေးအခေါ်များ ဖန်တီးခြင်း
  • တာဝန်ခံမှုရှိခြင်း
  • အောင်မြင်မှုကို အာမခံပေးခြင်း
ဖြောင့်မတ်မှန်ကန်မှု

ဖြောင့်မတ်မှန်ကန်မှု

  • တန်ဖိုးထားမှုများအတိုင်း နေထိုင်ခြင်း  
  • ကတိတည်ခြင်း
  • လုံခြုံမှုရှိစေခြင်း
ရေရှည်တည်မြဲမှု

ရေရှည်တည်မြဲမှု

  • ရေရှည်အတွက် ရှေးရှုလုပ်ဆောင်ခြင်း
  • အနာဂတ်မျိုးဆက်များအတွက် လက်ဆင့်ကမ်းချိတ်ဆက်ခြင်း
  • အမှီအခိုမူကင်းမဲ့လွတ်လပ်ခြင်း
You can see a woman measuring fabric.
You can see a woman measuring fabric.
You can see a woman measuring fabric.
You can see a woman measuring fabric.
ဝယ်ယူသူစိတ်ကြိုက် ဝန်ဆောင်မှုများ
  • လိုအပ်ချက်များကို နားလည်ခြင်း
  • ဖြေရှင်းနည်းများ ပေးခြင်း
  • အနာဂတ်ကို ပုံဖော်ခြင်း
You can see a lady dance in front of Rhenus trucks.
You can see a lady dance in front of Rhenus trucks.
You can see a lady dance in front of Rhenus trucks.
You can see a lady dance in front of Rhenus trucks.
ဝန်ထမ်းများအပေါ် အလေးပေးမှု
  • လေးစားမှုရှိခြင်း
  • အရည်အချင်းကို တန်ဖိုးထားခြင်း
  • ဖွံ့ဖြိုးတိုးတက်မှုကို အားပေးခြင်း
You can see a person doing sports in front of some container.
You can see a person doing sports in front of some container.
You can see a person doing sports in front of some container.
You can see a person doing sports in front of some container.
စွန့်ဦးတီထွင်လိုသည့် စိတ်ဓာတ်
  • အတွေးအခေါ်များ ဖန်တီးခြင်း
  • တာဝန်ခံမှုရှိခြင်း
  • အောင်မြင်မှုကို အာမခံပေးခြင်း
ဖြောင့်မတ်မှန်ကန်မှု
  • တန်ဖိုးထားမှုများအတိုင်း နေထိုင်ခြင်း  
  • ကတိတည်ခြင်း
  • လုံခြုံမှုရှိစေခြင်း
ရေရှည်တည်မြဲမှု
  • ရေရှည်အတွက် ရှေးရှုလုပ်ဆောင်ခြင်း
  • အနာဂတ်မျိုးဆက်များအတွက် လက်ဆင့်ကမ်းချိတ်ဆက်ခြင်း
  • အမှီအခိုမူကင်းမဲ့လွတ်လပ်ခြင်း

ဝယ်ယူသူကို အလေးပေးသည့် ဝန်ဆောင်မှုများ

လိုအပ်ချက်များကို နားလည်ခြင်း - ဖြေရှင်းနည်းများ ပေးအပ်ခြင်း - အနာဂတ်ကို ပုံဖော်ခြင်း

 

ကျွန်ုပ်တို့သည် ဝန်ဆောင်မှု ဝယ်ယူသူများ၏ လုပ်ငန်းကို နားလည်ပြီး ၎င်းတို့နှင့်အတူ အနာဂတ်ကိုပုံဖော်ပါသည်။ အတွေ့အကြုံနှင့် ပြင်ဆင်ပြောင်းလဲရလွယ်မှုတို့ကို အသုံးပြု၍ လူကြီးမင်းတို့ တစ်ဦးချင်းစီ၏ လိုအပ်ချက်များအတွက် သင့်လျော်သော ဖြေရှင်းနည်းများကို ကျွန်ုပ်တို့ ဖန်တီးပေးပါသည်။ ဤကတိကဝတ်ကို ကျွန်ုပ်တို့၏ ဗဟိုတစ်နေရာတည်းမှ ချုပ်ကိုင်မှုမရှိသော အဖွဲ့အစည်း၊ ကျွန်ုပ်တို့၏ မြင့်မားသော အိုင်တီနည်းပညာစွမ်းရည်နှင့် ကျွန်ုပ်တို့ဝန်ထမ်းများ၏ တီထွင်ဆန်းသစ်မှုရှိသော စိတ်ဓာတ်တို့အပေါ် ကျောထောက်နောက်ခံ ပြုထားပါသည်။

လူကြီးမင်းတို့၏ စိတ်ကျေနပ်မှုသည် ကျွန်ုပ်တို့အောင်မြင်မှု၏ အခြေခံအကြောင်းရင်း ဖြစ်ပါသည်။ တက်ကြွစွာ လုပ်ဆောင်မှုနှင့် အကြွင်းမဲ့သော ကတိကဝတ်များဖြင့် ကျွန်ုပ်တို့သည် ရေရှည်နှင့် ယုံကြည်စိတ်ချရသော ဆက်ဆံရေးများကို နေ့စဉ်နှင့်အမျှ ပြုစုပျိုးထောင်ပေးပါသည်။ ကျွန်ုပ်တို့၏ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းစဉ်များအပေါ် နက်ရှိုင်းစွာ နားလည်သောကြောင့် လူကြီးမင်းတို့ထံ စစ်မှန်သော တန်ဖိုးထပ်ဖြည့် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်သည့်အတွက် ကျွန်ုပ်တို့အား တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်သူများအဖြစ် တန်ဖိုးထားကြပါသည်။ ကျွန်ုပ်တို့၏ အလွန်အမင်း လိုက်လျောညီထွေရှိမှုနှင့် မြင့်မားသော အိုင်တီနည်းပညာ စွမ်းရည်များကို အသုံးပြု၍ လူကြီးမင်းတို့ တစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမှုအား စိန်ခေါ်မှု တစ်ခုအဖြစ် ကြိုဆိုပါသည်။ ကျွန်ုပ်တို့သည် အတိတ် သို့မဟုတ် အတားအဆီးများအပေါ်တွင် တွယ်ကပ်မနေဘဲ လူကြီးမင်းတို့အတွက် မှန်ကန်ပြီး လက်တွေ့ကျသော အဖြေကို ရှာဖွေရန် အလေးပေးပါသည်။ ရှေ့သို့ ဇွဲရှိစွာ ရှေးရှု၍ အပြုသဘောဆောင်သော ရှုထောင့်များကိုသာ အာရုံစိုက်ခြင်းသည် ကျွန်ုပ်တို့အား ကုမ္ပဏီအပြင်ပိုင်းရော အတွင်းတွင်ပါ အားကောင်းလာစေပါသည်။

ဝန်ထမ်းများအပေါ် အလေးပေးမှု

လေးစားမှုရှိခြင်း - အရည်အချင်းကို တန်ဖိုးထားခြင်း - ဖွံ့ဖြိုးတိုးတက်မှုကို အားပေးခြင်း

 

ကျွန်ုပ်တို့သည် ကုမ္ပဏီ၏ နှလုံးသားဖြစ်သောကြောင့် သူမတူစွာ ခြားနားပါသည်။ ကျွန်ုပ်တို့ တစ်ဦးစီတိုင်းသည် အသိပညာ၊ စိတ်အားထက်သန်မှုနှင့် ကတိကဝတ်များဖြင့် ကျွန်ုပ်တို့၏ အပြန်အလှန်အောင်မြင်မှုကို ပံ့ပိုးပေးရာတွင် အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်ကူညီပေးပါသည်။ ထို့ကြောင့် အပြန်အလှန် လေးစားမှုနှင့် တန်ဖိုးထားမှုသည် ကျွန်ုပ်တို့အတွက် ထိပ်တန်းဦးစားပေးဖြစ်ပါသည်။

တစ်ဦးချင်းစီ၏ လုပ်ငန်းခွင် အရည်အချင်းနှင့် စွန့်ဦးတီထွင်လိုမှု စွမ်းရည်သည် ကျွန်ုပ်တို့၏ အောင်မြင်မှုအတွက် အဆုံးအဖြတ်ပေးသော အချက်ဖြစ်ပါသည်။ ထို့ကြောင့် ကြီးပွား တိုးတက်လိုသူတိုင်းသည် ဆွဲဆောင်မှုရှိသော လုပ်ငန်းခွင် ပတ်ဝန်းကျင်နှင့် မဟာဗျူဟာကျသော ရည်မှန်းချက်အဖြစ် ခိုင်ခိုင်မြဲမြဲ အခြေချထားသော ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုတို့နှင့်တကွ အကောင်းဆုံး အခြေအနေများကို Rhenus တွင် ရှာတွေ့ကြပါသည်။

ကျွန်ုပ်တို့သည် ကြီးမားသော အဖွဲ့တစ်ခုဖြစ်ပြီး ကျွန်ုပ်တို့တစ်ဦးစီတွင် ကိုယ်ပိုင်အရည်အချင်းများ ရှိကြပါသည်။ မိသားစုပိုင် လုပ်ငန်းတစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် တစ်ဦးပေါ်တစ်ဦး ကာကွယ်စောင့်ရှောက်ပြီး လေးစားစွာ ဆက်ဆံပါသည်။

စွန့်ဦးတီထွင်လိုသည့် စိတ်ဓာတ်

အတွေးအခေါ်များ ဖန်တီးခြင်း - တာဝန်ခံမှုရှိခြင်း - အောင်မြင်မှုကို အာမခံပေးခြင်း

ကျွန်ုပ်တို့သည် အတွေးအခေါ်များကို ဖန်တီးကာ တွန်းအားသစ်များ ပံ့ပိုးပေး၍ အမှုကိစ္စများကို ကိုယ်တိုင်တာဝန်ယူ ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့ယူနစ်များတွင် ဗဟိုချုပ်ကိုင်မှု မရှိသောကြောင့် စိတ်အားထက်သန်မှုရှိသော ပံ့ပိုးဆောင်ရွက်မှုများ ပေးစွမ်းရန်နှင့် ကြီးမားသော မှတ်ကျောက် ပန်းတိုင်တစ်ခုသို့ ရောက်ရှိနိုင်ရန် အလွယ်တကူ ဆောင်ရွက်နိုင်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့၏ အနာဂတ်ကိုသာမက လူကြီးမင်းတို့၏ အနာဂတ်ကိုပါ ပုံဖော်ပေးသည့် ချဉ်းကပ်ဆောင်ရွက်မှု ဖြစ်ပါသည်။

မိသားစုပိုင်လုပ်ငန်းတစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် အဖွဲ့၀င်တစ်ဦးစီမှ စွန့်ဦးတီထွင်လိုသည့် စိတ်ဓာတ်ကို အားပေး ထောက်ခံပါသည်။ စျေးကွက် အလေးပေးသည့် စီးပွားရေး ကဏ္ဍများစွာဖြင့် ကျွန်ုပ်တို့၏ ဗဟို ချုပ်ကိုင်မှု မရှိသော ဖွဲ့စည်းပုံသည် ထိုသို့ လုပ်ဆောင်ရန် အထောက်အကူ ပြုပေးပါသည်။ ကျွန်ုပ်တို့သည် ဤအသိုက်အဝန်း၏ ဉာဏ်ရည် ဉာဏ်သွေးအပေါ် ယုံကြည်ပြီး ၎င်းကို အသုံးပြု၍ လူကြီးမင်းတို့အတွက် လက်တွေ့ကျပြီး ရလဒ်များအပေါ် ဦးတည်သည့် ဖြေရှင်းနည်းများကို ဖန်တီးပေးပါသည်။ တစ်ဦးချင်းစီ လိုအပ်ချက်များအပေါ် အခြေခံ၍ လူတိုင်းအတွက် လုပ်ရကိုင်ရ ပိုမိုလွယ်ကူစေမည့် စံနှုန်းများကို ဖော်ဆောင်ပေးပါသည်။ အစောပိုင်း ပဏာမလှုပ်ရှားမှုများ ဖော်ဆောင်ရန် ကျွန်ုပ်တို့သည် အားပေးမှု၊ ယုံကြည်မှုနှင့် ပံ့ပိုးမှုများကို ပေးအပ်ပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင်နှင့် လူကြီးမင်းတို့အတွက် စွမ်းအင်နှင့် စွမ်းဆောင်ရည်များ ပိုမိုရရှိစေရန်အတွက် လျစ်လျူရှုထားမိသော အမှားများရှိခဲ့ပါက ကျွန်ုပ်တို့ လိုလားစွာ လက်ခံပါသည်။

ဖြောင့်မတ်မှန်ကန်မှု

တန်ဖိုးထားမှုများအတိုင်း နေထိုင်ခြင်း - ကတိတည်ခြင်း - လုံခြုံမှုရှိစေခြင်း

ကျွန်ုပ်တို့သည် ဘုံတန်ဖိုးထားမှုများ အတူထားရှိပြီး ၎င်းတို့ကို လိုက်နာကြပါသည်။ ထိုသို့လုပ်ခြင်းသည် ကုမ္ပဏီအတွင်းရော အပြင်အတွက်ပါ ယုံကြည်စိတ်ချမှုကို ဖန်တီးပေးပြီး လုံခြုံရေးကိုပါ ပံ့ပိုးပေးပါသည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် လူကြီးမင်းတို့အတွက် ရေရှည်ဆက်ဆံရေးနှင့် တည်တံ့သော အောင်မြင်မှုကို အာမခံပေးပါသည်။

ကျွန်ုပ်တို့၏ မိသားစုပိုင်လုပ်ငန်းတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖလှယ်မှုသည် ထိပ်တန်းဦးစားပေးဖြစ်ပါသည်။ အတူတကွလုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဖြေရှင်းနည်းများကို ဖော်ဆောင်နိုင်သလို လုပ်ငန်းစဉ်များကို ရိုးရှင်းစေနိုင်ပြီး အောင်မြင်မှုအရှိန်ကို မြှင့်တင်ပေးနိုင်ပါသည်။ နောက်ဆုံးပေါ် အိုင်တီနည်းပညာ စနစ်များက ကျွန်ုပ်တို့ကို ထိုသို့လုပ်ဆောင်ရန် ကူညီပေးသော်လည်း ယုံကြည်မှုကို အမှန်တကယ် ဖော်ဆောင်ပေးသော အရာမှာ ကျွန်ုပ်တို့၏ ကိုယ်ရည်ကိုယ်သွေး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပွင့်လင်း၍ လက်တွေ့ဆန်သော သဘောထား၊ ရိုးသားမှုနှင့် နှစ်ဦးအကျိုးအတွက် မြင့်မားသော ကြိုးစား အားထုတ်မှုများကြောင့် ကျွန်ုပ်တို့သည် ဝန်ဆောင်မှုဝယ်ယူသူများနှင့် လုပ်ဖော်ကိုင်ဖက်များအား ၎င်းတို့၏ ဘေးတွင် မှန်ကန်သော ပူးပေါင်းဆောင်ရွက်သူ တစ်ဦးရှိနေစေခြင်းဖြင့် စိတ်အေးချမ်းမှုကို ပေးပါသည်။ လုံခြုံရေးနှင့် အပြန်အလှန် ယုံကြည်မှုသည် ကျွန်ုပ်တို့အား ယာယီအကျပ်အတည်းများမှ လွတ်မြောက်နိုင်စေပါသည်၊ အဘယ်ကြောင့်ဆိုသော် ပူးတွဲအောင်မြင်မှုများအတွက် ပဓာနကျသော ဆန္ဒအပေါ် ဆက်လက် အလေးထား အာရုံစိုက်မှုရှိသောကြောင့် ဖြစ်သည်။

ရေရှည်တည်မြဲမှု

ရေရှည်ကို မျှော်ကိုးရင်း လုပ်ဆောင်ခြင်း - အနာဂတ်မျိုးဆက်များအတွက် လက်ဆင့်ကမ်းချိတ်ဆက်ခြင်း - အမှီအခိုကင်းပြီး လွတ်လပ်သော အဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိခြင်း

ကျွန်ုပ်တို့သည် မနက်ဖြန် နေ့များအတွက် ရှေးရှု၍ လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် ရေရှည်ဆက်ဆံရေးများနှင့် တည်မြဲသော အောင်မြင်မှုအပေါ် မျိုးစဉ်မျိုးဆက်များအလိုက် ကတိကဝတ်ပြုထားပါသည်။ ကျွန်ုပ်တို့သည် စဉ်ဆက်မပြတ် အပြောင်းအလဲကို ပုံဖော်ပေးပါသည်။

ကျွန်ုပ်တို့၏ ကမ္ဘာကြီးသည် ပြောင်းလဲနေပါသည်။ ထို့အပြင် ပိုမိုတိုတောင်းသော သံသရာ စက်ကွင်းများဖြင့် ဖြစ်ပျက်နေပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီသည် နှစ်ပေါင်းတစ်ရာကျော်တိုင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ ကျွန်ုပ်တို့အတွက် ရေရှည်တည်မြဲမှုဆိုသည်မှာ စူးစမ်းလိုစိတ် ဆက်လက်ရှိနေခြင်းဖြစ်ပြီး အတွေးအခေါ် အသစ်များကို ကြိုဆိုပေးခြင်း ဖြစ်သည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် အနာဂတ်ကို ပုံဖော်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ငွေရေးကြေးရေးအရ အမှီအခိုကင်းပြီး မိသားစု၏ တတိယမျိုးဆက်တွင် ခိုင်ခိုင်မာမာ ရပ်တည်လာသောကြောင့် ကျွန်ုပ်တို့အနေဖြင့် အနာဂတ်ကို ရှေးရှုကာ တည်ငြိမ်အေးချမ်းစွာဖြင့် လုပ်ဆောင်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ပုဂိုလ်ရေးအရနှင့် ယုံကြည်စိတ်ချရသော ဆက်ဆံရေးကို တည်ဆောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ ဖောက်သည်များနှင့် ပူးပေါင်းဆောင်ရွက်သူများကို နှစ်ပေါင်းများစွာ ဂရုတစိုက်ဆောင်ရွက်ပေးလာခဲ့ပါသည်။

You can see people in front of a rhenus building.
You can see people in front of a rhenus building.

RHENUS တွင် အလုပ်လုပ်ခြင်း

တစ်ကမ္ဘာလုံးတွင် လည်ပတ်နေသော ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုပေးသူ တစ်ဦးအနေဖြင့် ကျွန်ုပ်တို့သည် လူကြီးမင်းတို့အား ပရော်ဖက်ရှင်နယ် အမှတ်တစ်ခုအဖြစ် သတ်မှတ်ခံရရန် ကူညီပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် အတွေးအခေါ်များကို အမှီအခိုကင်းမဲ့စွာ ရှေ့ဆက်လုပ်ဆောင်နိုင်ရန်နှင့် လူကြီးမင်း၏ အရည်အချင်းများကို

ယခုပဲ လျှောက်လိုက်ပါ