ဆက်သွယ်ရန်
ရန်ကုန်မြို့ရဲ့ အချက်အချာကျသော နေရာတွင်တည်ရှိသည့် Modern Logistics Providerတစ်ဦးအနေဖြင့် လေကြောင်း၊ရေကြောင်း၊ကုန်းလမ်းကုန်စည်ပို့ဆောင်ရေးများသာမက လေကြောင်းနှင့် ရေကြောင်းပေါင်းစပ်ဝန်ဆောင်မှုများ၊ စီမံကိန်းဆိုင်ရာကုန်စည်များ၊ အကောက်ခွန်လုပ်ငန်းစဉ်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းသယ်ယူပို့ဆောင်မှုများ၊ ဂိုဒေါင်သိုလှောင်ဝန်ဆောင်မှုများနှင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေးအစရှိသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ Rhenusရဲ့ ကမ္ဘာတစ်ဝှမ်းကွန်ရက်မှတစ်ဆင့် လူကြီးမင်းတို့၏ ကုန်စည်များကို နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်မှုများဖြင့်လည်း အာမခံပို့ဆောင်ပေးလျက်ရှိပါသည်။ ထိုင်းနိုင်ငံနှင့်ကုန်သွယ်မှုအတွက် မြဝတီနယ်စပ်ဂိတ်၊ တရုတ်နိုင်ငံအတွက် မူဆယ်နယ်စပ်ဂိတ်များကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိပြီး၊ ထိုင်းနိုင်ငံနှင့် အခြားဒေသများသို့ ကုန်စည်ပို့ဆောင်ရာတွင် ပိုမိုအဆင်ပြေစေရန်အတွက် ရနောင်းလမ်းကြောင်းကိုလည်း ထပ်ပေါင်းရွေးချယ်မှုတစ်ခုအဖြစ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။


ကမ္ဘာတစ်ဝှမ်းနေရာပေါင်း ၁၃၂၀ကျော်တွင်ရှိပြီး ဒေသတွင်းအခြေအနေနှင့်လိုအပ်ချက်များကို သေချာစွာ နားလည်ထားသည့်အလျောက် လူကြီးမင်းတို့၏ ထောက်ပံ့ပို့ဆောင်ရေးလိုအပ်ချက်အားလုံးအတွက် တစ်နေရာတည်းမှ ပြီးပြည့်စုံသော ဝန်ဆောင်မှုကို ပေးစွမ်းနိုင်စွမ်းရှိပါတယ်။
လုပ်ငန်းစဉ်အစမှအဆုံး လူကြီးမင်းတို့ ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် အထူးစီစဉ်ထားသည့် ဖြေရှင်းဆောင်ရွက်မှုများ (End-to-end solutions) မှတစ်ဆင့် သီးသန့်ဝန်ဆောင်မှု အတွေ့အကြုံကောင်းများကို Rhenus တွင် ရယူနိုင်ပါသည်။
Rhenus ၏ ဝန်ဆောင်မှု အဆင့်အတန်းများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းနှင့် ဝန်ထမ်းများအပေါ်တွင် အသစ်သစ်သော ရင်းနှီးမြှုပ်နှံမှုများ စဥ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါသည်။
Rhenus ၏ ဝန်ဆောင်မှုများသည် စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများနှင့် ဥပဒေဆိုင်ရာ လိုအပ်ချက်များကို အပြည့်အဝ လိုက်နာဆောင်ရွက်နေကြောင်း အာမခံပါသည်။


ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုအနေနှင့် သင့်လိုအပ်ချက်များနှင့်ကိုက်ညီသော ဝန်ဆောင်မှုများကို ဖန်တီးပေးနေပါသည်။