Skip to content

သင့်အတွက်မြန်မာနိုင်ငံရှိတစ်ကမ္ဘာလုံးဆိုင်ရာကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ

သင်တို့ရဲ့ ယုံကြည်စိတ်ချရသော ကုန်စည်ပို့ဆောင်ရေး စီးပွားဖက် — ဒေသဆိုင်ရာ စျေးကွက်ကို ကျွမ်းကျင်နားလည်ပြီး ချောမွေ့သောဝန်ဆောင်မှု

ရန်ကုန်မြို့ရဲ့ အချက်အချာကျသော နေရာတွင်တည်ရှိသည့် Modern Logistics Providerတစ်ဦးအနေဖြင့် လေကြောင်း၊ရေကြောင်း၊ကုန်းလမ်းကုန်စည်ပို့ဆောင်ရေးများသာမက လေကြောင်းနှင့် ရေကြောင်းပေါင်းစပ်ဝန်ဆောင်မှုများ၊ စီမံကိန်းဆိုင်ရာကုန်စည်များ၊ အကောက်ခွန်လုပ်ငန်းစဉ်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းသယ်ယူပို့ဆောင်မှုများ၊ ဂိုဒေါင်သိုလှောင်ဝန်ဆောင်မှုများနှင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေးအစရှိသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ Rhenusရဲ့ ကမ္ဘာတစ်ဝှမ်းကွန်ရက်မှတစ်ဆင့် လူကြီးမင်းတို့၏ ကုန်စည်များကို နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်မှုများဖြင့်လည်း အာမခံပို့ဆောင်ပေးလျက်ရှိပါသည်။ ထိုင်းနိုင်ငံနှင့်ကုန်သွယ်မှုအတွက် မြဝတီနယ်စပ်ဂိတ်၊ တရုတ်နိုင်ငံအတွက် မူဆယ်နယ်စပ်ဂိတ်များကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိပြီး၊ ထိုင်းနိုင်ငံနှင့် အခြားဒေသများသို့ ကုန်စည်ပို့ဆောင်ရာတွင် ပိုမိုအဆင်ပြေစေရန်အတွက် ရနောင်းလမ်းကြောင်းကိုလည်း ထပ်ပေါင်းရွေးချယ်မှုတစ်ခုအဖြစ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

သင့်ချည်နှောင်မှုများအတွက် ကျယ်ပြန့်သောဝန်ဆောင်မှု

An aerial view of an airplane on a taxiway at an airport

လေကြောင်းကုန်စည်ပို့ဆောင်ရေး

လူကြီးမင်းရဲ့ လိုအပ်ချက်များနှင့်ကိုက်ညီစေရန် တိုက်ရိုက်နှင့်စုပေါင်းပို့ဆောင်ခြင်း၊ အမြန်ဆုံးလေယာဉ်ဖြင့်ပို့ဆောင်ခြင်း၊ အပူချိန်ထိန်းညှိရန်လိုအပ်သောကုန်ပစ္စည်းများနှင့်ဓာတုကုန်ပစ္စည်းများကိုကျွမ်းကျင်စွာကိုင်တွယ်ပေးခြင်း လေယာဉ်တစ်စီးလုံး(သို့)တစ်စိတ်တစ်ပိုင်းငှားရမ်းခြင်း၊ လူကိုယ်တိုင်သယ်ယူပို့ဆောင်ခြင်း၊ အိမ်အရောက်ဝန်ဆောင်မှုများမှသည် ကျွမ်းကျင်ပိုင်နိုင်သောအကောက်ခွန်ရှင်းလင်းရေးနှင့် ရေကြောင်း-လေကြောင်းပေါင်းစပ်ဝန်ဆောင်မှုများအထိ လျင်မြန်စိတ်ချရသောနည်းလမ်းများကို အသုံးပြုကာ ပို့ဆောင်ပေးပါသည်။

Container ship on the ocean with clear blue sky

ရေကြောင်းကုန်စည်ပို့ဆောင်ရေး

FCL၊LCL၊BreakBulkကုန်စည်ကစလို့ အပူချိန်ထိန်းညှိရန်လိုအပ်သည့်ကုန်ပစ္စည်းများနှင့် ဓာတုပစ္စည်းများကိုင်တွယ်ဆောင်ရွက်ပေးခြင်း၊ ဝယ်ယူသူအတွက် ကုန်ပစ္စည်းများစုပေးခြင်း၊ နည်းလမ်းစုံသယ်ယူပို့ဆောင်ရေးနှင့် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များအထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် သင်္ဘောလိုင်းများနှင့် သဘောတူညီချက်များရယူထားခြင်းကြောင့် ကုန်စည်နေရာရရှိမှုနှင့် အပတ်စဉ်သင်္ဘောထွက်ခွာမှုများကိုအာမခံနိုင်ပြီး၊ ကွန်တိန်နာကုန်ဖြည့်သွင်းခြင်းကို ယုံကြည်စိတ်ချရသော ပြင်ပမိတ်ဖက်များမှတစ်ဆင့် ဆောင်ရွက်ပေးပါသည်။

Trucks and cars travel along a road while the sun is setting

ကုန်းလမ်းကုန်စည်ပို့ဆောင်ရေး

အန္တရာယ်ရှိကုန်ပစ္စည်းများနှင့်အပူချိန်ထိန်းညှိရန်လိုအပ်သောကုန်စည်များမှသည် အမျိုးမျိုးသောကုန်စည်ပို့ဆောင်မှုများအထိ အိမ်အရောက်ပို့ဆောင်ရေး၊ ပြည်တွင်း၊နယ်စပ်သယ်ယူပို့ဆောင်ရေး နှစ်မျိုးစလုံးဖြင့် ဆောင်ရွက်ပေးနေပါသည်။ ထို့အပြင် Groupage၊LTLနှင့်FTLစသော ဝန်ဆောင်မှုများကိုလည်း အဓိကနေရာများဖြစ်သည့် တရုတ်၊ထိုင်း၊မြန်မာနယ်ပယ်များအကြား စီစစ်ရွေးချယ်ထားသော နေ့စဉ်လမ်းကြောင်းများဖြင့် ကုန်ပစ္စည်းများ အချိန်မှန်မှန် စျေးသက်သာစွာနှင့်လစ်ဟာမှုမရှိစေပဲ ရောက်ရှိစေရန် စီမံပေးနေပါသည်။

Multi-color stacked freight containers

နည်းလမ်းစုံပေါင်းစပ်ပို့ဆောင်ရေး

သယ်ယူပို့ဆောင်ရေးနည်းလမ်းအမျိုးမျိုးဖြင့် Containerတစ်လုံးတည်းကို အသုံးပြုကာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ချိန်နှင့် ကုန်ကျစရိတ်များကို အသက်သာဆုံးဖြစ်အောင် တစ်နေရာတည်းမှ အာမခံစီမံပေးလျက်ရှိပါသည်။

အဆင့်မြင့်နည်းလမ်းစုံပေါင်းစပ်ပို့ဆောင်ရေးများကို အသုံးပြု၍ မြန်မာနိုင်ငံနှင့်အခြားနိုင်ငံများကို ကမ္ဘာ့ဈေးကွက်နှင့်ချိတ်ဆက်ပေးလျက်ရှိသည့်အပြင် Container fleet access, Depot facilitiesများနှင့် အတွေ့အကြုံရင့်ပညာရှင်များ၏ အကူအညီဖြင့် ကုန်စည်ပို့ဆောင်ရေးကို ချောမွေ့အဆင်ပြေအောင်လည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

Large red crane loading a green shipping container onto a freight train at a busy container terminal

ကုန်ကြမ်းနှင့် ကုန်ပစ္စည်း ပို့ဆောင်မှု

တရားဝင်လိုင်စင်ရ အကောက်ခွန်အကျိုးဆောင်လုပ်ငန်းနှင့် Bonded Facilityဝန်ဆောင်မှုပေးသူအဖြစ် ကျွမ်းကျင်ပညာရှင်များဖြင့် ကြေညာလွှာများပြင်ဆင်တင်သွင်းခြင်း၊ သံတမန်ရေးရာကုန်စည်များကိုစီမံခန့်ခွဲပေးခြင်းနှင့် လိုအပ်သောထောက်ခံချက်များ လျှောက်ထားရယူပေးခြင်းစသည့် အကောက်ခွန်ရှင်းလင်းရေးဝန်ဆောင်မှုများကို  ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဥပဒေနှင့်စည်းမျဉ်းအပြောင်းအလဲများကို အမြဲစောင့်ကြည့်ကာ လုပ်ငန်းစဉ်ကို အမြန်ပြီးမြောက်စေပြီး၊ ကြန့်ကြာမှုနှင့် အပိုကုန်ကျစရိတ်များမဖြစ်ပေါ်စေရန်လည်း ကာကွယ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

Stacked boxes with Rhenus logo, disposed on pallets in a warehouse

အကောက်ခွန် ဝန်ဆောင်မှု

တရားဝင်လိုင်စင်ရ အကောက်ခွန်အကျိုးဆောင်လုပ်ငန်းနှင့် Bonded Facilityဝန်ဆောင်မှုပေးသူအဖြစ် ကျွမ်းကျင်ပညာရှင်များဖြင့် ကြေညာလွှာများပြင်ဆင်တင်သွင်းခြင်း၊ သံတမန်ရေးရာကုန်စည်များကိုစီမံခန့်ခွဲပေးခြင်းနှင့် လိုအပ်သောထောက်ခံချက်များ လျှောက်ထားရယူပေးခြင်းစသည့် အကောက်ခွန်ရှင်းလင်းရေးဝန်ဆောင်မှုများကို  ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဥပဒေနှင့်စည်းမျဉ်းအပြောင်းအလဲများကို အမြဲစောင့်ကြည့်ကာ လုပ်ငန်းစဉ်ကို အမြန်ပြီးမြောက်စေပြီး၊ ကြန့်ကြာမှုနှင့် အပိုကုန်ကျစရိတ်များမဖြစ်ပေါ်စေရန်လည်း ကာကွယ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

Laptop showing a dashboard

4PL logistics

Rhenus 4PLဖြင့် Tenderမှစ၍ Invoice စစ်ဆေးခြင်းအထိ လုပ်ငန်းစဉ်များကို လိုက်ပါစောင့်ကြည့်ကာ မမျှော်လင့်ထားသည့် ပြဿနာများကိုလည်း လူကြီးမင်းတို့ကိုယ်စား ကာကွယ်ပေးပါသည်။ အထူးစီမံထားသော Softwareများနှင့် Control Tower အဖွဲ့ တို့ကြောင့် လူကြီးမင်းတို့၏ Supply Chainအား ရှင်းလင်းမြင်သာစွာ ထိန်းချုပ်နိုင်ပြီး လူအင်အားနှင့်ကုန်ကျစရိတ်ကို လျှော့ချနိုင်ပါသည်။

မြန်မာနိုင်ငံရှိ Rhenus ဝန်ဆောင်မှုများကို ဘာကြောင့် ရွေးချယ်သင့်ပါသလဲ။

  • တစ်နေရာတည်းတွင် ပြီးပြည့်စုံသော စိတ်ကြိုက်ဝန်ဆောင်မှုများ ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏ သယ်ယူပို့ဆောင်ရေး လိုအပ်ချက်များနှင့် ကိုက်ညီသော စိတ်ကြိုက်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရွေးချယ်စရာများစွာနှင့်အတူ ယုံကြည်စိတ်ချရသော ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုများ ရှိခြင်းတို့ကြောင့် လူကြီးမင်းတို့၏ ကုန်စည်များကို ဘေးကင်းလုံခြုံစွာ၊ အချိန်မှန်မှန်၊ သင့်တင့်သောဈေးနှုန်းဖြင့် ရောက်ရှိစေရန် အာမခံဆောင်ရွက်ပေးလျက်ရှိပါသည်။
  • တစ်နေရာတည်းမှ တာဝန်ခံဆက်သွယ် ဆောင်ရွက်ပေးခြင်း ဖောက်သည်တစ်ဦးစီအတွက် သီးသန့် Project Manager တစ်ဦးကို အဓိကဆက်သွယ်ရန် တာဝန်ပေးအပ်ထားပြီး၊ တစ်ဦးချင်းလိုအပ်ချက်အလိုက် ထိရောက်မြန်ဆန်သော ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
  • အကောက်ခွန်ဆိုင်ရာ ကျွမ်းကျင်မှု သွင်းကုန်နှင့် ပို့ကုန် ရှင်းလင်းရေးအတွက် ကျွန်ုပ်တို့၏ ကျွမ်းကျင်သော ကိုယ်ပိုင် အကောက်ခွန်ရှင်းလင်းရေး အဖွဲ့ဖြင့် ဝန်ဆောင်မှုပေးကာ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။  သွင်းကုန်လိုင်စင်၊ MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)၊ FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)၊ MOI (စက်မှုဝန်ကြီးဌာန) ၏ ဓာတုဗေဒ ထောက်ခံချက်စာများ၊ Form D & E နှင့် အခြားသော အစိုးရပိုင်းဆိုင်ရာ လိုအပ်ချက်များအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
  • ဓာတုကုန်ပစ္စည်းများ (Dangerous Goods) ကိုင်တွယ်ဆောင်ရွက်ခြင်း ဓာတုဗေဒ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါး၊ စွမ်းအင်နှင့် လေကြောင်းကဏ္ဍများအပြင် ဆောက်လုပ်ရေးလုပ်ငန်းများ အပါအဝင် ကဏ္ဍစုံမှ ဖောက်သည်များနှင့် လုပ်ငန်းအမျိုးမျိုးအတွက် ဓာတုကုန်ပစ္စည်းများ (Dangerous Goods) ကို စနစ်တကျ သေချာစွာ ကိုင်တွယ်ပို့ဆောင်ပေးလျက်ရှိပါသည်။
  • Customerများ လွယ်ကူစွာ ရယူအသုံးပြုနိုင်မှု Rhenus သည် ကမ္ဘာတစ်ဝှမ်းတွင် ကြိုတင်ပြင်ဆင်ထားရှိသော 20'DC၊ 40'DC နှင့် 40'HC အပါအဝင် Shipper-owned container တို့ဖြင့် အမျိုးအစားစုံလင်စွာ အသုံးပြုလျက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
Forklift handling container in yard

Rhenus နှင့်အတူ အကျိုးကျေးဇူးများ

ကမ္ဘာတစ်ဝှမ်းနေရာပေါင်း ၁၃၂၀ကျော်တွင်ရှိပြီး ဒေသတွင်းအခြေအနေနှင့်လိုအပ်ချက်များကို သေချာစွာ နားလည်ထားသည့်အလျောက် လူကြီးမင်းတို့၏ ထောက်ပံ့ပို့ဆောင်ရေးလိုအပ်ချက်အားလုံးအတွက် တစ်နေရာတည်းမှ ပြီးပြည့်စုံသော ဝန်ဆောင်မှုကို ပေးစွမ်းနိုင်စွမ်းရှိပါတယ်။

လုပ်ငန်းစဉ်အစမှအဆုံး လူကြီးမင်းတို့ ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် အထူးစီစဉ်ထားသည့်  ဖြေရှင်းဆောင်ရွက်မှုများ (End-to-end solutions) မှတစ်ဆင့် သီးသန့်ဝန်ဆောင်မှု အတွေ့အကြုံကောင်းများကို Rhenus တွင် ရယူနိုင်ပါသည်။

Rhenus ၏ ဝန်ဆောင်မှု အဆင့်အတန်းများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းနှင့် ဝန်ထမ်းများအပေါ်တွင် အသစ်သစ်သော ရင်းနှီးမြှုပ်နှံမှုများ စဥ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါသည်။

Rhenus ၏ ဝန်ဆောင်မှုများသည် စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများနှင့် ဥပဒေဆိုင်ရာ လိုအပ်ချက်များကို အပြည့်အဝ လိုက်နာဆောင်ရွက်နေကြောင်း အာမခံပါသည်။

Zoom on automotive tire laid on a surface
Zoom on automotive tire laid on a surface

မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကဏ္ဍ

'Rhenusသည် လူကြီးမင်းတို့၏ မော်တော်ယာဉ်ဆိုင်ရာကုန်ပစ္စည်းများ၊ အစိတ်အပိုင်းများ၊ အပိုပစ္စည်းများနှင့် တာယာများ အပါအဝင် ပစ္စည်းအမျိုးအစား အစုံအလင်ကို ရေကြောင်း၊ လေကြောင်းနှင့် ကုန်းလမ်းတို့ကို ပေါင်းစပ်အသုံးပြု၍ အချိန်မှန် ပို့ဆောင်ပေးလျက်ရှိပါသည်။

ထပ်မံလေ့လာရန်
Chemical containers neatly and securely stacked in a warehouse
Chemical containers neatly and securely stacked in a warehouse

ဓာတုပစ္စည်း ကဏ္ဍ

'နိုင်ငံတကာရေကြောင်းအန္တရာယ်ရှိကုန်စည်များဆိုင်ရာစည်းမျဉ်းနှင့်အညီ ဓာတုပစ္စည်းများနှင့် အန္တရာယ်ရှိပစ္စည်းများကို ရေကြောင်းပို့ဆောင်ရေးဖြင့် လုံခြုံစိတ်ချစွာသယ်ယူပို့ဆောင်ပေးလျက်ရှိပါသည်။ အန္တရာယ်ရှိကုန်စည်ကြေညာလွှာများဖြင့် အန္တရာယ်ဖြစ်နိုင်ခြေများကို ဖယ်ရှားပေးပြီး၊ သက်ရှိသက်မဲ့များနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် အာမခံဆောင်ရွက်ပေးလျက်ရှိပါသည်။

ထပ်မံလေ့လာရန်
Washing machine placed in a room next to cupboard and shelves
Washing machine placed in a room next to cupboard and shelves

လူသုံးကုန်နှင့် FMCG ကဏ္ဍ

'လျှပ်စစ်ပစ္စည်းများ၊ပရိဘောဂနှင့်အိမ်သုံးပစ္စည်းများ၊ဆံပင်၊သတ္တုဘူးများ၊အလှကုန်ပစ္စည်းများအပြင် အစားအသောက်နှင့်အဖျော်ယမကာများ သယ်ယူပို့ဆောင်ခြင်းတို့သည် ကျွန်ုပ်တို့ အဓိကကျွမ်းကျင်သောနယ်ပယ်များဖြစ်သည့်အပြင် ကုန်ပစ္စည်းများကို ရေကြောင်း သာမက လေကြောင်းကို အသုံးပြုကာ ဘေးကင်းလုံခြုံစွာ အချိန်မီပို့ဆောင်ပေးနေပါသည်။

ထပ်မံလေ့လာရန်
Woman holding a coat on a hanger in one hand and a purse in another hand
Woman holding a coat on a hanger in one hand and a purse in another hand

ဖက်ရှင်နှင့် လူနေမှုပုံစံ ကဏ္ဍ

'Rhenusသည် လူကြီးမင်းတို့၏ အဝတ်အထည်များပစ္စည်းများကို ရေကြောင်း၊ လေကြောင်းများဖြင့် ယုံကြည်စိတ်ချစွာ ပို့ဆောင်ပေးလျက်ရှိပါသည်။ တောင်းဆိုမှုအပေါ် မူတည်၍ တံဆိပ်ကပ်ခြင်း၊ ထုပ်ပိုးခြင်း နှင့် သီးသန့်သိုလှောင်ပေးခြင်း စသည့် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးနေပါသည်။

ထပ်မံလေ့လာရန်
Two employees securely preparing sports equipment for transport
Two employees securely preparing sports equipment for transport

နည်းပညာမြင့် ကဏ္ဍ

'Rhenus ၏ ပြည့်စုံကျယ်ပြန့်သော သီးသန့်ဖော်ဆောင်ထားသည့် နည်းပညာမြင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုများတွင် အားကစား ပစ္စည်းကိရိယာများ၊ ဆိုလာပြားများ၊ ကင်မရာများနှင့် အခြားသော နည်းပညာမြင့် ဆက်စပ်ပစ္စည်းများကို ဘေးကင်းလုံခြုံစွာ ပို့ဆောင်ခြင်းနှင့် သိမ်းဆည်းသိုလှောင်ပေးခြင်း (တောင်းဆိုမှုအရ) တို့ ပါဝင်လျက်ရှိပါသည်။

ထပ်မံလေ့လာရန်
Hermetically sealed medications
Hermetically sealed medications

ဆေးဝါးသိပ္ပံနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ

'ကျန်းမာရေးကဏ္ဍကို အလေးထားသည့်အလျောက် ကျွန်ုပ်တို့၏အတွေ့အကြုံရင့်ပညာရှင်များသည် ထိခိုက်လွယ်သောကုန်ပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုစက်ကိရိယာများကို ရေကြောင်း၊လေကြောင်းတို့ဖြင့် ဂရုစိုက်သယ်ယူပို့ဆောင်ပေးနေသည့်အပြင် ဆေးဝါးထုတ်ကုန်များအတွက် အပူချိန်ထိန်းညှိသယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင်ခြင်းဝန်ဆောင်မှုများကိုလည်း တောင်းဆိုမှုအလိုက်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထပ်မံလေ့လာရန်
Dried corn unloading from a sac
Dried corn unloading from a sac

စိုက်ပျိုးရေး ကဏ္ဍ

'ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် ပဲမျိုးစုံမှသည် ဆန်စပါးအထိ လယ်ယာထွက်ကုန် ပစ္စည်းများအတွက် ကျွန်ုပ်တို့၏ ပြည့်စုံကျယ်ပြန့်သော ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။

ထပ်မံလေ့လာရန်
Employees on construction processing inspection
Employees on construction processing inspection

ဆောက်လုပ်ရေး ကဏ္ဍ

'ဂျပ်ဆမ် မျက်နှာကြက်ဘုတ်ပြားများ (Gypsum ceiling boards) နှင့် Rockwool (ကျောက်ဂွမ်း) ကဲ့သို့သော ပစ္စည်းများကို ကိုင်တွယ်သယ်ဆောင်ခြင်များး အပါအဝင် လူကြီးမင်းတို့၏ ဆောက်လုပ်ရေးသုံး ပစ္စည်းများအတွက် လုံခြုံပြီး ယုံကြည်စိတ်ချရသော သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို Rhenus တွင်ရယူနိုင်ပါသည်။

ထပ်မံလေ့လာရန်
Asian employee working at operation desk

သင့်လုပ်ငန်း ပိုမိုထိရောက်ပြီး အနာဂတ်မှာစိတ်ချရစေဖို့ အခုပဲဆက်သွယ်လိုက်ပါ

ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုအနေနှင့် သင့်လိုအပ်ချက်များနှင့်ကိုက်ညီသော ဝန်ဆောင်မှုများကို ဖန်တီးပေးနေပါသည်။

Modern glass office building with illuminated windows at dusk.
Modern glass office building with illuminated windows at dusk.

ကျွန်ုပ်တို့ Rhenus အကြောင်း

နှစ်ပေါင်း ၁၀၀ကျော် အတွေ့အကြုံနှင့်အတူ ကျွန်ုပ်တို့သည် Supply Chain တစ်ခုလုံးအတွက် ဆန်းသစ်တီထွင်သောဖြေရှင်းချက်များဖြင့် စီစဥ်ပုံစံချထားပါသည်။ သီးသန့်ပြင်ဆင်ထားသည့် ဝန်ဆောင်မှုများ၊ ခိုင်မာသော ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်နှင့် ကျွမ်းကျင်မှုများသည် လူကြီးမင်းအတွက် အနာဂတ် Logistics ကို ထိရောက်စွာ၊ လျင်မြန်စွာ၊ ကမ္ဘာလုံးဆိုင်ရာ ဆက်စပ်မှုရှိစွာ၊ ရွေးချယ်မှုပေါင်းများစွာ

ထပ်မံလေ့လာရန်
Two colleagues in an office working together on a laptop.
Two colleagues in an office working together on a laptop.

လိုက်နာကျင့်သုံးမှု (Compliance)

ဥပဒေကို လိုက်နာပြီး သမာဓိရှိစွာ လုပ်ဆောင်ခြင်းသည် Rhenus Group ၏ အဓိက ရည်ရွယ်ချက်တစ်ခု အပါအဝင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ Compliance စီမံခန့်ခွဲမှုစနစ်သည် အမြင့်ဆုံး စံနှုန်းများနှင့် အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အာဏာပိုင်ချိုးဖောက်မှုများနှင့် လိမ်လည်မှုများကို တိုက်ဖျက်ရန် လှုပ်ရှားမှုများကို သေချာစစ်ဆေးကိုင်တွယ်ကြောင်း ရာနှုန်းပြည့် အာမခံပါ

ထပ်မံလေ့လာရန်
Aerial view of a large industrial facility surrounded by green landscape and water.
Aerial view of a large industrial facility surrounded by green landscape and water.

သဘာဝတရား ရေရှည်တည်တံ့ခိုင်မြဲမှု (Sustainability)

Rhenus အတွက် Sustainability ဆိုသည်မှာ UN Brundtland Commission ၏ သတ်မှတ်ချက်အတိုင်း ယနေ့အတွက် လိုအပ်ချက်များကို အနာဂတ်ကို အန္တရာယ်မဖြစ်စေဘဲ လိုက်နာဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းတစ်ခုတွင် အကျိုးအမြတ်၊ ပတ်ဝန်းကျင်အတွက် အကျိုးသက်ရောက်မှုနှင့် လူမှုတာဝန်ကို လိုက်လျောညီထွေ ထိန်းညှိနိုင်မှသာ အမှန်တကယ် အောင်မြင်သော လုပ်ငန်းဖြစ်မည်ဆိုတာ ကျွန်ုပ်တို့ ယုံက

ထပ်မံလေ့လာရန်